Friday, 22 June 2012

"အို... ကမ္ဘာကြီး"

            ကျနော်တို့ ခြေဖဝားအောက်မှာ သူ့ဝင်ရိုးပေါ်ကို ၂၃.၅ ဒီဂရီတိမ်းစောင်းပြီးလည်ပတ်နေတဲ့ ထုထည်ကြီးမား လှတဲ့ အပြာရောင်အရာဝတ္ထုကြီးတစ်ခုရှိလာ တာ နှစ်ပောင်း ၄.၅ဘီလီယံလောက်ကြာခဲ့ပါပြီ။ အပြောင်းအလဲများစွာ
အထုအထောင်း ဒဏ်ချက်များစွာနဲ့ နေမင်းကြီးကို တစ်နှစ်ပြည့်တိုင်း တစ်ပတ်ပြည့်အောင် ဝတ္တရားမပျက် ဆက်လက် လှည့်ပတ်နေတဲ့ 'ကမ္ဘာ' လို့ခေါ်တဲ့ လူသားတို့ ရဲ့နေရပ်ဇာတိ။ ပင်လယ်ကြီးတွေရှိတယ်၊ တောင်တန်းတွေ အစီအရီရှိတယ်၊ မိုးသားတိမ်တိုက်တွေနဲ့ အလှဆင်ထားတယ်၊ အရောင်အသွေးစုံလင်တဲ့ အပင်တွေနဲ့ အမျိုးအစားစုံလင်တဲ့ သတ္တဝါတွေ ရှင်သန်နေကြတယ်၊ ပြီးတော့ ကိုယ်ရံတော်လတစ်စင်းလည်း အခန့်သင့် ရှိနေတယ်။ အဲဒီ အံဘွယ်ဒြပ်ထုကြီးကို လွယ်လွယ်ပဲ သက်မဲ့လို့ ကျနော်တို့သတ်မှတ်ထားကြ တယ်မဟုတ် ပါလား။ တကယ်ပဲ သက်မဲ့တဲ့လား။ ဒီသတ်မှတ်ချက်ကိုပြန်စဉ်းစားစမ်းစစ်ကြည့်ဖို့ အချိန်များတန်လာ ခဲ့ပြီလား။ ရူးကြည့် မယ်လေ။ :)
             တကယ်တော့ ကမ္ဘာကြီးဟာ သက်ရှိပါလို့ မချင့်မရဲ့ ကျနော်လက်တို့ပြောကြည့်ချင်မိတယ်။ ရူးချင်ယောင်ဆောင်တယ်လို့ ခဏလောက်သဘောထားပေးပေါ့။ ပထမဆုံးဘယ်လိုအရာမျိုးကို ကျနော်တို့ က သက်ရှိလို့သမုဂ်လေ့ရှိတာပါလိမ့်။ ရွေ့လျားနိုင်တဲ့ခြင်း၊ ဇိဝဖြစ်ပျက်စဉ်တွေရှိတဲ့ခြင်း၊ ရှင်သန်ကြီးထွား နိုင်တဲ့ခြင်း၊ ပတ်ဝန်းကျင်နဲ့ အပြန်အလှန်နှီးနွယ်နိုင်ခြင်း၊ ပတ်ဝန်းကျင်ကို တုံ့ပြန်နိုင်ခြင်း ၊ နောက်ဆုံး မျိုးပွားနိုင်ခြင်း စတဲ့အရေအသွေးတွေရှိတဲ့ အရာကို သက်ရှိလို့ ယေဘုယျသတ်မှတ်ကြတယ်ဆိုရင် 'ကမ္ဘာ' ဆိုတဲ့ ကျနော်တို့ရဲ့ နန်းတော်ကြီးမှာ အဲဒီလို အရေအသွေးတွေ တကယ်ကို အများအပြား ရှိနေတာပေါ့။
             ကျနော်တို့သာလျှင် ညဖက် ပင်ပန်းလို့ အနားယူအိပ်စက်နေပေမယ့် ကမ္ဘာကြီးကတော့ ရပ်နေ တယ်ဆိုတာမရှိပါဘူး။ သူ့ဝင်ရိုးပေါ်မှာလည်း သူလှည်နေသလို နေကိုလည်း မနားမနေလှည့်ပတ်သွားလာ
နေတယ်ဆိုတာ ကျနော်တို့ငယ်ငယ်တည်းက မျက်စိမှိတ်ပြီး အလွတ်ရွတ်နေကြတဲ့ အမှန်တရား တစ်ခု မဟုတ်ပါလား။ ဇီဝဖြစ်ပျက်ခြင်းဆိုတာ သက်ရှိတွေနဲ့သာ တွဲပြီးသုံးလေ့ရှိတဲ့ အသုံးအနှုံးတစ်ခုဖြစ်ပြီး
သာမန်အားဖြင့် မွေးဖွားခြင်း တည်ရှိခြင်းနဲ့ သေဆုံးခြင်းတို့ဆီကို ဦးတည်မဲ့ ဇီဝဓာတ်ပြုမှုတွေရှိနေခြင်းလို့ သတ်မှတ်နိုင်ပါတယ်။ အနီးဆုံး ဥပမာတစ်ခုကိုပြရလျှင် ကာဗွန်ဆိုင်ကယ်ကို လက်ညိုးညွန်လိုက်ချင်
ပါတယ်။ အဲလိုဇီဝဖြစ်စဉ်တွေရပ်တန့်သွားမယ့်နေ့ ကမ္ဘာကြီးရဲ့စားအိမ်သောက်အိမ် နေလုံးကြီး
သေဆုံးသွားမယ့်နေ့ သတ္တဝါတွေမတည်ရှိနိုင်မယ့်နေ့ဟာ ကမ္ဘာမြေကြီးရဲ့ ရှင်သန်ခြင်းအဓိပ္ပာယ်ပျောက်
သွားတဲ့နေ့ပါပဲ။
              နေစကြာဝဠာအဖွဲ့အစည်းမှာပါနေတဲ့ ကမ္ဘာမြေမှာ သူ့ရဲ့ပတ်ဝန်းကျင်သက်ရောက်မှုတွေကို
တုန့်ပြန်နိုင်တဲ့ ခံတပ်တွေရှိပါတယ်။ ပထမဆုံးအနေနဲ့ နေမင်းကြီးကနေ တိုက်ရိုက်လာတဲ့ လျှပ်စစ်
သံလိုက်လှိုင်းတွေကို တန်ပြန်လမ်းလွဲပေးနိုင်တဲ့ ကမ္ဘာမြေထုရဲ့အတွင်းပိုင်းမှာအခြေတည်ထွက်ပေါ်နေတဲ့ သံလိုက်စွမ်းအင်လွှာ (Magnetoshopere) ရှိနေပါတယ်။ နောက် နေရောင်မှာပါတဲ့ ultraviolet rays တွေကို ကာကွယ်ဖို့အတွက်ကျတော့ အိုဇုန်းလွာတွေ မိုးသားထက်မှာ အခန့်သင့်ရှိနေပါတယ်။ ဒါ့အပြင်ကမ္ဘာရဲ့ဒြပ်ထုကြောင့်ရှိလာရတဲ့ ဒြပ်ထုဆွဲအား(Gravity)ဟာနေ၊လတို့အပြင်တခြား
ဝထ္တုကြီးတွေပေါ်မှာလည်းသက်ရောက်လျက်ရှိနေပါတယ်။
              ဒီကမ္ဘာကြီး သက်ရှိနဲ့ မတူဆုံးအချက်ဆိုရင်တော့ မျိုးပွားနိုင်ခြင်းမရှိတာပါပဲ။ ကမ္ဘာနဲ့တူတဲ့ အလားတူကမ္ဘာတစ်ခုကို ကမ္ဘာကြီးက ဖန်တီးနိုင်စွမ်းမရှိခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ နို့..နေပါအုံး.. တကယ်လို့များ ကမ္ဘာမြေကနေ မွေးဖွားပေးလိုက်တဲ့ ကျနော်တို့လိုလူသားတွေ နေအဖွဲ့အစည်းအတွင်းမှာ
ရှိနဲ့ အခြားဂြိုလ်တွေမှာ အောင်မြင်စွာ အခြေချနေထိုင်နိုင်သွားပြီး ယနေ့ကမ္ဘာမှာလိုပဲ မြို့ပြတွေတည်
ထောင်သွားနိုင်ပြီဆိုရင်ရော။ ကမ္ဘာမှာရှိနေတဲ့မျိုးစေ့တွေ သတ္တဝါတွေကို ဂြိုလ်သစ်မှာလည်းသွားရောက်
ရှင်သန်စေခြင်းဟာ သွယ်ဝိုက်သောနည်းအားဖြင့် ကမ္ဘာလို ကမ္ဘာအသစ်တစ်ခုကို ဖန်ဆင်းနေခြင်းလို့ မဆိုနိုင်ဘူးလား။ ဒီလိုဆွဲတွေးလိုက်ရင် ကမ္ဘာကြီးဟာ ရှင်သန်နေတဲ့ အရာတစ်ခုလို့ တနည်းဆိုနိုင်လာပြီ မဟုတ်ပါလော။
             တကယ်တော့ ကျနော်ရဲ့ ကမ္ဘာကို သက်ရှိလို့ဆိုတဲ့အမြင်မှာ လူတွေရဲ့ အခန်းကဏ္ဍက ချန်ထားလို့မရနိင်ပါဘူး။ ဒီနေရာမှာ လူနဲ့ကမ္ဘာကို သီခြားမမြင်ပဲ လူကို ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတစ်ခု
အဖြစ်မြင်ယောင်ကြည့်ခြင်းပဲဖြစ်ပါတယ်။ ဒီလိုမြင်ကြည့်ရင် လူမှုအဖွဲ့အစည်းတိုးတက်လာခြင်း နည်းပညာ
ကောင်းမွန်လာခြင်း အသိဥာဏ်ရှိလာခြင်းဟာ ကမ္ဘာကြီးကိုယ်တိုင်က အသိရှိလာခြင်း ရင့်ကျက်လာခြင်း
လို့မြင်လာမိတယ်။ အသက်အဝင်ဆုံး အခန်းနားဆုံး ဗိသုကာတွေနဲ့ လှချင်တိုင်း လှနေတဲ့ တိုက်တာ
အဆောက်အဦးကြီးတွေ စေတီပုထိုးတွေ ပိရမစ်ကြီးတွေ၊ ပြီးတော့ ရောင်စုံလင်းနေတဲ့ မြို့ပြညတွေဟာ ကျနော့် အတွေးထဲမှာတော့ ကမ္ဘာကြီးက သူ့ကိုယ်သူ ပြန်အလှဆင်နေခြင်းသာဖြစ်တယ်။ ထိုနည်း၎င်းပဲ စကြာဝဠာရဲ့အခြားတစ်နေရာမှာ ဘယ်သူတွေများရှိနေမလဲလို့ အရှာထွက်နေခြင်းဟာ ကမ္ဘာကြီး ကိုယ်တိုင်က အဖော်ရှာထွက်ခြင်း ရှာနိုင်တဲ့ အသိဥာဏ်တွေရှိလာခြင်းလို့ ပြန်ပြောင်း ပုံဖော်ကြည့်မိတယ်။
            နောက်ဆုံးအနေနဲ့ ကမ္ဘာကြီးကို လူတစ်ယောက်နဲ့ ခိုင်းနှိုင်းရရင် ကမ္ဘာကြီးမှာလည်း ဦးနှောက်ရှိ လာခြင်း အထူးသဖြင့် 'အသိစိတ်' ရှိလာခြင်းလို့မြင်မိတယ်။ အဲဒီ ကမ္ဘာကြီးရဲ့အသိစိတ်ဆိုတာ သန်း၇ထောင်သော လူအစုအဝေးကြီးရဲ့ စုပေါင်းအသိဥာဏ် စုပေါင်းအသိစိတ်ကိုဆိုလိုပါတယ်။ ထိုနည်း၎င်းပါပဲ လူတစ်ယောက်ချင်းကိုကျတော့ ကမ္ဘာ့ဦးနှောက်ရဲ့ နူရုံး (neuron) တစ်ခုချင်းဆီကို ကိုယ်စားပြုနေတယ်လို့ ဆက်လက်စိတ်ကူးကြည့်မိတယ်။ ခုဆို ကမ္ဘာကြီးရဲ့ ဦးနှောက်ဖြစ်တဲ့ လူတွေမှာ ကမ္ဘာကြီးပြန်သတ်ဖို့ တနည်းဆိုရင် ကမ္ဘာကြီးကို suicide လုပ်ခွင့်ပေးနိုင်ဖို့ နူကလီယားလက်နက်တွေကို တီထွင်ပိုင်ဆိုင်လာကြပါပြီ။ ကမ္ဘာကြီးရဲ့ အဆုတ်ဖြစ်တဲ့ သစ်တောကြီးတွေကို မဆင်မခြင်ခုတ်ထစ်ကုန်
ကြပြီ။ ကမ္ဘာကြီးရဲ့ သွေးကြောကြီးတွေဖြစ်တဲ့ မြစ်ကြီး ချောင်းငယ်တွေထဲမှာ အဆိပ်သင့်တဲ့
အာဟာရတွေ စီးမျောနေစေခြဲ့ပီ။ Global Warming ဆိုတာကို ကျနော့်အနေနဲ့ ကမ္ဘာကြီး အဖျားတက်ခြင်း
လို့ကို ကွန့်ညွှန့်ဘာသာပြန်ပလိုက်ချင်မိတော့တယ်။ :)
            တောင်တန်းတွေကို ပြုံးပြနေတတ်တဲ့သူတွေကို တွေ့မိရင် အရူးလို့ အလျှင်စလို ကောက်ချက်
မချမိပါစေနဲ့။ .....
                                                                                                                      7pm

