Tuesday 14 June 2011

“သင့်အချိန်တွေအတွက် ကျေးဇူးတင်ပာတယ်”

သင့်အချိန်တွေအတွက် ကျေးဇူးတင်ပာတယ်”
    ဂျက်တစ်ယောက် အဖိုးအိုကြီးနဲ့ဆုံခဲ့တာ အချိန်အတော်တောင်ကြာ လာခဲ့ပြီ။ ကောလိပ်ကျောင်း၊ မိန်းကလေး ကိစ္စ၊ ဝမ်းကျောင်းအလုပ်နဲ့ ဘဝအခြေအနေတွေက တားဆီးထားလို့နေတယ်။ တကယ်တော့ ဂျက်ဟာသူ့အိပ်မက်တွေကိုအကောင်အထည်ဖော်နိုင်ဖို့ နေရာအနှံ့သွားလာနေခဲ့တာပာပဲ။ ပြေးပြေးလွှားလွား အလုပ်များတဲ့ဘဝထဲမှာ ဂျက်အတွက် အတိတ်ကိုပြန်သတိရဖို့၊ မကြာခဏမိန်းမနဲ့ သားလေး အတွက် အချိန်ပေးဖို့သိပ်မစဉ်းစားနိုင်ခဲ့ပာဘူး။ သူ့အနာဂတ်အတွက် တက်လမ်းတွေ ရှာနေခဲ့တာ ဘယ်အရာ ကမှသူကို   မတားဆီးနိုင်ခဲ့ဘူး။
အမေဖုန်းကတဆင့်သူ့ကိုပြောခဲ့တယ် “မစ္စတာဘယ်ဆာ မနေ့ကဆုံးသွားပြီ၊ ဗုဒ္ဓဟူးနေ့ကျရင် အသုဘချမယ် တဲ့”
ကလေးဘဝ ပုံရိပ်တွေကိုတိတ်တဆိတ်ထိုင်စဉ်းစားရင်း အမှတ်ရစရာတွေက ရုပ်ရှင်ပိတ်ကားဟောင်း တခုလိုပဲ စိတ်ထဲမှာ ပြိုးပြိုးပြက်ပြက် ထင်လာ ခဲ့တယ်။
“ဂျက် ပြောနေတာကြားရဲ့လား” အမေမေးလိုက်တယ်။
“အို ဆောရီးပာအမေ။ ဟုတ်ကဲ့ ကျွန်တော်ကြားပာတယ်။ သူ့အကြောင်း စဉ်းစားမိခဲ့တာ အတော်လေးတောင် ကြာသွားပြီ။ စိတ်တော့မကောင်းပာဘူး ဒာပေမယ့် ပြီးခဲ့တဲ့နှစ်တွေတည်းက သူဆုံးသွားခဲ့ပြီလို့ ထင်နေခဲ့တာ”။
“အင်း သူကသားကိုမမေ့ပာဘူး။ သူနဲ့တွေ့တိုင်းမင်းဘယ်လိုနေလည်း ဆိုတာအမြဲမေးလေ့၇ှိပာတယ်။ မင်း သူ့ခြံဘက် မှာကုန်လွန် ခဲ့တဲ့ နေ့၇က်တွေကိုလည်းပြန်ပြောတတ်လေ့ရှိပာတယ်။”
“သူနေခဲ့တဲ့အိမ်ဟောင်းလေးကို ကျွန်တော်သိပ်သဘောကျတယ်”
“မင်းသိလား ဂျက် မင်းအဖေမရှိတော့တဲ့နောက် မင်းမှာယောက်ျားလေး တစ်ယောက်ရဲ့ လွမ်းမိုး ထိန်းကွပ်မှု  အောက်မှာဆက်ရှိနေစေဖို့အတွက် မစ္စတာဘယ်လာ ကအစားဝင်ကူညီပေးခဲ့တာ”
