Tuesday 29 March 2011

ကွက်ရှင်မတ်ခ်များ (?)

                                              

    ကျွန်တော်ဆိုတဲ့ကောင်က တခာတခာ အလွန်အတွေးခောင်လွန်းပာတယ်။ အားနေရင် မကောင်းဘူးဆိုတာလည်း မှန်သင့်သလောက်မှန်ပာတယ်လေ။ လျှောက်တွေးနေတာကို။  ၇နှစ် ၈နှစ် သားလောက်က အိမ်ရှေ့မှာထိုင်နေရင်းနဲ့ လမ်းမှာသွားနေတဲ့ လူတယောက်ချင်းကို ကြည့်ပြီး သူတို့ဘာတွေတွေးနေလဲ ဆိုတာ ကိုယ်ကဘာလို့မသိနိုင်တာလဲ စဉ်းစားရင်း အဖြေမရတာနဲ့ လူကြီးတွေကိုမေးကြည့်တော့ ဘုရားတွေပဲ သိနိုင်တယ်လို့အလွယ်ဖြေလိုက်တာပာပဲ။ ဘုရားကိုတော့ အတော်လေး အထင်ကြီးအားကျသွားတာပော့။ကြီးလာမှပဲ ဖြစ်နိုင်ချေရှိတဲ့နည်းလမ်းကို ဆက်စပ်မိ တော့တယ်။ Telepathy , Will power စတာတွေကို သိပ္ပံနည်းကျလက်တွေ့ပြနိုင်မှတော့ သူတပားစိတ်အကြံအစည်တွေကို သိနိင်တယ်ဆိုတာလည်း ဖြစ်နိုင်တယ်ဆိုတာသေချာပာတယ်။ အရိယာ တွေတောင် ဒီလောက်တော့သိတယ်ဆိုနေမှတော့ ဘုရားဆိုရင်တော့ အထူးပြောစရာ လိုမယ်မထင်တော့ပာဘူး။ ဒာတောင် သံသယမြူခိုးတွေ ဒွိဟဆိုတာတွေအများကြီးရှိပာသေးတယ်လေ။ တချို့ကျင့်ဝတ်ဆိုင်ရာ အချက်အလက်တွေကိုပော့။ကျွန်တော်မသိတာတွေပာ။ ဥပမာ ဆိုရင် ဘုရားရှင်မှာ ဆံတော်တွေရှိပီး တပည့်ရဟန်းတွေကျတော့ ဆံချထားရတယ်ဝိနည်းအရပော့။တရားကိုပိုပြီး ဖြောင့်ဖြောင့်အားထုတ် နိုင်အောင်ဆိုတာ၊ ကရိကထနည်းအောင်ဆိုတာ သေချာပာတယ်။ ဒီထက်ပိုတဲ့အကြောင်းရင်းတွေလည်းရှိအုံးမှာပာလေ။ကျွန်တော့်ဆီမှာ ဒီလိုမေးခွန်းပောင်းများစွာရှိနေ ပာတယ်။
                 အရင် ၂နှစ်လောက်က ခရီးတခုကအပြန်မှာ tourist တယောက်နဲ့ ဘေးချင်းယှဉ်ထိုင်ဖြစ်ရင်း တတ်တလောက် မှတ်တလောက် စကားပြောနေရင်းက ဗုဒ္ဓအကြောင်းရောက်သွားပာရော။ သူကမေးတာပာ။ ရဟန်းအဖြစ်နေဖူးလား ဆွမ်းခံကြွဖူးလား ဆိုပာတယ်။ ကျွန်တော်လည်း သင်္ကန်းစည်းဖူးတယ် ဆွမ်းလည်းခံဖူးပာတယ် ဆိုရော မေးခွန်းတခုလောက်မေးချင်တယ် စော်ကားတယ်တော့မမှတ်ပာနဲ့တဲ့။ ကြည့်ရတာလည်း တကယ့်ကိုသဘောရိုးနဲ့မေးတာပာ။ ရဟန်းတွေမှာ ခြေတွေလက်တွေကောင်းနေပာလျက်နဲ့ ဘာလို့များကိုယ်တိုင်မချက်ပဲ ဒီလိုဖိနပ်မပာပဲ ဆွမ်းအလှူခံရတာလဲတဲ့။ အင်း… အမှန်ပြောရရင် နည်းနည်းတော့ ပျားတုပ်သွားတယ်။ ကိုယ်တိုင်ကလည်း ဒီမေးခွန်းကိုမမေးကြည့်ဖူးထားတော့တိတိကျကျလည်းမသိ စဉ်းစားမိ တဲ့အဖြေကလည်း ပြည့်စုံမှာ  သိနေတယ်လေ။အံ့ရော ညံ့ချက်ကလို့ဆိုမလို့လား။ ဆိုပာလေ တတ်နိုင်တော့ဘူးခုခာမှာတော့။ ဒာနဲ့ ဝိနည်းအရ ရဟန်းတို့ တရားပိုအားထုတ်နိုင်အောင်၊ ဒကာတွေကလည်း ဆန္ဒအလျောက်ဒာနမြောက် ကုသိုလ်အလှူပေးနိုင်အောင် လို့ပြန်ဖြေ လိုက်ပေမယ့် ကိုယ့်ကိုယ်ကို အားမရသလို ဒီလူကြီးလည်းပြုံးနေပေမယ့် သဘောမတွေ့လောက်ဘူးဆိုတာရိပ်မိလိုက်တယ်။ ကျွန်တော်ခံယူထားတဲ့ ဘာသာရေးအတွက် ဒီထက်ပိုကောင်းတဲ့ ဒီထက်ပိုအဆင့်မြင့်တဲ့ အဖြေမျိုးပေးလိုက်နိုင်ခဲ့သင့် ပာတယ်လေ။ စကားကောင်းရင်း တခြားအကြောင်းရောက်သွားပေမယ့် ဒီအတွေးတွေက တရိပ်ရိပ်နဲ့ ကပ်ပာနေခဲ့တယ်။