                                           

Saturday, 10 March 2012

"နှုတ်ဆက် အလှတရား"

       ကျွန်တော့်ကိုသွေးအေးတဲ့ လူတစ်ယောက်လို့သတ်မှတ်တတ်ကြတယ်။ ဟုတ်နိုင်ပါတယ်။ ကျွန်တော် ဟာဘဝရဲ့အလှတရားကို အေးဆေးငြိမ်သက်ခြင်းမှာပဲရှာဖွေတွေ့ရှိလေ့ရှိတတ်တယ်။ ပျော်ရွှင်ကခုန်ပွဲတွေ
ကို ကျွန်တော်မကြာမကြာရောက်တတ်ပေမယ့် ဘယ်တော့မှစွဲစွဲလန်းလန်းမနှစ်သက်မိဘူး။ တခါတခါ
ပူလောင်တယ်လို့တောင် ကျွန်တော်ခံစားမိတတ်တယ်။ စဉ်းစားကြည့်တော့ အများနဲ့မတူပဲ ကျွန်တော်ဟာ ပူလောင်ခြင်းကိုခံနိုင်စွမ်းနည်းနေတာများလား သံသယဝင်တတ်တယ်။ လူဟာပူလောင်သောကရဲ့ဒဏ်ကို နည်းအမျိုးမျိုးနဲ့အစားထိုးကုသကြ ဟန်ဆောင်ဖယ်ရှားကြတတ်ပေမယ့် အမှန်တရားရဲ့အလှတရားကိုပဲရိုးရိုး သားသားမြတ်နိုးတတ်တဲ့ ကျွန်တော်ဟာ ဘယ်တော့မှ နိဒဓူဝနေ့တွေမှာ သရုပ်ဆောင်ကောင်းတစ်
ယောက်ဖြစ်မလာခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ဘဝကိုနေထိုင်ရခြင်းကို ကျွန်တော်နှစ်ခြိုက်တယ်။ ကျွန်တော်နဲ့ ထင်တူကျတဲ့အလှတရားတွေတစ်ပုံတစ်ပင်ကြီး ရှိနေသေးတာကိုလည်း တွေ့ရှိနားလည်ထားတယ်။
           
            အနောက်တိုင်းစာပေတွေရဲ့ သတ်မှတ်ချက်အရဆိုရင် ကျွန်တော်ဟာ အင်ထရိုဗတ် (Introvert)
လို့လူသိများတဲ့ တစ်ကိုယ်တော်အတွေးသမားဘက်ကို နည်းနည်းပိုရောက်နေလိမ့်မယ်ထင်တယ်။ ပြင်ပ ပတ်ဝန်းကျင်ရဲ့သက်ရောက်မှုကို လုံးလုံးရှောင်နေလို့မရပေမယ့်လည်း များများစားစားတော့ ရင်ကိုလာ မထိတတ်ဘူး။ကျွန်တော်နဲ့ ဆန့်ကျင်ဘက်အမျိုးအစားကတော့ အိတ်စ်ထရုဗတ် (Extrovert) လို့ခော်တဲ့
ထိလွယ်ရှလွယ်တဲ့လူတွေ ပတ်ဝန်းကျင်ကအရောင်ဆိုးတာကိုလည်းခံရ ပတ်ဝန်းကျင်ကိုလည်းပြန်ပြီးအ
ရောင်ဆိုးတဲ့လူတွေလို့ဆိုနိုင်ပါတယ်။ လူအားလုံးဟာဒီအစွန်းနှစ်ဘက်ကြားက တစ်နေရာရာမှာတော့ ရှိနေ
ကြပါတယ်။ ကျွန်တော့်မှာ အဲလို အင်ထရိုဗတ် စရိုက်တွေပိုများတတ်ပေမယ့် တစ်ခါတစ်လေလည်း အိတ်စ်
ထရိုဗတ်ဒီဇိုင်းမျိုးထွက်လာလေ့ရှိပါတယ်။ အိတ်စ်ထရိုဗတ်ဘယ်လိုလူလည်းလို့ ပမာပြရရင် ဖေ့ဘွတ်မှာ
ဒီနေ့ဘယ်လို ခံစားနေရပါပြီ ရာသီဥတုကဘယ်လိုဘယ်ဝါ ပရိုဖိုင်းပုံကို နာရီဝက်တစ်ခါလောက်ပြောင်းနေ
တတ်ပြီး ကိုကိုဘာဖြစ်နေ မီးမီးဘာဖြစ်နေအမြဲ အပ်ဒိတ်ဖြစ်နေတဲ့ လူမျိုးတွေဖြစ်တယ်။ ဒီကမ္ဘာမှာ လုံးဝ
အင်ထရိုဗတ် အစွန်းကိုရောက်နေတဲ့သူတွေချည်းသာရှိနေမယ်ဆိုရင် ဖေ့ဘွတ်ဒေဝါလီခံတာကြာနေ
လောက်ပါပြီ။ :D
           
           သိပ်လှတဲ့ ညနေဆည်းဆာရှုခင်းကို ၅မိနစ် ၁၀မိနစ်လောက် ကြည်ကြည်နူးနူးလေးခံစားလိုက်ရ
တာဟာ နှိုက်ကလပ်မှာ နာရီဝက်လောက်မနားတမ်းသွားကနေတာထက် ပိုပြီးအဓိပ္ပာယ်ရှိနေတတ်တယ်။ အဲလိုဘဲ နှိုက်ကလပ်က မလှမ်းမကမ်းစားပွဲတစ်ခုကနေ သူများတွေကနေတာကို ဆူညံသံတွေကြားထဲက လှုပ်ရှားနေတဲ့ စီးချက်မကျတကျ ခြေလှမ်းတွေကို တိတ်တဆိတ်ခံစားနေရတာ ထူခြားမှုတစ်မျိုးပါ။ ဆိုလိုတာက အပြင်ကပေးလာတဲ့ လှုံဆော်မှုကို မိမိသဏ္ဍန်မှာရှိနေတဲ့ အဆာပလာတွေနဲ့ ပေါင်းစပ်ပြီးမှဖြစ်
လာရတဲ့ တုန့်ပြန်မှုမျိုးကတွေထဲမှာသာ အလှတရားကိုကျွန်တော်ရှာတွေ့လေ့ရှိတတ်တယ်။ ပျော်စရာတွေ
ဆိုတိုင်းလည်း ကျွန်တော်ပျော်ချင်မှ ပျော်နေတတ်သလို ကြေကွဲစရာတွေလို့ဆိုတိုင်းလည်း ကျွန်တော် ဝမ်းနည်းချင်မှနည်းနေတတ်ခဲ့တယ်။ အချစ်မှာရှိတတ်တဲ့ ပူလောင်မှုမျိုးထက်စာရင် အလွမ်းမှာကပ်ပါနေ
တတ်တဲ့ ဆွေးဆွေးမြေ့မြေ့လေးဆိုတဲ့ ခံစားချက်ကပိုလှရင် လှနေတတ်ပါတယ်။ ကျွန်တော်လွမ်းနေရလို့ ဝမ်းမနည်းတတ်ခဲ့တဲ့ သူပါ။ :) ဒီအကြောင်းကိုပြောပြတိုင်း ကျွန်တော့်ရင်ဘတ်ထဲက ဂျင်နီလေးက မကြည် မသာအမြဲဖြစ်ရတယ်။ အဖြူရောင်မုသားဆိုတာ ဘုရားက စေတနာနဲ့ လှိုက်လှိုက်လှဲလှဲ မစတဲ့ ဥာဏ်နီ ဥာဏ်နက်လို့ ကျွန်တော်နားလည်ထားပါတယ်။ :)
            
            ရုပ်ရှင်တစ်ကားပြီးသွားတိုင်း ဝတ္ထုတစ်ပုဒ်ဆုံးသွားတိုင်း ဇာတ်ကောင်နာမည်တွေကို ကျွန်တော်
မမှတ်မိတတ်ပေမယ့် တိမ်မြုပ်နေတဲ့ဇာတ်ကွက်တွေရဲ့ အနှစ်သာရကို တစ်နေကုန်ရစ်မူးနေတတ်တယ်။ ထိုနည်း၎င်းပဲ ကျွန်တော်ရှေ့မှာတင် မကြာခင် ဘဝဆိုတဲ့ကိုယ်ရေးပြပွဲကို အပြီးသတ်စွန့်ခွာတော့မယ် မမာသူတွေရဲ့ အတိတ်သမိုင်းကို မသိစိတ်က မမောမပန်းစပ်စုနေတတ်ပြန်တယ်။ သူတို့တွေရှာတွေ့ခဲ့တဲ့ အလှတရားဆိုတာ ဘယ်လိုမျိုးလေးလဲ။ ရှာဖွေဖို့ကော မိနစ်စက္ကန့် အပိုတွေ လောက်လောက်ငှငှရခဲ့ ကြရဲ့လား။ ကြည်နူးခြင်းတစ်ခုနဲ့ ကမ္ဘာလောကကိုလက်ပြနှုတ်ဆက်နိုင်ခဲ့ပါ့မလား။ ကိုယ်သာဆိုရင်ရောရှောင်လွဲမရတဲ့ ဇာတ်သိမ်းကဗျာကို ဘယ်လိုရေးစပ်ခဲ့မလဲဆိုတာမျိုးတွေကိုပေါ့။ ကျွန်တော့်အတွက် ကတော့နောက်ဆုံးခောင်းချမယ့် ခုတင်နံဘေးမှာကိုယ်နားမလည်တဲ့ ပါဠိတီးလုံးတွေကိုနဲ့ မလည်ရှုပ်လုပ်နေ မယ့်အစား ချိုမြိန်တဲ့ Coldplay ရဲ့ဂီတသံလေးတွေကို နားစွင့်ရင်း သူတို့တွေရဲ့လာ အခေါ်ကိုပြုံးပြုံးလေးမျှော်နေချင်ပါတယ်လို့ဆိုခဲ့ရင် လွန်တယ်လို့များထင်နေကြမလား။ :)

                                                                                                                      7pm

P.S : ကျွန်တော်နှုတ်ဆက်နေတာမဟုတ်သေးဘူးနော်။ :D             
           
           

Saturday, 25 February 2012

"မှတ်ဥာဏ်ထဲကနတ်ဆိုး"