“သူဟာ ကျွန်တော့်ကိုလက်သမားပညာသင်ပေးခဲ့လူပဲ။ သူ့ကြောင့်တာ မဟုတ်ရင် ဒီအလုပ်တွေကို လုပ်ဖြစ်မှာ မဟုတ်ဘူး။ အရေးကြီးမယ်ထင်တဲ့အရာတွေကို အချိန်အများကြီး ရင်းပြီး သူသင်ပေးခဲ့တာပာ။ အမေ… ကျွန်တော် အဲဒီဈာပနာမှာ ရှိနေမယ်” ။
အလုပ်တွေများတဲ့ကြားကပဲသူစကားတည်ခဲ့ပာတယ်။  နောက်အလှည့်ကျမယ့်လေယာဉ်နဲ့ပဲ သူ့မြို့ကို အမီလာခဲ့တယ်။ မစ္စတာဘယ်ဆာရဲ့ ဈာပနာက လူနည်းနည်းနဲ့ အကျဉ်းချုံးလေးပာပဲ။ သူမှာ သားသမီးမရှိတဲ့ အပြင်ဆွေမျိုးအများစုကလည်းမရှိကြတော့ပာဘူး။
သူအိမ်မပြန်ခင်တစ်ညမှာဂျက်နဲ့သူအမေဟာဘေးခြံကအိမ်အိုလေးကိုနောက်ဆုံးတစ်ကြိမ်ကြည့်ဖို့လာခဲ့ ကြတယ်။အိမ်လေးကတော့သူအတိအကျ မှတ်မိနေသေးတဲ့အတိုင်းပာပဲ။ခြေလှမ်းတိုင်းမှာ အမှတ်ရစရာ တွေနဲ့ပာပဲ။ ပန်းချီကားတိုင်း၊ ပရိဘောဂတိုင်း…အင်း.. ရုတ်တရက် ဂျက်၇ပ်လိုက်တယ်။
“ဘာဖြစ်လို့လည်းဂျက်” အမေမေးလိုက်တယ်
“သတ္တောလေးမရှိတော့ဘူး”
“ဘာသတ္တောလည်း”
“သူစားပွဲပော်မှာအမြဲသော့ခတ်ပိတ်ထားတဲ့ရွှေသေတ္တောလေးတလုံးရှိတယ်။အထဲမှာဘာရှိလည်းဆိုတာ အကြိမ်တစ်ထောင်လောက်ကျွန်တော်သေ ချာမေး ခဲ့ဖူးတယ်။သူအမြဲပြန်ဖြေနေကြကတော့ သူတန်ဖိုး အထား ဆုံးအရာလေးတဲ့”အဲဒာလေးမရှိတော့ဘူး။ ဒီသေတ္တောလေးကလွှဲပြီး ကျန်တဲ့အရာတွေအားလုံး ကတော့ ဂျက်အသေ အချာ မှတ်မိနေသေးတဲ့ အတိုင်းပာပဲ။ ဘယ်လာရဲ့ မိသားစုက ယူထားလိုက်ပြီလို့ သူထင်တာပဲ။
“အခုတော့ ဘယ်အရာက သူ့အတွက်အရမ်းကို တန်ဖိုးကြီးနေလည်းဆိုတာ ဘယ်တော့မှသိရတော့ မှာမဟုတ် ပာဘူး။ ကျွန်တော်အိပ်တော့ရင်ကောင်း မယ်ထင်တယ်။ အိမ်ကိုမနက်စောလေယာဉ် နဲ့ ပြန်ဖို့၇ှိနေတယ်”။
မစ္စတာ ဘယ်လာဆုံးသွားခဲ့တာ နှစ်ပတ်လောက်ရှိသွားပြီ။ တနေ့ အလုပ်ကနေ အိမ်ကိုပြန်အရောက် စာတိုက်ပုံးထဲမှာ စာတိုလေးတစ်ခုကို ဂျက်တွေ့လိုက်တယ်။ “အထုပ်တစ်ခုအတွက် လက်မှတ်ထိုးရန်လို ပာသည်…အိမ်မှာလူမရှိပာ... ပင်မှစာတိုက်ရုံးသို့ နောက်သုံးရက်အတွင်း လာခဲ့ပာရန်” သူဖတ်လိုက်တယ်။