       ရှိပာသေးတယ် ဘယောက်ဘယက်တွေ။ ဗုဒ္ဓဘာသာမှာ အသက်ကို ဘယ်လိုအနေအထား ဘယ်လိုအရွယ်အစားကစပီးသတ်မှတ်သလဲဆိုတာတွေ၊ ဥပမာ… ဘက်တီးရီးယား၊ ဗိုင်းရပ်စ်တွေကို ပိုသတ်ဆေးနဲ့ သတ်တယ်ဆိုပာစို့… အကောင်အနေနှဲ့တွက်ရင် ထောင်နဲ့ သောင်းနဲ့ သေရတာမဟုတ်ပာလား။ ဒီနေရာမှာ ကံအယူအဆတွေ ဘယ်လိုသက်ရောက်ပာသလဲဆိုတာမျိုးပာ။ တခာတရံပော့.. နဲနဲအတွေး ပေါ်တာ.. ကျွန်တော်တို့ရဲ့ စကြာဝဠာအတွင်းမှာ တည်ရှိနေခြင်းက Bacteria တကောင် လူ့ခန္ဓာအိမ်ထဲမှာတည်ရှိနေနဲ့တောင်ဆင်နေသယောင်။ ကမ္ဘာကြီးတွေ ဂြိုလ်တွေဆိုတာ စကြာဝဠာခန္ဓာရဲ့ ဆဲလ်လေးတွေလို့လဲ ထင်မှတ်မိတာပာပဲ။ နောက်ပြီး ဆေးဝားတွေဖော်စပ်ဖို့ စမ်းသပ်ဖို့ ကြွက်တွေကို သတ်တဲ့အခာ ကံကံရဲ့အကျိုးပေးက ဘယ်လိုပုံဖြစ်မှာ စတာတွေ။ အင်း…အနောက်နိုင်ငံတွေမှာတော့ ဒီလို ရှည်ရှည်ဝေးဝေးတွေးမနေပာဘူး။ လုပ်စရာရှိတာလုပ် ထုတ်စရာရှိတာထုတ် စီးပွားရေးအရလည်းအကျိုးရှိ ကျန်းမာရေးအတွက်လည်း တန်ဖိုးရှိ။ ဒီလိုစိတ်ထားက အကောင်းဆုံးဖြစ်ပီလား။ စမ်းသပ်ခံတိရိစ္ဆန်တွေစတေးရတဲ့ အရေအတွက်လောက်လူတွေကို ကယ်တင်နိုင်ခဲ့ပီ လား။ဟူး.. ခဏလောက်တော့ ရူးကြည့်တာပော့။ ကျွန်တော်လား ။ ရောဂာဖြစ်ရင်တော့ ဆေးမသောက်ပဲနေရဲသေးဘူး။ :)
                အားလုံးခြုံပီးစဉ်းစားကြည့်လိုက်ရင် ဒီနေရာမှာ စေတနာဆိုတဲ့ စကားလုံးက အတော်တာသွားမယ်လို့ထင်ပာတယ်။ စေတနာကောင်းနဲ့ လုပ်ဆောင်နေဖို့သာ အဓိကအကျဆုံးလို့ ထင်မိတာပာပဲ။ လူတွေထဲမှာနေပီး လူနဲ့တူမှလူရာဝင်တာ၊လူတွေနဲ့ အဆင်ပြေတာတွေ အများကြီးရှိနေတယ်လို့ ယူဆမိတာပာပဲ။ လောကီရေးရာနဲ့ လောကုတ္တရာရေးရာဆိုတာ အသုံးအနှုန်းချင်း ကွာခြားသလိုပောင်းစပ်အသုံးချဖို့ ကလည်း တယ်မလွယ်လှပာဘူး။ ဥပမာ… လူတယောက်အနေနဲ့ ဆန္ဒတွေ၊သင့်တင့်တဲ့ လောဘတွေ၊ မာနတွေမရှိတော့ရင် လူအနေနဲ့ အောင်မြင်ပျော်ရွှင်ဖို့ ခက်လိမ့်မယ်ထင်တယ်။ တက်ကျမ်းစာအုပ်တအုပ်နဲ့ ဘာသာရေးစာတအုပ်ကို တလှည့်စီဖတ်ပီးရင် သည်လိုဖြစ်ဖူးပာလိမ့်မယ်။
           ဘာရယ်တော့ မဟုတ်ပာဘူး။ ဘလော့တွေလည်ရင်း ခလုတ်တိုက်ဖတ်မိရင် မှားတာတွေလည်း ပြင်သွားပေးပာ။ မေးခွန်းတွေကိုလည်း ဖြေသွားပေးပာ။ :) ထပ်ပီးသေချာစေချင်တာက ကျွန်တော်ဗုဒ္ဓဘာသာဝင်တယောက်ပာ။ ဘာသာရေးကိုစော်ကားချင်လို့ ရေးသားလိုက်ခြင်းမဟုတ်ပာ။ :) ဘုရားရှင် ကိုယ်တော်တိုင် လာပာ လေ့လာပာ ဝေဖန်ဆန်းစစ်လှည့်ပာလို့ ပြောထားသားပဲနော်။ အင်း…….ဟိုတစဒီတစအတွေးတွေ…ဘယောက်ဘယက်နဲ့ ကြယ်လေးတွေရဲ့ ကောင်းကင်ကိုငေးကြည့်နေ 
မိတယ်။                                                                    
                                                                                7pm