        ရန်ကုန်မြို့ကြီးဟာတစ်ချိန်က ဒုတိယကမ္ဘာစစ်မြင်ကွင်းတစ်ခုလိုပဲ ခြောက်ကပ်လို့နေတယ်။ ဟိုနား ဒီနားမှာမီးခိုးကတစ်လူလူနဲ့ ပြိုကျနေတဲ့အုတ်နံရံတွေကို ကားပြတင်းပေါက်ကနေ ရိပ်ရိပ်မြင်နေရတယ်။
လာရာလမ်းတစ်လျှောက်လူသူမတွေ့ မိမိတို့စီးလာတဲ့ကားတစ်စီးမှ ကျန်တာတွေကရပ်တန့်လို့နေတယ်။
‘ဟရောင် ရဲခောင်…ငါနားမလည်ဘူးကွာ ဘာလို့ဒီလိုရုတ်ချည်းပြောင်းလဲသွားတာလဲ… ငါသွားလိုက်တာ မှဘယ်လောက်မှ မရှိသေးဘူး’ အဝေးဆုံးတစ်နေရာက အဓိပ္ပာယ်ဖော်လို့မရတဲ့ အရာတစ်ခုကိုကြည့်ရင်း ကျွန်တော်မေးလိုက်တယ်။
        ‘အေကွာ..မင်းမြင်တဲ့အတိုင်းပဲ ဟရောင်ရေ ငါလည်းမနက်နိုးလာမှမင်းကိုလာခေါ်မယ်ဆိုပြီး
အိမ်အောက်ကိုဆင်းလာမှ ဒီမြင်ကွင်းတွေကို စတွေ့တာပဲ’ ရဲခေါင် ကားလေးဖြေးဖြေးမောင်းလာရင်း ဆို့နင့်နေတဲ့အသံလေး နဲ့ပြန်ဖြေတယ်။
‘ဟာ ..ဒါဆိုမင်း ဘာမှမသိလိုက်ဘူးပေါ့ ဒီလောက်ရုပ်ပျက်ဆင်းပျက်ဖြစ်တာကို… မင်းကွာငါအကောင်းမေးတာပါကွ မနောက်စမ်းပါနဲ့’ အံ့သြတစ်ဝက်နဲ့ ယုတ္တိရှိမဲ့အဖြေကို မျှော်နေမိတယ်။
‘ဟာ… ငါနောက်စရာလားကွ နောက်ကြည့်မှန်ကနေ ငါရုပ်ကိုလည်းကြည့်အုံး မျက်ရည်တောင်ကျချင်ချင် …ငါမင်းထက်တောင် အူကြောင်ကြောင်ဖြစ်နေရုံမက လန့်ပါလန့်နေတယ်ကွာ.. ငါဘာလို့နောက်ရမှာ လဲကွာ’  ရဲခေါင် စိတ်ပျက်လက်ပျက် ပြန်ငြီးပြတယ်။
‘ငါတော့လန့်နေပြီ တကယ်ပဲ…. ဒါမှန်းသိရင် ကိုယ်ဟာကိုတောင်ကြီးမှာပဲနေပါတယ်ကွာ…’ ဘေးမှာရှိနေတဲ့ စိုးကျော်က ထပ်ညီးတယ်။ ဒီကောင့်ရုပ်ကတော့ တကယ်လန့်နေတဲ့ရုပ်။ကိုယ်လည်းကြက်သီးနဲနဲဖြန်းနေပြီ။

‘ရဲခေါင် မင်းဘယ်ကိုမောင်းနေတာလဲ ဟရောင်’ ကုန်းကျော်တံတားလေးတစ်ခုရဲ့ အဆင်းနားရောက်တော့
ကျွန်တော်လှမ်းမေးလိုက်တယ်။
‘ရန်ကုန်ဆေးရုံးကြီးကို သွားကြည့်မလားလို့…. အဲမှာဘယ်လိုတွေဖြစ်နေလည်းသွားကြည့်ရအောင်’
ကျွန်တော်ရင်နီးနေတဲ့လမ်းတွေလဲမဟုတ်ဘူး။ ပြီးတော့ ရန်ကုန်ဆေးရုံကြီးဆိုတာ ကိုယ်နဲ့သိပ်မစိမ်း တဲ့နေရာပါ။ ဒီကောင်ဘယ်ကနေမောင်းနေတာလဲ စဉ်းစားမရဘူး။

‘ရှေ့နားဆိုရောက်ပြီကွ’ ညာဖက်ကိုစတီယာရင်လှည့်ရင်း ရဲခောင်လှမ်းပြောနေတယ်။ ဘာလွဲနေလည်းမ သိဘူးတစ်ခုခုကတော့ အကြီးအကျယ်လွဲနေပြီ။
ခြံဝင်းကျယ်ကြီးထဲကို ချိုးကွေ့ဝင်သွားတော့ ကိုယ်သိတဲ့ဆေးရုံကြီးထက် လုံးဝကိုဟောင်းနွမ်းနေတဲ့ အဆောက်အဦးကြီးတစ်ခု။ ဒါဆေးရုံကြီး။ ဟာ…

‘လာအမြန်တက်ရအောင်’ ရဲခေါင်က လောနေတယ်။ ဘယ်လိုရောက်သွားမှန်းမသိပဲကို အပေါ်ထပ်ဖက်ကို
ရောက်သွားတယ်။ ဟာ… ဆေးရုံကော်ရစ်တာတစ်ခုလုံးမှာ လူသေတွေဆိုတာ လုံးဝမြင်ရက်စရာမရှိဘူး။ အသက်ရှင်နေတဲ့လူတွေကလည်း လူသေတွေကြားမှာငုတ်တုတ်ကြီးထိုင်လို့… ဟိုခပ်လှမ်းလှမ်းမှာ
ဆရာဝန်တစ်ယောက် ဂျူတီကုတ်နဲ့ အပြေးအလွှား။ ဘာတွေဖြစ်လို့ ဘယ်သူ့ကိုမေးရမှန်းလည်းမသိနိုင် မတွေးနိုင်တော့ဘူး။

ခပ်တုတ်တုတ်ပဲ နောက်တစ်ထပ်ကိုတက်ကြည့်တယ်။ ဟာ…ဒီမှာကျဘယ်သူမှ မရှိဘူး…တစ်ယောက် ဆိုတစ်ယောက်မှကို မရှိဘူး။ တစ်လှမ်းခြင်း တစ်ရွေ့ရွေ့ခြင်းနဲ့ တစ်ယောက်တစ်လေများတွေ့လေ
မလားဆို မျက်စိထောက်ထောက်ကြည့်နေမိတယ်။ ပြတင်းပေါက်တစ်ခုနားအရောက် အပြင်ကိုတစ်ချက် လှမ်းကြည့်လိုက်တော့ အမယ်…ကျော်မင်း..

        ဒီကောင်ဘာလာလုပ်တာလဲ စိတ်ထဲမှာအရင်စပ်စုလိုက်တယ်။ ပြီးမှ လှမ်းပြီးအော်ခော်လိုက်တော့။
‘ဟာ ..ငမောင် မင်းအဲမှာဘာလုပ်နေတာလဲ’ တဲ့
‘တက်တာတက်လာစမ်းပါဗျာ’ ကျွန်တော်လည်း အသံပြဲနဲ့ ဆော်သြလိုက်တယ်။ သိပ်မကြာဘူး ဘဲကြီးရောက်လာတယ်။ အနားတောင်မရောက်သေးဘူး
‘ဟာ ကျော်မင်း..ဘယ်လိုတွေဖြစ်တာလည်းကွာ’ ဆိုပြီး ကျွန်တော်ဇောနဲ့လှမ်းမေးလိုက်တယ်။
‘မသိဘူး ဟရောင်ရေ… ငါခုနလေးမှအိပ်ရာထတာ.. ထုံစံအတိုင်းလေညင်းလေးခံမယ်ဆိုပြီး ဝရံတာ အပြင်ထွက်မှ ငါနောက်ပြန်တောင်လဲသွားတယ်.. ရုတ်တရက်လှန့်သွားတာ..ဘာဖြစ်မှန်းကိုမသိတာ
မနေ့ညထိအကောင်းကြီးဟ… လုံးဝကိုဗြောင်းဆန်နေတာကွာ အခုတော့’  သေရော ဘယ်သူမှဘာမှ မသိလိုက်ဘူး..မြို့ကြီးတစ်ခုလုံးက ပြာကျလုနီးနီး.. ဟာ ဘာတွေတုန်း…

‘အိမ်ငှားဘိုးတော် စောင့်နေလောက်ပြီထင်တယ် ငမောင်..ရွေ့ရင်ကောင်းမယ်ထင်တယ်..’ ဘယ်ကနေရောက်လာမှန်းမသိတဲ့ စိုးကျော်က လာတန့်လန့် လိုက်တယ်။

‘အေ..လစ်ရင်လဲ လစ်တာပေါ့ကွာ..ဘာတွေဖြစ်နေမှန်းကို မသိတာ’ ကျွန်တော်တတွတ်တွတ်ရွတ်ရင်း သုံးယောက်သားအောက်ပြန်ဆင်းလာခဲ့တယ်။  
‘ဟိုကောင် ရဲခေါင်ရော… မပြန်သေးဘူးလား…ဒီကောင်ဘယ်ပျောက်သွားလည်းမသိဘူး’ ဟိုနားဒီနားကျီးကန်းချောင်းချောင်းကြည့်ရင်း မေးနေမိသေးတယ်။
‘ဒီကောင်နေအုံးမယ်ထင်တယ်…ဟိုမှာနောက်ကျနေလိမ့်မယ်…ငါကားပါနေတာပဲ အဲကိုအရင်သွားပြီးမှ ဖုန်းပြန်ခော်လိုက်တာပေါ့ကွာ’ ကျော်မင်းက အကြံပေးတယ်။ အဲလိုနဲ့ ဘိုးတော်နဲ့ချိန်းထားတဲ့အတိုင်း ငှားမယ့်အိမ်ဆီကိုရောက်သွားတယ်။ စကားတွေတောင်ဘာမှမပြောရသေးဘူးအဖိုးကြီးက သာ့ကိုလှမ်းပေး
ရင်း   ‘င့ါတူတို့နေရုံပဲ ဘာမှလိုလေသေးမရှိစေရဘူး…ရော့တဲ့’.. ပြီးတော့ကုန်းကုန်းလေးလမ်းလျှောက်ထွက်
သွားတယ်။ ဟာ..ဘာတွေမှန်းကိုမသိတာဟေ့… အခုမောင်းလာတဲ့လမ်းတွေကိုလည်း တစ်ခါမှမမြင်ဖူးဘူး.. စိုးကျော်ကသော့ယူပြီး အပေါ်ထပ်ကို ဒိုးပြီ။

‘အော် ငါ့တူ ညကျရင် မင်းတို့အိပ်ခန်းပြတင်းပောက်ကနေ တုတ်လေးတစ်ချောင်း ဖြေးဖြေးခြင်း အပေါ် ကို ရွေ့တက်လာရင်သွားမကိုင်မိစေနဲ့နော်…မင်းရဲ့ဝိညာဉ်နုတ်သွားလိမ့်မယ်တဲ့’ ခြံတခါးနားလောက်
ရောက်နေတဲ့နေရာကနေ အဖိုးကြီးလှမ်းသတိပေးတယ်။ ဒီပဂ္ဂိုလ်အတော်နောက်တာပဲလို့တောင် စိတ်ထဲက  သတ်မှတ်ရင်း ပြုံးပြီးလက်ပြနှုတ်ဆက်လိုက်တယ်။

        အခုမှအပေါ်ကိုသေချာကြည့်မိတော့ အိမ်ရဲ့အပော်ထပ်က ထရံနဲ့ပဲ။ ပြီးတော့ ပြတင်းပေါက်တစ်ခု။ တချက်တော့တွေဝေသွားမိတယ်။
        ခရီးလည်းပန်းပြီ နားအုံးမှပါလေ ဆိုပြီး အပေါ်ထပ်ကိုလှေကားလေးအတိုင်းတက်လာလိုက်တယ်။ အခန်းလေးကတစ်ခန်းထဲ။ ဟိုနှစ်ကောင်က ဆေးလိပ်လေးကိုယ်ဆီနဲ့ ဘာတွေအာလူးဖုတ်နေမှန်းမသိ။ အမယ်… ပထမဆုံးသတိထားလိုက်မိတာ ကွန်ပြူတာလေးတစ်လုံး… အသင့်ခင်းထားပေးတဲ့ အိပ်ရာတွေ ရဲ့ခြေရင်းလေးနားမှာ။ ဟာ…အိပ်ရမှာကပြတင်းပေါက်ရဲ့ဘေးနားလေးမှာဘဲ။ အင်း…ဘာကြောက်
စရာရှိတုန်း..သရဲသဘက်ငါမှ မယုံတာ..တခါမှလည်းကိုယ်တိုင်မတွေ့ဖူး မကြားဖူးတာကို ဆိုပြီး စိတ်ချလက်ချအိပ်ရာပေါ်ကိုခဏလောက်ကြောခင်းလိုက်တယ်။ အဖြစ်အပျက်တွေကို ပြန်စဉ်းစား
နေကြည့်တယ်။ ဆက်စပ်လို့လည်းမရ။