နောက်တစ်နေ့ အစောပိုင်းမှာပဲ ဂျက် အထုပ်ကိုသွားယူလာခဲ့တယ်။ ဘူးလေးကဟောင်းနွမ်းနေပြီး လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ပို့ခဲ့တယ်လို့တောင်ထင်မိတယ်။ လက်ရေးလက်သားလည်းက ဖတ်ဖို့လှတယ်။ နို့ပေမယ့် ပြန်စာအတွက်လိပ်စာကသူ့အာရုံကို ဖမ်းယူထားလိုက်တယ်။
“မစ္စတာ ဟာရိုးဘယ်လာ”
ဂျက်အထုပ်လေးကိုကားပော်ကယူထုတ်ပြီးစုတ်ဖြဲဖွင့်လိုက်တယ်။အထဲမှာ  တော့ရွှေသေတ္တောလေးနဲ့ စာအိတ်လေးတစ်လုံး။ ပာလာတဲ့စာကိုဖတ်ကြည့်ရင်း ဂျက်ရဲ့ လက်တွေတုန်ရီနေခဲ့တယ်။
“ကျွန်ုပ်သေဆုံးပြီးနောက်မှာ ကျေးဇူးပြု၍ ဤသေတ္တောနဲ့ ပာရှိသည့်အရာများကို ဂျက်ဘန်းနက် ထံသို့ပေးပို့ ပာ၇န်။ ဤအရာသည် ကျွန်ုပ်ဘဝတွင်တန်ဖိုးအကြီးဆုံးအရာ ဖြစ်ပာသည်။”  
စာနဲ့အတူသော့လေးတစ်ချောင်းကိုတွဲကပ်ထားတယ်။ အလွန်အမင်း စိတ်လှုပ်ရှားမှုနဲ့အတူ မျက်ရည်တွေ စို့လျက် သေတ္တောလေးကို ဂျက် ဂရုတစိုက်ဖွင့်လိုက်သည်။ အထဲမှာတော့ လှပတဲ့ အိပ်ကပ်ဆောင်ရွှေ နာရီလေးတစ်လုံးကို သူတွေ့လိုက်သည်။
သေသပ်စွာပုံဖော်ထွင်းထားတဲ့နာရီအပြင်ခွံသားပော်မှာသူုလက်ချောင်းလေးတွေဖြေးဖြေးချင်းရွှေ့လျား ရင်း အဖုံးကို ဂျက်ဖြုတ်လိုက်တယ်။ အတွင်းမှာ စာလုံးလေးတွေထွင်းထားတာ သူတွေ့ခဲ့ရပြီ။
“ဂျက် မင်းရဲ့အချိန်တွေအတွက်ကျေးဇူးတင်ပာတယ်! “~ ဟာရိုးဘယ်ဆာ
“သူတန်ဖိုးအထားဆုံးအရာ…က… ကျွန်တော့်ရဲ့အချိန်”
နာရီလေးကိုဂျက်မိနစ်အနည်းငယ်ကြာအောင်ဆုတ်ကိုင်ထားမိတယ်..အဲဒီနောက်သူ့ရုံးခန်းကို ဖုန်းဆက်ပြီး   နောက်နှစ်ရက်အတွက် ချိန်းဆိုမှုအားလုံးကို ဖျက်လိုက်တယ်။ "ဘာဖြစ်လို့လည်း" သူ့လက်ထောက် ဂျနက် ကမေးတယ်။
“ငာ့သားလေးအတွက် အချိန်ပေးဖို့လိုအပ်နေလို့ပာ” သူပြန်ပြောလိုက်တယ် “အော်, ဒာနဲ့ ဂျနက် အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပာတယ် !”

Unknown Author
“ခုလိုအချိန်ပေးပြီးဖတ်တဲ့အတွက် ကျေးဇူးတင်ပာတယ်”   ~7pm