Friday 4 March 2011

လူသားကင်မရာ သို့မဟုတ် Stephen Wiltshire

                  ပာရမီ ဒာမှမဟုတ် မွေးရာပာအရည်အချင်း ရှိတဲ့လူတွေ ဒီကမ္ဘာမှာအများအပြားရှိတဲ့ထဲက “Stephen Wiltshire” ဆိုတဲ့ ပုရိသလည်း တစ်နေရာစာ သိမ်းပိုက်ထားတယ်ဆိုတာ ဒီ video လေးတွေကြည့်ပီးရင် လက်ခံလာပာလိမ့်မယ်…   သူကတော့  “photographic memory” လို့ခော်တဲ့ မြင်တာတွေကို တိတိကျကျမှတ်သားထားနိုင်စွမ်းရှိတဲ့ ပြိုင်စံရှားတစ်ယောက်ပာပဲ… အသက် ၈၊ ၉နှစ်အထိစကားကောင်းကောင်းမပြောတတ်တဲ့သူ့ကို "Autism" ရောဂာ သည်                                (မူမမှန်ခြင်း၊   စကားကောင်းကောင်း  မပြောတတ်ခြင်း၊ ပတ်ဝန်းကျင်နှင့် စိမ်းကားနေတတ်ခြင်း၊ စိတ်ကူးယဉ်နေတတ်ခြင်းအစရှိသော လက္ခဏာများ ) အဖြစ်သတ်မှတ်ခဲ့ကြပာတယ်.... နောက်ပိုင်းမှာတော့ Rome, New York, Tokyo, Hong Kong, Melbourne တို့အပာအဝင် အခြားမြို့ကြီးတွေရဲ့ မြင်ကွင်းကျယ်ပုံတွေကို  နာရီပိုင်း မိနစ်ပိုင်း လောက်လေ့လာအပြီးမှာ ထပ်တူနီးပား ပြန်လည်ရေးဆွဲနိုင်တဲ့အတွက် “လူသားကင်မရာ” လို့လည်းတင်စားလာကြပာတယ်။ ဒီပိုစ့်မှာတော့ ရောမ နဲ့ နယူးယောက်ကို ရေးဆွဲပြထားတဲ့ clips တွေကို မျှဝေလိုက်ပာတယ်... ထပ်လေ့လာချင်သေးရင်တော့
http://www.stephenwiltshire.co.uk/ မှာ ရှာကြည့်နိုင်ပာတယ်… 


                                                                     ရောမကိုဖန်တီးခြင်း


                                                                          
နယူးယောက်ဒိုင်ယာရီ








 

အရိုးမပာတဲ့လူ!

ကလေးချစ်တတ်ရင် :D