           ကွန်ပျူတာလေးဖွင့်ကြည့်အုံးမှဆိုပြီး ပါဝါအွန်လိုက်တယ်။ ခဏလောက်စောင့်တော့ ဝင်းဒိုး
တက်လာတယ်။ ဂျီတော့တွေ့တော့ ဝင်ကြည့်လိုက်တယ်။ ဘယ်သူဘယ်ဝါတွေမှန်းမသိဘူး ရီကွက်လုပ် ထားတာတွေအများကြီးပဲ။ အက်ဆက်လုပ်လိုက်ပြီးသိပ်မကြာဘူး သူတို့က ဟိုင်းတွေ ဟယ်လိုတွေလုပ် ကြတယ်။ ၅ယောက်လောက်ရှိမယ်ထင်တယ်။ စကားကောင်းတွေပြောနေ ရင်းနဲ့ မျက်စိညောင်းလာလို့ အပြင်ဖက်ကိုလှမ်းကြည့်လိုက်တော့မိုးစုန်းစုန်းချုပ်နေပြီ။ ဟိုက်… ဟိုကောင်တွေကို သတိရလို့လှမ်းကြည့် လိုက်တော့ တစ်ယောက်မှတုတ်တုတ်မလှုပ်ဘူး။ အခန့်သားလေးအိပ်နေကြတယ်။ ဘယ်ကဘယ်လို အချိန်တွေကုန်မှန်းမသိလိုက်ဘူး။

       ကွန်ပျူတာစခရင်ပော်ကို ပြန်ကြည့်လိုက်တော့ ခုနကချက်နေတဲ့ဘော်ဒါအသစ်တွေရဲ့ ပရိုဖိုင်းပုံတွေ က အဆန်းတွေ။ မေးကြည့်လိုက်တော့ အဲဒါသူတို့ ပုံတွေလို့ပြန်ပြောတယ်။ ဒီနေ့ရက်ရက်စက်စက်ကို ထူးဆန်းနေပြီလို့ ခံစားလိုက်ရတယ်။ ဒီကောင်တွေနဲ့ဆက်ချက်နေရင်း စခရင်ပော်ကို သရဲလေးတွေကနေ တဲ့ပုံတွေတက်တက်လာတယ်။တီးလုံးသံလေးတွေနဲ့လှလှပပကနေကြတာဆိုတော့ ကြောက်စရာမကောင်းပဲ ကြည့်လို့ကောင်းနေတယ်။ တီးလုံးတွေကတစ်ခုထဲမဟုတ်ဘူး… တစ်ခုပြီးတစ်ခုကြားမှ ဒီကောင်တွေရဲ့ ပရိုဖိုင်းပုံတွေတက်တက်လာတယ်။ ပြုံးနေရာကနေ တဖြည်းဖြည်းခြင်းမဲ့လာတယ် မျက်နှာလေးတွေက။ ကျွန်တော်လုံးဝကိုမကြောက်ပဲမနေနိုင်တော့ဘူး။ တကယ်အတည်ပေါက်ကြီးတွေ!

       အဲဒီအချိန်မှာပဲ ခပ်လှမ်းလှမ်းမှာရှိနေတဲ့ အိပ်ခန်းတံခားအဝက ပုံမှန်ဘယ်ဘက်ကိုဆွဲဖွင့်မှပွင့်ရမဲ့အစား အခုတော့ညာဘက်ကို ဖြေးဖြေးချင်းရွေ့ပြီးပွင့်လာနေတယ်။ ကျွန်တော်ထပြေးပြီ…ဟိုကောင်တွေရှိ
တဲ့နားကို..အတင်းနိုးတယ်..အတင်းကိုလှုပ်နိုးတာ… ဒီကောင်နှစ်ကောင်ကလည်းလုံးဝကိုနိုးလို့မရတော့ဘူး။
ဟိုကတံခါးက အတော်လေးကိုပွင့်နေပြီ။ အသွေးထဲအရိုးထဲထိကြောက်နေပြီ။ ရိပ်ခနဲဆိုလှမ်းတွေ့ လိုက်တော့ ဘေးမှာရှိနေ ပြတင်းပေါက်ဆီကိုအကြည့်က ရောက်သွားတယ်။ အဟုတ်ပဲ သစ်ကိုင်းချောက် တုတ်လေးတစ်ချောင်း!။ ဖြည်းဖြည်းခြင်းအပော်ကို ရွေ့တက်လာနေတယ်။ လောကမှာဒီထက်
ကြောက်ဖို့ကောင်းတဲ့အတွေ့အကြုံမရှိတော့တာသေချာပြီ။ နားထဲမှာအဖိုးကြီးပြောခဲ့တဲ့စကားလုံးတွေ  

‘သွားမကိုင်နဲ့ မင်းရဲ့ဝိညာဉ်ကိုနုတ်သွားလိုက်မယ်’
‘သွားမကိုင်နဲ့ မင်းရဲ့ဝိညာဉ်ကိုနုတ်သွားလိုက်မယ်’

             ကျွန်တော့်လက်… ကျွန်တော့်ရဲ့ညာဖက်လက်… တုတ်ရှိရာကို ဆန့်ထွက်နေတဲ့ကိုယ့်ရဲ့
ညာဖက်လက်ကိုကြည့်ရင်း ’ငါမကိုင်ဘူးလေ’ ’ ငါမကိုင်ဘူး’ လုံးဝကို ငယ်သံပါအောင် ကျွန်တော်အော်
နေပြီ… ဘယ်ဖက်လက်နဲ့  ရွေ့နေတဲ့ ညာဖက်လက်ကိုအားနဲ့ မရမက အတင်းလိုက်ဆွဲ ခုခံနေမိတယ်။ ဘယ်လို မှမရတော့ဘူး။ ညာဖက်လက်ဖဝါးတုတ်နားကိုရောက်လို့ ဆုပ်ကိုင်တော့လုဆဲဆဲမှာပဲ

‘ငမောင် မကိုင်နဲ့ လုံးဝမကိုင်နဲ့ !’    အိပ်ရာက နိုးလာတဲ့ စိုးကျော်က အသားကုန်အော်ပြီး ကျွန်တော်နောက်ကျော ကိုလှမ်းဆွဲတယ်။ နောက်ကျသွားခဲ့ပြီ။

                                                                                                                     7pm
 

P.S: ရေးရင်းတောင် ကြက်သီးပြန်ထိမိတဲ့ အိပ်မက်ခြောက်တဲ့ ညတစ်ညပါ။

Saturday, 4 February 2012

ကျွန်တော်ပြောပြချင်တဲ့ နိဗ္ဗာန် (၂)

            ဒီနေ့အိမ်အပြင်မှာ နေလဲမထွက် ညို့မှိုင်းမှိုင်းနဲ့ ပတ်ဝန်းကျင်က အတော်ကို လူ့စိတ်လန်းစန်းမှုတွေမပေးနိုင်ဘူး။ ကြွေးကျန်ရှိတော့ ဆက်ရေးမယ်လို့အားခဲပြီး ဘလော့ထဲဝင်လာခဲ့တယ်။ရေးထားတာတွေလည်း ဘယ်သူမှထူးထူးခြားခြားလာဖတ် တာမတွေ့ရဘူး။:) ဟုတ်ပါတယ်လေ ကိုယ်ရေးချင်တာလေးတွေရေးဖို့ နေရာလေးတစ်ခုကို ကိုယ်ပဲ တိတ်တိတ်လေး ဖန်တီးထားတာပဲ။ ရင်းနှီးတဲ့ဘော်ဒါတွေတောင် ဒီကောင်စာရေးစာချီလုပ်နေတာ သိရင် ပြီတီတီနဲ့ ဖြစ်နေအုံးမှာ။ မျက်စိလည်လမ်းမှားပြီးရောက်လာတဲ့ သူတွေလောက်ပဲ 'လာလည်ပါတယ် ခင်ဗျ' တွေဘာတွေလုပ်သွားကြတယ်။ အင်းလေ ကိုယ်လည်းသူများဘလော့ထဲသွားရင် ဒီလိုပဲမဟုတ်ပေဘူးလား။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်သိတာ တွေးမိတာလေးတွေကိုလွတ်လွတ်လပ်လပ်နဲ့ အကောင်းဆုံးဆက်ရေး ဖို့တော့ ဖီလင်လေးရှိနေသေးတယ်။ ကဲစလိုက်ရအောင်...
             ဗုဒ္ဓဟာတချိန်တုန်းက စိတ်ရဲ့သဘောသဘာဝကို အမှန်အတိုင်းမြင်အောင် ထုတ်ဖော်ပြောပြပေးနိုင်တဲ့ ပုဂ္ဂိုလ်ထူးကြီးလို့ပဲ ကျွန်တော်ခံယူထားတယ်။ လူမှုကောင်းကျိုး စီးပွားတွေအတွက် အကောင်းဆုံးလမ်းပြပေးနိုင်တဲ့ ဒဿနကောင်းတွေကိုချန်ရစ်ခဲ့နိုင်တဲ့ အဆင့်မြင့်လူသားတစ်ယောက် မေတ္တာရှင်တစ်ပါးလို့လည်း သတ်မှတ်ထားတယ် (ကျွန်တော့်ရဲ့ ပါဆင်နယ် အမြင်သာဖြစ်သဖြင့် လွပ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်)။ ပြီးတော့ဗုဒ္ဓဟာအလေးနက်ဆုံးတွေးခေါ် ရှင်တစ်ယောက် လောကရဲ့အမှန်တရားတွေကို ရှာဖွေတွေ့ရှိခဲ့တဲ့ အသိဥာဏ် ဝေဖန်ပိုင်းခြားနိုင်တဲ့ဥာဏ် အလွန်မြင့်မားတဲ့ လူတစ်ယောက်ဖြစ်တယ်။ ဒါတွေကိုဘယ်လိုကြည့်ပြီးသတ်မှတ်သလဲဆိုရင် သူချန် ထားပေးခဲ့တဲ့ သူ့တစ်သက်ကြိုးစားအားထုတ်မှုတွေရဲ့ ရလဒ်ဖြစ်တဲ့ စစ်မှန်နက်နဲပြီး လက်တွေ့ လည်းကျတဲ့ ဘယ်သူမဆိုလိုက်လံ အားထုတ်နိုင်တဲ့ တရားဓမ္မတွေကြောင့်ပဲဖြစ်တယ်။ တန်ခိုးတွေ သဘာဝလွန် ကိစ္စတွေဆိုတာ ကိုတော့တစိတ်ကျွန်တော်ယုံကြည်ဖို့ ခက်နေဆဲပါ။
            
              တကယ်တော့ဗုဒ္ဓရဲ့လမ်းစဉ်ဟာ ကျင့်ကြံအားထုတ်ခြင်း လေ့ကျင့်ခြင်းသာ အဆက်မပြတ်
ဆန်းစစ်ဝေဖန်နေခြင်းတို့သာဖြစ်တယ်။ ဘာကို စမ်းစစ်ဝေဖန်မှာလဲ ဘာကိုလေ့ကျင့်ပျိုးထောင်ပေးမှာ
လဲ။ ဦးနှောက်ကိုပါ။ တောထဲမှာ တရားသွားအားထုတ်ခဲ့တဲ့ အမှန်ကိုရှာဖွေခဲ့တဲ့ သိဒ္ဓတ္တမင်းသားဟာ
အောင်မြင်သွားတဲ့အချိန်မှာ ဘဝအပေါ်ကိုမြင်တဲ့အမြင်လုံးဝထူးခြားပြောင်းလဲသွားခဲ့ပာပြီ။ အစွဲအလန်း
တွေကင်းပြီး စိတ်ကိုအသန့်ရှင်းအအေးမြဆုံး အခြေအနေကိုထားနိုင်ခဲ့ပါပြီ။ ဘယ်သူဘယ်ဝါမှ မရရှိဖူး
သေးတဲ့ ပျော်ရွှင်ခြင်းမျိုး စိတ်ငြိမ်နေခြင်းမျိုး သန့်ရှင်းစင်ကြယ်နေခြင်းမျိုးဆိုတဲ့ ဂုဏ်သတ္တိမျိုးကို
အမှန်ပင်သိမြင်ရရှိခဲ့ပါပြီ။ ကျွန်တော်မပြောပြတတ်တဲ့ တစ်ခြားဂုဏ်သတ္တိတွေ အများအပြားရှိနေပါအုံး
မယ်။ အဲတော့ အနှစ်ချုပ်ရင် နိဗ္ဗာန်ဆိုသောအရာသည် အထွတ်အထိပ်ဖြစ်ဆုံး အကောင်းဆုံးသော
'အတွေ့အကြုံ၊ ဘဝအမြင်' သာလျှင်ဖြစ်တယ်လို့ ကျွန်တော်ယူဆပါတယ်။
            
             အဲလိုပြောတော့ သိပ်လွယ်လွယ်ရနိုင်တယ်မထင်ပာလေနဲ့။ အစွဲတွေ အစွဲတွေဖြုတ်ဖို့ဆိုတာ
လေ့ကျင့်မှု အဆင့်ဆင့် ရင့်ကျက်မှု အဆင့်ဆင့်နဲ့ တဖြည်းဖြည်းခြင်းဆင်ခြင်မြင်သိနိုင်မှာဖြစ်တယ်လို့
ယုံကြည်ပါတယ်။ ဥာဏ်မှီဖို့ ပျော့လွယ်ပျောင်းလွယ်တဲ့ သဘောထားရှိဖို့ မမှိတ်မသုန်ကြိုးစားအားထုတ်
နေမှုစသော အရည်အချင်းတွေကမှတဆင့် သူသူငါငါမြင်နေတဲ့ မှားနေတဲ့ လောကအမြင်ကို အခြေခံထား
တဲ့ဦးနှောက်ဟာ အမြင်သစ် အရည်အသွေးသစ်တွေနဲ့ မရရှိမခံစားဖူးသေးတဲ့ ချမ်းသာကိုရနိုင်မှာဖြစ်တယ်။
အဲတော့ ကျွန်တော့်အမြင်မှာ နိဗ္ဗာန်သည်သေပြီးလျှင် ခံစားနေရဲ့မယ့် သိနိုင်မယ့်အခြေအနေတစ်ခုမဟုတ်
သက်ရှိနေနေတုန်းမှာသာ မြင်သိခံစားနိုင်ပြီး ဦးနှောက်ကို အခြေခံတယ်လို့ဆိုတာသေချာသလောက်ပာပဲ။
            
            အဘိဓမ္မာမဖတ်ဖူးတဲ့ ကျွန်တော်ဟာ စိတ်ကို ဘယ်လိုအပိုင်းပိုင်းခွဲပြီးတော့ ချဉ်းကပ်သွားတယ်
ဆိုတဲ့ အဏုစိတ်ကို အခုခါမှာ မပြောပြနိုင် မစန်းစစ်ကြည့်နိုင်ပါဘူး။ သိပ္ပံဘက်ကတော့ ကျွန်တော်ချဉ်းကပ်
ကြည့်နိုင်ပါမယ်ထင်ပါတယ်။ ပထမဆုံးလိုအပ်တာ ဦးနှောက်အကြောင်းကို နည်းနည်းပါးပါးသိဖို့ပါပဲ။ စိတ်ရဲ့တည်ရာဟာ ဦးနှောက်ပဲဆိုတာကို ဆေးပညာအရရော စိတ်ပညာဗေဒကရော အများစုလက်
ခံပါတယ်။ ဥပမာတွေ နဲနဲပြောရရင် စိတ်ကိုပြောင်းလဲစေနိုင်တဲ့ဆေးတွေဆိုတာ ဦးနှောက်နဲ့ အာရုံကြော
မှာသွားပြီး ပဋိဇီဝဓာတ်ပြုခြင်းတွေဖြစ်တာပါပဲ။ ပျော်ဆေး မြူးဆေးဆိုတာတွေ ...ဒီထက်ရှင်းတာတစ်ခု
ထပ်ပြောပြရရင် အရက်သောက်တာ။ တချို့လူတွေအရက်သောက်ပြီးရင် ပျော်တယ်။ တချို့ငိုတယ်
ကြေကွဲတယ် တစ်ချို့စကားများလာတယ် ကြမ်းချင်ရမ်းချင်လာတယ်။ ဒာဟာ ကျွန်တော်ဆို့ရဲ့ ဦးနှောက်
တွေမှာ နှစ်ရှည်လှများခိုအောင်းနေတဲ့ အတိတ်က ဒဏ်ရာတွေပြန်ပေါ်လာတာဖြစ်နိုင်သလို
သာမန်ချိန်မှာ သိလို့ ဖြစ်စေ မသိလို့ဖြစ်စေ ထိန်းချုပ်ထားတဲ့အရာတွေ လွတ်ကျလာတာမျိုးတွေ
ဖြစ်တယ်။

          စိတ်အပြောင်းအလဲတစ်ခုဟာ ဦးနှောက်ထဲမှာရှိတဲ့ ဦးနှောက်ဆဲလ် (neurons) တွေ အချိတ်
အဆက်လုပ်ကြတာ အချင်းချင်းစကားပြောကြတာ ပါပဲ။ စိတ်ကူးတစ်ခုဟာ ကွန်ယက်ချိတ်ဆက်မှု
တစ်ခုဖြစ်နိုင်သလို ကွန်ယက်တွေအများကြီးပောင်းပြီးမှ ထွက်လာတဲ့ ရလဒ်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဦးနှောက်တစ်ခုမှာ Neurons ပေါင်း ၁၀၀ ဘီလီယံရှိပြီး neuron တစ်ခုချင်းဆီမှာ အခြား neurons
တွေနဲ့ ချိတ်ဆက်ထားမှု (synapses) ၁၀၀၀ ကနေ ၁၀၀၀၀ ထိရှိနိုင်ပြီး သချာင်္အရဆိုရင် ဦးနှောက်တစ်ခု
လုံးမှာ ကွန်ယက်ချိတ်ဆက်ထားနိုင်တဲ့ လမ်းကြောင်းပေါင်းဟာ ၁၀နောက်မှာ သုညအလုံးေ၇ ၁သန်းထိ
ရှိနိုင်ပါတယ်။ ပညာရှင်တွေအဆိုအရ စကြဝဠာကြီးတစ်ခုလုံးမှာရှိတဲ့ အမှုန် (particles) ပမာဏစုစုပေါင်း
ဟာ ၁၀နောက်မှာ သုညအလုံးရေ ၈၀ လို့ဆိုပါတယ်။ ဒီလိုဆို ၃ပောင်လောက်သာလေးတဲ့ ဒီဦးနှောက် မှာစီဆင်းဖြစ်ပေါ်နိုင်တဲ့ လမ်းကြောင်းပေါင်းဟာ စကြာဝဠာမှာရှိတဲ့ အမှုန်အရေအတွက်အားလုံးထက်
အဆပေါင်းများစွာပိုများနေပါသေးတယ်။ ပြီးတော့ ဒီလျှပ်စီးလမ်းကြောင်းတွေဟာ စက္ကန့်နဲ့အမျှ အသက်
ရှိနေတရွေ့ မရပ်မနားဖြစ်ပျက် စီးဆင်းနေတာဖြစ်တဲ့အတွက် စိတ်ကူးပောင်း ခံစားချက်ပောင်း အတွေးပေါင်း
များစွားဟာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာပြီး အစိုးမရနိုင်အောင်ဖြစ်ရပါတယ်။

           သိစိတ်တစ်ခုဖြစ်လာဖို့ တိကျတဲ့လျှပ်စစ်စီးကြောင်းတွေဖြစ်လာဖို့ကို သိပြီးသားတွေဖြစ်တဲ့အတိုင်း
ဒွာရခြောက်ပေါက်မှာ အခြေခံပါတယ်။ သကြားစားပြီးချိုတယ်ဆိုတာသိလိုက်ရတဲ့စိတ်၊ မိန်းမလှလေး
လမ်းလျှောက်သွားတာကို မြင်ပြီး တက်မက်သွားတဲ့စိတ်၊ တေလာဆွစ်ရဲ့အသံလေးကိုကြားပြီး ရင်ခုန်
သွားတဲ့စိတ်၊ ဖွေးဖွေးဆွတ်ထားတဲ့ရေမွေးနံ့လေးရလိုက်ပြီး သာယာသွားတဲ့စိတ်၊ အခုစာရိုက်နေတဲ့
လက်ချောင်လေးတွေ ကီးဘုတ်ခလုတ်ကို ထိတာသိလိုက်တဲ့စိတ်၊ မနက်တုန်းက စားထားတဲ့ ဒန်ပေါက်
ကိုပြန်တွေးပြီး ဖြစ်လာတဲ့ ထပ်စားချင်တဲ့စိတ် ဒာတွေအားလုံးဟာ လျှပ်စီးဖြစ်စဉ်တွေလို့ မြင်ကြည့်နိုင်ပါ
တယ်။ တကယ်လည်းကိုယ်ဘာမှ လိုက်မထိန်းချုပ်နိုင်ပါဘူး။ သူ့ဟာသူဖြစ်နေတဲ့ကိစ္စလေးတွေကို
ကိုယ်ကသိခွင့်ရလိုက်တာပဲရှိတယ်။
           
            စိတ်ကို သိစိတ်နဲ့ မသိစိတ်ဆိုပြီး ခွဲခြားနိုင်သလို မသိစိတ်ဟာလည်း ဦးနှောက်စက်ရုံမှာပဲ
ကုန်ထုတ်လုပ်ပါတယ်။ မသိစိတ်ရဲ့နယ်မြေအပိုင်းအခြားဟာ သိစိတ်ထက်အများကြီး ကြီးမားကျယ်
ပြန့်ပါတယ်။ သိစိတ်တိုင်းဟာ မသိစိတ်မှာ အရင် အခြေခံပြီးမှ သိစိတ်ဖြစ်လာကြတာပါ။ မသိစိတ်
ဘာလည်းလို့ဆိုရင် အလိုလို ဖြစ်ပျက်နေတဲ့ ဦးနှောက်လျှပ်စီးကြောင်းတွေပါပဲ။ အပော်မှာဆိုခဲ့
သလို မရေမတွက်နိုင်အောင် အဆက်မပြတ်နိုင်အောင် ဖြစ်နေတဲ့ စီးကြောင်းတွေပါပဲ။ ဒီစီးကြောင်း
တွေတစ်ခာဖြစ်တိုင်း ကျွန်တော်တို့တစ်ခါလိုက်သိနေရရင် ရူးသွားမှာသေချာပါတယ်။ ဦးနှောက်
ကုန်ထုတ်လုပ်ရုံက စမှတ်ကျပါတယ်။ အရှင်းပြောရင်လိုအပ်တာပဲ ပေးသိပါတယ်။  ခုဒီစာကို ဖတ်နေတဲ့
အချိန်မှာ ကိုယ့်အဘိုးအကြောင်းမစဉ်းစားမိသလိုပေါ့။ ဆိုင်လည်းမဆိုင် လောလောဆယ်လည်းမလိုတဲ့ဟာ
တွေကို ဦးနှောက်က ကျွန်တော်တို့ကို ပေးမသိပါဘူး။

          သိစိတ်နဲ့ မသိစိတ်ဟာ ပင်လယ်ထဲက ကျွန်းလေးတစ်ခုနဲ့တူပါတယ်။ ကျွန်လေးကတော့ သိစိတ်ပော့ ပင်လယ်ကြီးကတော့ မသိစိတ်တို့တည်ရှိရာပော့။ လှိုင်းလေးလာရိုက်တိုင်း သိခွင့်ရတတ်ပေမယ့် လှိုင်းလာမရိုက် ဘူး ငြိမ်နေတယ်ဆိုရင် ဘာမှသိပ်ထူးထူးခြားခြား မခံစားရသလိုပော့။ ညဘက်အိပ်တဲ့ အချိန်ကျတော့ ကျွန်းလေးက ရေမြုပ်နေပြီး ဘာအသိစိတ်မှ အဖြစ်ဘူး.။ မသိစိတ် ကတော့ရှိနေတာပဲ ဦးနှောက်ကတော့ တစ်နေ့တာ အဖြစ်အပျက်တွေကို သေချာပြန်ပြီး အစီစဉ်ကျနအောင် လိုအပ်သလို သူ့အလုပ်သူလုပ်နေတာပါပဲ။ တစွန်းတစ အိပ်မက်လိုလို သိလိုက်ရပေမယ့် နှစ်ခြိုက်အိပ်ပျော် သွားရင်ဘာမှကို သိခွင့်မရလိုက်တော့ဘူး။ ဘယ်မှာတုန်း 'ငါ'.... ကျွန်တော်ကတော့ တစ်ခါသေဘူးတယ်။
ငယ်ငယ်က ဆိုင်ကယ်အက်စီဒင့်ဖြစ်တော့ မေ့ဆေးနဲ့ အော်ပရေးရှင်းလုပ်တုန်းကပါ။ အိပ်တာနဲ့မတူပါဘူး။
ဆေးထိုးပြီး သိပ်မကြာဘူး။ ဘာမှကို မသိတော့တာ။ ပြန်နိုးလာမှ ဆေးရုံက အခန်းထဲပြန်ရောက်နေမှန်းသိ
လိုက်တာ။ မေ့နေတုန်းကာလတစ်ခု လုံးဝပျောက်သွားတယ်။ အသိဥာဏ်မှာ မြူတစ်မှုံတောင်ပြန်မဖော်
နိုင်ဘူး။ ဘယ်ရောက်သွားလဲ 'ငါ'...               တကယ်မှ မရှိတာ ...

             ဆက်လက်ရေးရပါအုံးမည်...
                                                                                                                   7PM

Thursday, 2 February 2012

ကျွန်တော် ပြောပြချင်တဲ့ နိဗ္ဗာန် (၁)

            
           စောစောထဖြစ်တယ်။ လုပ်စရာတွေလည်း အထွေအထူးမရှိတော့စာတစ်ပုဒ်လောက်ရေးမယ်လို့
အကြံပေါ်တာနဲ့ ဘလော့ထဲလာခဲ့တယ်။ ၅မိနစ်လောက်ခေါင်းစဉ်လေးတစ်ခုစဉ်စားမိပြီး ချီတုံချတုံဖြစ်နေ
တယ်။ဟုတ်ပါတယ် ခောင်းစဉ်ကအကြီးကြီးမို့ပါ။အဲတော့ သေချာဂရုစိုက်ရေးရတော့မှာဆိုတော့ ကော်ဖီလေး
တစ်ခွက်နဲ့ ဂီသွင်းရသေးတယ်။ :)
            နိဗ္ဗာန်တဲ့။ ဘာပါလိမ့်နိဗ္ဗာန်။တစ်သက်လုံးကြားကြားလာတာပဲကြာလှပြီ။ခုထိကို ငြင်းကြဆွေးနွေး
ကြနဲ့ သာမန်ဦးဇင်းတွေတောင် လူတွေနားလည်နိုင်အောင် မပြောပြနိုင်ဘူး။ အကြောင်းကတော့နိဗ္ဗာန် ကိုရှင်းရှင်းလင်းလင်းမြင်ယောင်ကြည့်နိုင်ဖို့အတွက် အကောင်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ မရှိခြင်း ပါပဲ။ နေရာတစ်ခုလိုလို အားလုံးပြီးဆုံးချုပ်ငြိမ်းခြင်းလိုလို ဘာမှမရှိခြင်းလိုလို အရာရာပြီးပြည့်စုံခြင်းလိုလို
ဆိုနေကြပေမယ့် သိကျရေရာမှုမရှိလှပါဘူး။ ကျွန်တော်ကတော့ အတွေးသမားဆိုတော့ တောင်းတာ
တောင်းတနေကြတာ ဘုန်းကြီးကျောင်းသွားတိုင်း ဘုန်းကြီးတွေဆုပေးနေကြတာ ဘာမှန်းလဲမသိဘဲ
လက်ခံနေရသလိုဖြစ်နေတယ်။ အဲ တော့ တွေးကြည့်လိုက် မမြင်နိုင်နိုင်လိုက်နဲ့ဘဲ တစ်သက်လုံးတိုင်ပတ်
နေတယ်။
            မင်းက နိဗ္ဗာန်အကြောင်းရေးတော့မယ်ဆိုတော့ ဆရာကြီးလား။ နိဗ္ဗာန်ရပြီမို့လို့လားလို့ ရစ်ချင်
ကြပါလိမ့်မယ်။ အဲတော့ ဆရာကြီးလဲမဟုတ်သလို နိဗ္ဗာန်ရဖို့ဆိုတာ ဝေလာဝေးပော့။ ဒာပေမယ့် ကျွန်တော်
ထဲထဲဝင်ဝင်စိတ်ဝင်စားမိတဲ့ အရာကိုလိုက်ရှာနေတာ တစွန်းတစတော့ရပြီလို့ ဆိုချင်ပါတယ်။ ဖတ်ပြီးလက်
မခံနိုင်သေးရင်တော့ ဝေဖန်မှုတွေကို ဆီးကြိုနေပါတယ်။ :) သေချာတာတစ်ခုကတော့ ကျွန်တော်နိဗ္ဗာန်ရဲ့
အငွေ့အသက်လေးရဖို့ နေရာဆုံကနေချဉ်းကပ်ကြည့်နေတာပါပဲ။ ပြီးတော့ သာမန်လူတွေနားလည်နိုင်တဲ့
စကားလုံးတွေနဲ့ (ကျွန်တော်ကိုယ်တိုင်လည်း ပါဠိမသိပါ ဂါထာတစ်ပုဒ်တောင်ဖြောင့်ဖြောင့်မရ) သိပ္ပံဖက်
ကနေ ရှင်းအောင်ပြောနိုင်အောင်ကျွန်တော်ကြိုးစားပါမယ့်။
             အဓိကအကြောင်းအရာကို မပြောခင် ကျွန်တော်နဲ့ ဗုဒ္ဓဘာသာဘယ်လိုရေစက်ပါလာသလဲ
ဆိုတာကို အကျဉ်းလေးရေးချင်ပါတယ်။ ပထမဆုံးတော့ မိရိုးဖလာကြောင့်ပေါ့။ ကျွန်တော့်မိခင်က ဘာသာတရားအတော်ကို ကိုင်းရှိုင်းပါတယ်။ သားကြီးဖြစ်တဲ့ ကျွန်တော်ကိုလည်း လိမ္မာအောင် ဘာသာ
ရေးဘောင်ထဲမှာ ခပ်ထားတယ်။ သူကိုယ်တိုင်လည်း ဘုရားထိဓားကြည့်ဆိုတာမျိုးဆိုတော့ သိတတ်စ
အရွယ်လောက်ကစပြီးတော့ ဘုရားစင်ဖက်ခြေစင်းထားတယ် အတုတ်ခံရပြီသာမှတ်။ ငယ်ငယ်တုန်းက
မှတ်မိသလောက်ဆိုရင် ၃၊ ၄တန်းလောက်ဖြစ်မယ်ထင်တယ်။ မိသားစုထမင်းဝိုင်းမှာ ထမင်းလေးစားရင်း
စပ်စုမိတာလေးတွေပြန်သတိရတယ် (ပြန်လိုချင်တယ်ဗျာ :( )။ ခက်တာက အမေကလည်း ဘုန်းကြီးတွေ
ပြောတာလောက်ပဲသိတော့ တချို့အချက်တွေကမှားနေသလို တချို့မေးခွန်းတွေကိုလည်း သူမဖြေတတ်
ဘူး။ နည်းနည်းလောက်ပြန်တူးဆွရရင် -

'သားတို့ ဘာလို့လူဖြစ်တာလဲ အမေ'
'အရင်ဘဝက ကောင်းတာတွေ လုပ်ခဲ့လို့ပေါ့'
'လူဘယ်က စဖြစ်လာတာလဲအမေ'
'ဘုရားက အဲလိုမေးခွန်းကို မဖြေခဲ့ဖူး သား' 'အဓိက ကတော့ သာသနာရှိနေတုန်း နိဗ္ဗာန်ကျွတ်တမ်းဝင်
အောင်လုပ်ဖို့ပဲ အရေးကြီးတယ်' 'နောက်ပွင့်မယ့် အရိမိတ္တယျ ဘုရားလက်ထက်မှ မကျွတ်သေးရင်
ကျွတ်တမ်းဝင်ဖို့ မလွယ်တော့ဘူး'
'ဟာ ..တခြားဘုရားတွေရှိသေးတာလား'
'ရှိတာပေါ့ သားရယ်.. အခု အမေတို့ ကိုးကွယ်နေတဲ့ ဂေါတမဘုရားရှင်ရှေ့မှာ ဘုရားသုံးဆူပွင့်ခဲ့ပြီးပြီ'
'အော် သားတို့ အဲဒီအချိန်တွေတုန်းက ဘာလို့ မကျွတ်တာခဲ့တာလဲ မသိဘူးနော်'
'ပာရမီ အရေအချင်းမပြည့်မီလို့ပေါ့ သားရယ် ဆိုးမိုက်ခဲ့တာတွေလည်း ရှိမှာပေါ့' 'အဲဒာကြောင့်သားကို
လိမ္မာဖို့ ဘုရားတရားမိဘ သိဖို့ ပြောနေရတာပေါ့'
'အဲဒီ နိဗ္ဗာန်ကျွတ်တမ်း တရားဆိုတာဘယ်လိုမျိုးလဲအမေ'
'အရာရာချုပ်ငြိမ်းသွားတာပေါ့ လူထပ်မဖြစ်တော့ဘူးပေါ့ အေးချမ်းသွားတဲ့နေရာပေါ့' 'ဒါ့ပေမယ့်သား နိဗ္ဗာန်ရောက်ဖို့ဆိုတာ သိပ်ကိုခက်ခဲတယ်... တော်ရုံကြိုးစားမှုမျိုးနဲ့ မရဘူး သား'

             အမေပြောချင်တာ နေရာ တစ်ခုလို့ကျွန်တော်မြင်ယောင်ကြည့်မိတယ်။ အဲလိုပဲ မရရင်ခက်ပြီ
လို့တဆက်ထဲ စိတ်ပူမိတယ်။ ဘယ်လိုနေရာမျိုးလဲ ဆိုတာကိုလည်း သိပ်သိချင်ခဲ့မိတယ်။ နောက်တော့
လဲဒီလိုပဲ ကျောင်းတွေတက် ဟိုလုပ်ဒီလုပ်နဲ့ မေ့မေ့ပျောက်ပျောက်ရှိသွားရော။ ဆော့တာစားတာနဲ့အိပ်တာ
နဲ့ ပဲကြီးပြင်းလာခဲ့တယ်။ လပြည့်လကွယ် ဘုန်းကြီးကျောင်းလေးသွားလိုက် ဘုန်းကြီးပေးတဲ့နိဗ္ဗာန်ကိုပဲ
ယူပြီးပြန်လာလိုက်နဲ့။ သိပ်ကိုနက်နဲခက်ခဲတဲ့အရာတစ်ခု ကိုယ်မလှမ်းနိုင်သေးတဲ့နေရာတစ်ခုလို့ပဲ
ယူဆလာခဲ့တယ်။ ဘုန်းကြီးကျောင်းသွားရင် နံရံမှာချိတ်ထားတဲ့ ဇာတ်တော်ပန်းချီတွေကတော့ အတော်ကို
စိတ်ဝင်တစားသွားသွားကြည့်ဖြစ်တယ်။ အေးချမ်းမှုတစ်ခုရရပြီ ပြန်လာတယ်လို့ ခံစားမိခဲ့တယ်။ ကိုယ်ကိုယ်ကိုတော့ ငါဟာဗုဒ္ဓဘာသာဝင်တစ်ယောက်လို့ စိတ်ထဲမှာ ကြိတ်ဂုဏ်ယူနေတတ်ခဲ့မိတယ်။
ကျောင်းမှာလဲ ဝတ်ရွတ်ဆို အမြဲလိုလိုပါဖြစ်တယ်။ တကယ်တော့ ရွတ်တာရွတ်ခဲ့တာ အဓိပ္ပာယ်တွေကို
သိပ်လည်းမသိခဲ့ မမေးမြန်းမိခဲ့ပါဘူး။

       တက္ကသိုလ်ကျောင်းသားဘဝကတော့ အမေနဲ့လည်းဝေးသွား လပြည့်လကွယ်နဲ့လည်းဝေးသွားပြီး
လဖ္ဘက်ရည်ဆိုင် ဘီယာဆိုင်နဲ့ပိုနီးသွားခဲ့တယ်။ :) အမှန်တော့ ကိုးတန်းဆယ်တန်းမှာလောက် ကတည်း
က သိပ္ပံကို အထူးသဖြင့် သချာင်္နဲ့ ဖီးဆစ်ကို စိတ်ဝင်တစားရှိခဲ့ ကတည်းက ကျွန်တော်ကြားသိထားတဲ့
ဇာတ်တော်တွေ ဘုရားဟောဆိုတာတွေဟာ အားလုံးမှန်ပါ့မလားဆိုပြီး သံသယဝင်လာတယ်။ ကြားထဲ
ကျောင်းပိတ်ချိန်တွေမှာ အထူးသဖြင့် သင်္ကြန်လည်ရတာကို မကြိုက်တဲ့ကျွန်တော် ၇ရက် ဒုလဘခံဖြစ်ခဲ့
တယ်။ အဲဒီမှာ စနစ်တကျ တရားထိုင်တာတွေကို နည်းနည်းပါးပါးလုပ်တတ်ခဲ့တယ်။ ဆရာတော်
တွေဟောတာကိုရှင်းတာတွေကို နားထောင်ဖြစ်ခဲ့တယ်။ သေချာတာကတော့ တရားထိုင်တာ နဲနဲ
ကြာလာရင် ညောင်းတာညာတာကိုကျော်လာပြီဆိုရင် ခောင်းထဲမှာရှင်းပြီးနေလို့ကောင်းလာတယ်။
ကျွန်တော်သိပါတယ် အဲ တာအစပဲရှိသေးတယ်ဆိုတာကို။ :) ဒီအချက်ကနောက်မှာ ကျွန်တော်ရေးမယ့်
အကြောင်းတွေမှာ ဘာလို့အဲလိုခံစားရတာလဲဆိုတာကိုပြောတဲ့ခာလိုမှာမို့ ကြိုလမ်းခင်းထားတာပါ။

               ခက်တာက ပါဠိအဓိပ္ပာယ်တွေ။ အဲလိုစကားလုံးအဓိပ္ပာယ်မှတ်ရတာ ကျွန်တော်အလွန်ဖီးလ်
မလာ။ ဘုန်းကြီးကျောင်းမှာနေတုန်းတစ်ခုမသိရှိလို့ နီးစပ်ရာဘုန်းကြီးမေးရင် ပာဠိညပ်ပြီး ပြန်ပြန်ရှင်တယ်။
အရှင်ဘုရား ပာဠိမပါဘဲ မြန်မာလိုကြီးပဲ ဝင်းကနဲမြင်အောင်ရှင်းပြပါဘုရားဆိုရင် သူတို့တိုင်ပတ်ပြီပဲ။ အမှန်
တကယ်လဲ တချို့စိတ်ဖြစ်စဉ်နဲ့ပတ်သက်နေတာတွေကို ရှင်းဖို့ မြန်မာစကားလုံးရှားနေတာရိပ်စားမိပါတယ်။ တချို့ဘုန်းကြီးတွေလည်း ရီပလိုင်းပြန်တောင်မလားဘူး။ တကယ်တော့ သင်္ကြန်တွင်းဘုန်းကြီး
လာဝတ်တဲ့သူတွေအများအပြားဟာ ကုသိုလ်ရတယ်ဆိုလို့လာကြတာပါ။ တရားနဲ့ ပတ်သက်လို့ကတော့
သိပ်စပ်စပ်စုစုမရှိလှကြပါဘူး။ ပိုပြီးဝမ်းနဲစရာကောင်းတာတစ်ခုက ကျွန်တော်တန်ဖိုးထားတယ်ဆိုတဲ့
ဘာသာတရားရိပ်အောက်မှာ မနာလိုမှုတွေ၊ ချစားတဲ့ကိစ္စတွေကို တွေ့သိလိုက်ရတယ်။ ဘယ်ဆရာ
တော်က ဘယ်လို၊ ဘာကြောင့်ဒီနေရာရသွားတာ၊ ဟိုးနေ့ကလာလှူတဲ့ဟာတွေ ဒီဦးဇင်းပဲ အကုန်သိမ်း
သွားတာ ပြန်ထွက်မလားတော့ဘူးဆိုတာတွေ။ အော် အဲဒီမှာ သံဃာတွေကို ကိုးကွယ်ရင်လည်း ကြည့်ကိုး
ကွယ်ဖို့လိုလာပြီ၊ တွေ့တွေ့တိုင်းဦးချဖို့ သန့်ရှင်းစင်ကြယ်ရဲ့လားဆိုတဲ့မေးခွန်းတွေရှိလာတယ်။ မှန်တာ
ပြောတာဖို့ ပုတ်ခတ်တယ်မမှတ်ပါနဲ့။ ဒီထက်ဆိုးတဲ့ ကိစ္စတွေရှိတယ်ဆိုတာ စာဖတ်သူတွေလဲ နားစွန်းနား
ဖြားကြားမိမှပါ။
              ရေးရင်းနဲ့ချော်ကုန်ပြီထင်တယ်။ သေချာတာကတော့ ဗုဒ္ဓလမ်းပြခဲ့တဲ့ ကျင့်စဉ်ပိုင်းတွေဟာ
သိပ်ကိုတန်ဖိုးရှိတယ်ဆိုတာ ကျွန်တော်သိလိုက်တယ်။ တိမ်မယောင်နဲ့လည်း အတော်နက်တယ်ဆိုတာကို
သဘောပေါက်ခဲ့တယ်။ သံသရာဆိုတာကို ဗုဒ္ဓတကယ်ဟောမဟော ကျွန်တော်မသေချာလှသလို လက်တွေ့မှာ မြင်နိုင်တဲ့ အထောက်အထားတွေလဲနည်းနေပါသေးတယ်။ ထေရဝါဒ မဟာယာန ဇင် စတဲ့
ဂိုဏ်းဂနတွေမှာ အမြင်ကွဲလွဲမှုတွေရှိနေပေမယ့် သစ္စာလေးပါးနဲ့ မဂ္ဂင်ရှစ်ပါးကတော့ အားလုံးအတူတူလက်
ခံထားတဲ့အပိုင်းဖြစ်တယ်ဆိုတာကိုတွေ့ရတယ်။ အဆုံးမှာကတော့ နိဗ္ဗာန်ရရှိရေး အသိဥာဏ်အလင်းပွင့်
ရေးဖို့ အရေးပဲဖြစ်တယ်။
              မယုံမရှိပါနဲ့ တက္ကသိုလ်ကျောင်းပြီးတော့ ကျွန်တော့်အနာဂတ်ကို အစီအစဉ်ဆွဲခဲ့တဲ့ခာတွေတုန်း
က ဘုန်းကြီးအပြီး ဝတ်လိုက်ဖို့ပာလည်း ပါတယ်။ သံသယတွေအများကြီး မရှင်းလင်းနိုင်တဲ့ အရာတွေအ
များကြီးရှိနေတဲ့ အမိုးတစ်ခုအောက်ကို ဘဝနဲ့ရင်ပြီး ခြေဆုံပစ်ဝင်ဖို့မရဲခဲ့လို့တာ အဲဒီလမ်းကိုမရွေးခဲ့တာပါ။
တကယ်တော့ ဘဝဟာ စေ့စေ့တွေးကြည့်ရင် အနှစ်မဲ့လှတယ်လို့ ကျွန်တော်ခံစားမိခဲ့တယ်။ ဒီလိုပဲ
သံသရာဆိုတာ တကယ်ရှိလို့ ရှည်လျားနေအုံးမယ်ဆိုရင် နိဗ္ဗာန်ဟာတကယ်ပဲ အဆုံးတစ်ခုဆိုရင်
အဲဒီပန်းတိုင်ကို ကျွန်တော်တကယ်လိုချင်ပါတယ်။ ရအောင်လည်း ဥာဏ်မှီတယ်လို့ ယုံကြည်ခဲ့ပာတယ်။
ထူးထူးခြားခြား အနှောင်အဖွဲ့ဘာမှ မရှိသေးတော့ ဒီလမ်းကိုရွေးမယ်ဆိုလည်း သိပ်တော့ ပြဿနာမရှိလှ
ဘူး။ အမေကိုတောင် ခပ်နောက်နောက်ပြောလိုက်သေးတယ်  အဲလိုဆို အမေဘယ်လိုခံစားရမလဲလို့။
'ကောင်းတာပေါ့ မင်းသဘောလို့' သာသူပြောနေပေခဲ့မယ့် မျက်ဝန်းထဲမှာတော့ နမြောသလိုခံစားနေရ
တယ်ဆိုတာ ခုတောင်ပြန်မြင်ယောင်လို့ရနေသေးတယ်။ 'မင်းအဖေအတွက်တော့ မျိုးဆက်လေး မကျန်
ခဲ့တော့ ဘူးပေါ့ကွာ' တဲ့ လုပ်လိုက်သေးတယ်။
            စာရှည်အုံးမှာမြင်ယောင်နေတဲ့ အတွက် ဒီမှာပဲ ခဏလောက်နားပြီး နောက်မှ အပိုင်း ၂ ထပ်ရေး
ရင်ပိုကောင်းမယ်ထင်တယ်။ နဲနဲဆိုပြီး များများဖြစ်သွားတယ် :) အမြီးအနေနဲ့ ကျွန်တော်ဘယ်ရှုထောင့် ကနေပြောမှာလဲဆိုတာကို နဲနဲလောက်ပြောပြချင်ပာတယ်။ Neurobiology, Psychology, Evolution of Intelligence, Human Evolution, Cosmology & Mind Science စတဲ့ ဘာသာရပ်တွေဖက် ကနေ ပြောပြနိုင်ဖို့ကြိုးစားသွားမှာပါ။

                                                                                                             7PM 
Thanks for the visit and reading my posts!!! :)

Monday, 30 January 2012

"ကျွန်တော်နဲ့ တစ်ခာတုန်းကဗေဒင်"

ကျွန်တော်တို့မြန်မာလူမျိုးတွေဟာ ဗေဒင်တွေ ယတြာတွေ နဲ့မစိမ်းလှတဲ့သူတွေဖြစ်ပါတယ်။ လူဆိုတဲ့သတ္တဝါကလည်း ကိုယ့်အကြောင်းရော သူတစ်ပါးအကြောင်းရော စပ်စပ်စုစု၊
မဖြစ်လာရသေးတာတွေကိုကြိုသိချင်အကောင်းအဆိုးတွေဆိုတာ
ဒွန်တွဲနေမှန်းသိရက်လည်းဗေဒင်ဆရာတွေကအဆိုး
တစ်ခုလောက် ပြောပြပြီးယတြာတွေချေခိုင်းလိုက်ရင် မလုပ်ပဲ
လည်းမနေရဲ။ တိုင်းပြည်အုပ်ချုပ်တဲ့သူတွေ ကိုယ်တိုင်ကအစ သည်လို
ကိစ္စလေးတွေရှိတာဆိုတော့ အင်း... ဘာပဲပြောပြော မြန်မာပြည်သားတစ်ယောက်အနေနဲ့ ဗေဒင်မေးတာ
လိုက်သွားဖူးတာ ဝင်မေးဖူးတာတော့ရှိခဲ့တာပဲ။ ဘယ်တုန်းကမှတော့ အယုံအကြည်မရှိခဲ့ပါဘူး သိပ္ပံခေတ်
မှာလူဖြစ်လာတာပဲ ဒာတွေက ယေဘုယျသဘောလောက်ကလွဲရင် အခြေအမြစ်မရှိဘူးဆိုတာသိနေတာပဲ။
ဘာပဲပြောပြောစိတ်ဝင်စားစရာ တစ်ချို့နဲ့ကြုံခဲ့တာကိုတော့ ရေးကြည့်ချင်ပါသေးရဲ့။
          
          ပြီးခဲ့တဲ့ ၃နှစ်လောက်တုန်းကထင်ပါတယ်။ ကျွန်တော် ရန်ကုန်ကနေ တောင်ကြီးကို ကျောင်းပိတ်
ရက်အလည်ပြန်တော့ ဘော်ဒာတစ်ယောက်အိမ်ကိုသွားလည်ခဲ့တယ်။ အဲဒီမှာ တစ်ခြားဘော်ဒါတွေနဲ့ပါ ဆုံဖြစ်တယ်။ ငယ်ကျွမ်းဆွေတွေဆိုတော့ ပြောမနာဆိုမနာတွေလည်းဖြစ်သလို တစ်ယောက်အ
ကြောင်းတစ်ယောက်ကတော့ ထဲထဲဝင်ဝင်ကို သိနေကြတဲ့ ကောင်တွေပဲ။ အဲဒီနေ့က သူ့အိမ်မှာ သူ့အသိ
ဗေဒင်ဆရာလိုလို အကြားအမြင်လိုလိုလူတစ်ယောက်ရောက်နေတယ်။ မင်းဝင်မေးကြည့်ပါလား
သိပ်မှန်တယ်တဲ့။ ပြီးတော့အဲပုဂ္ဂိုလ်က အရွန်းအနောက်တွေကိုမှန်အောင်ဟောတယ်တဲ့။ လူပျိုကိစ္စဘာ
ညာပေါ့။ အဲဒီအခာကျမှပဲ ကျွန်တော်ဘော်ဒါတွေ ဒီမှာ ပွဲဖြစ်နေတာကိုရိပ်မိတော့တယ်။ ဒီလိုကျတော့
အထူးအဆန်းပါလားဆိုပြီး နဲနဲတော့ စိတ်ဝင်စားသွားတယ်။ ပိုက်ဆံလည်းပေးရတာမှမဟုတ်တာ ဆိုပြီးအိမ်ပော်ကို တက်သွားတာပော့။
           
            အသက်နည်းနည်းကြီးလိမ့်မယ်လို့ ကျွန်တော်ထင်ထားတာ တကယ့်တကယ့်မှာတော့ ကျွန်တော့်
ထက်ကြီးလှလည်း ၃၊ ၄ နှစ်လောက်ပဲ။ နည်းနည်းတော့နွဲ့တယ်ထင်ပာရဲ့။ ကျွန်တော်ကလည်း ဘော်ဒာတွေ
လွတ်လိုက်တာဖြစ်ကြောင်း ကျွန်တော့်နာမည်ဘယ်သူဘယ်ဝါဆိုပီးစကားနဲနဲပြောဖြစ်တယ်။ သူက
အတော်လေးလည်းဖော်ရွေတယ် နောက်လည်းနောက်တယ်.. နဂိုကတည်းကမှ ဗေဒင်ဆရာတွေကို
လူလိမ်တွေလို့ကို တံဆိပ်တပ်ထားတဲ့ ကျွန်တော်ကတော့ သူ့ကိုရက်ရက်စက်စက်အကဲခပ်နေတာပေါ့။
ကဲ..ဟုတ်ပီ မွေးနေ့မွေးရက်ပြောဆိုတော့ ကျွန်တော်ကလည်းပြောလိုက်တာပေါ့...သူ့ရှေ့မှာရှိတဲ့ စာရွက် လေးမှာ ဂဏန်းတွေချရေးမျဉ်းတွေတားပြီး သူတွက်ချက်နေတာပော့။ ဘာလိုသေးတုန်းဆိုတော့
ရပီ မွေးသက္ကရောဇ်ပဲတဲ့။ အဲလိုနဲ့ ဗေဒင်တို့ရဲ့ထုံစံအတိုင်း ကျွန်တော်ကဘာဖွားညာဖွားပေါ့..အဲကစတယ်။
           
           ကျွန်တော်တိတ်တိတ်လေးနေတယ် မသင်္ကာတဲ့မျက်လုံးလေးနဲ့ပဲကြည့်နေတယ်။ စကားများများ
ပြောမိရင် မျက်လုံးတွေမငြိမ်ရင် သူ့အတွက် အစအနလေးတွေရသွားမှာဆိုးလို့။ အများစုသောဗေဒင်
ဆရာတွေက စက်သေနတ်ပစ်သလို ယေဘုယျအကြောင်းအရာတွေကနေစလိုက်ပြီး မေးသူရဲ့တုန့်ပြန်
မှုကိုဖမ်းပြီး ဆက်ဖောတာပဲမဟုတ်ဘူးလား။ သူတစ်ယောက်ပဲပြောနေတာ ကျွန်တော်ကတော့ မှန်မှန်
မှားမှား တည်တည်ငြိမ်ငြိမ်လေးပဲ အင်း အင်း လို့လိုက်ပြောပေးနေတယ်။ သူကလည်းမေးရှာပါတယ်
သူပြောတာဟုတ်တယ်မလား ဘာညာပော့။ ဘာတွေသိချင်သေးလည်းဆိုတာမျိုး... ဒာမှသူဆက်အလုပ်လုပ်
လို့ရမှာကို.. တိုတိုတုပ်တုပ်ပါပဲ ကျွန်တော်လည်း ပညာရေး အချစ်ရေး ဒီလောက်ပဲပြန်ဖြေတယ်။ ဖြစ်နိုင်ရင်
ကျွန်တော့်ရင်ထဲမှာသူပြောတာ အကုန်လွဲစေချင်တာ ဒာမှပြီးလို့ လဖ္ဘက်ရည်ဆိုင်ရောက်လို့ရှိရင် ဘော်ဒာတွေ
ကို မင်းတို့ပြောတဲ့ပုဂ္ဂိုလ်က အလကားပါကွာလို့ ဟားနိုင်မှာ။
           
             ထုံးစံအတိုင်းပါပဲ အားလုံးချုံကြည့်ရင်သူပြောတာတွေ၊ အထူးသဖြင့် ကျွန်တော့်အတိတ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေမှာ မှန်တာတွေပါသလို မှားတာတွေလည်းပါတာပဲ။ အနာဂတ်ကို
ပြောတဲ့ကိစ္စတွေမှာတော့ ကျွန်တော်လုံးလုံးကို စိတ်မဝင်စားတာ။ ပစ္စုပ္ပန်နဲ့ အနာဂတ်ကတော့ ကျွန်တော့်
လက်ထဲမှာသာရှိတဲ့ ကိစ္စတွေလို့ကျွန်တော်ယုံကြည်တဲ့အတွက် သူပြောတာတွေယုံကြည်နေစရာဘာ
အကြောင်းမှ မရှိပာဘူး။ ဒာပေမယ့် ကျွန်တော်ထင်တယ် ကျွန်တော်ဘယ်လိုမှဟန်မဆောင်နိုင်ခဲ့တဲ့
တစ်နေရာရှိခဲ့တယ်။ တည်တည်ငြိမ်ငြမ်ရှိနေတဲ့မျက်နှာနဲ့ အမှားအတွက်လိုက်ရှာနေတဲ့မျက်လုံးတစ်စုံ
ရဲ့နေရာမှာ အပြုံးရိပ်တန်းသွားတဲ့မျက်နှာနဲ့ လင်းလက်သွားတဲ့မျက်လုံးတစ်စုံကို သူမြင်လိုက်ရမယ်
ထင်တယ်။
          
           ဖြစ်ပုံကဒီလို။ 'မင်းမနေ့ ရန်ကုန်ကနေပြန်လာတော့ အတွင်းခံနှစ်ထည်ပါလာတယ်တဲ့'.. အဲဒာအ
မှန်ပဲ။ 'နောက်ပီးတော့ အဲဒီနှစ်ထည်က ဘယ်အရောင်နဲ့ ဘယ်အရောင်တဲ့'.. ဟာ ဒါလည်းကွက်တိပါပဲလား
ပိုပီးလက်ဖျားခါသွားတာက 'ဘယ်အရောင်ကဘောင်းဘီမှာ အပေါက်ပါတယ်တဲ့ အဲဒါလေးလွတ်လိုက်တော့
ကျက်သရေမရှိဘူးတဲ့'... ဟိုက်ရှား ကျွန်တော်အတော်လေးကို ပျားတုပ်သွားတယ်... အမှန်ပဲ မနေ့က
တောင်ကြီးပြန်ရောက်တော့ ရေမိုးချိုးပြီး ဘောင်းဘီလျှော်တာ့မှ သေချာကြည့်မိတယ် ဝယ်ထားတာလဲ
ကြာပြီဆိုတာ သတိရပေမယ့် ဘယ်အချိန်ကပေါက်နေမှန်မသိလိုက်ဘူး.. အဲဒာနဲ့ ဗရက်နဲ့ဆွဲလိုက်တာ အ
ပေါက်က ပိုကျယ်သွားပာလေရော.. အဲဒာနဲ့ရေချိုးပြီးတော့ အမှိုက်တောင်းထဲ ဝဲလိုက်တယ်.. အခုဒီနေ့တော့
ဒီလူက ကွက်တိကြီးလာပြောနေတယ်။ :D ကျွန်တော်မပြုံးပဲ ဘယ်လိုနေနိုင်ပါ့မလဲ...

             သူဒီလိုပြောနိုင်တဲ့ အကြောင်းရင်းကို ကျွန်တော်ပိုစိတ်ဝင်စားမိတယ်။ ကျွန်တော်သူ့ကို ပေးလိုက်ရတာ မွေးသက္ကရောဇ်တစ်ခုထဲပါ။ သူဘယ်လိုလုပ်ပြီး ဒီတစ်ကွက်ကို ဒက်ထိပြောနိုင်လဲ ကျွန်တော်မစဉ်းစားတတ်ဘူး။ ခရီးသွားရင်ဒီလိုယူသွားတတ်ကျတာတော့အများစုပဲထင်ပါတယ်။
ဒီလိုဆို ဘယ်နှစ်ထည် ဘယ်အရောင်ဆိုတာအလွန်တိုက်ဆိုင်စွာ မှန်သွားမယ်ဆိုရင်တောင် ပောက်နေတဲ့ကိစ္စကျတော့ အတော်လေးကိုပြောရခက်သွားပြီ။ ဒီတစ်ကွက်တော့ သူ့ကို ခရက်ဒစ်ပေးလိုက်မိတာ အမှန်ပဲ။ ကျွန်တော်အမျိုးမျိုးစဉ်းစားတယ် မနေ့ညက လဖ္ဘက်ရည်ဆိုင်ထိုင်တော့ ဘော်ဒာတွေကိုများ ယောင်          ယမ်းပြီးပြောလိုက်မိလား။ ဒါလည်းမပြော လိုက်မိတာသေချာတယ်။ ဘယ်လောက်ရင်းနှီးကျွမ်းဝင်တယ်ပြောပြော ဒီကိစ္စကိုအထူးတလည်ထုတ်ပြောရလောက်အောင်
မရှိပာဘူး။ ဘောင်းဘီပေါက်တဲ့ ကိစ္စထူးဆန်းတဲ့အကြောင်းမှမဟုတ်တာ။ သူဘယ်လိုသိနေ နိုင်တာလဲ... နောက်ရက်နဲနဲကြာတော့ ဘီယာဆိုင်ထိုင်ဖြစ်တဲ့ခါ ကျွန်တော့်ဘော်ဒါက အဲ ဘဲကိုပါခေါ်လာတယ်။ ကျွန်တော်အဲဒီမှာ သူ့ကို မေးကြည့်တော့ ပြုံးတုန်းတုန်းလုပ်
နေတာကလွဲလို့ ဘာမှပြန်မဖြေဘူး။ ကျွန်တော်ကံကြမ္မာကများ ဒီအချိန် ဒီအခါမှာ အဲလိုဘောင်းဘီ
ပေါက်ရမယ်လို့ ပါလာလို့လား။ အဲလို တွေးမိတဲ့ ကိုယ့်ကိုယ်ကို ငပေါကြီးလို့ပဲ ထင်မိတယ်....

                                                                                                                       7pm

Sunday, 22 January 2012

"လူနှင့် သက်သတ်လွတ်ပြဿနာ "

ပြဿနာလို့ခေါင်းစဉ်တပ်လိုက်ပေမယ့် အမှုမဲ့အမှတ်မဲ့နေလိုက်တဲ့လူတစ်ယောက်အတွက်တော့ အသားစား
ခြင်းမစားခြင်းဟာ ဘာရယ်တော့လည်း မဟုတ်ပာဘူး။ ကျန်းမာရေးအရဆွေးနွေးမှုတွေရှိလာတယ် အယူမဆပိုင်းတွေနဲ့ ညှိစွန်းမှုရှိလာတယ်ဆိုတဲ့အခာကျတော့ တစ်ခာတစ်လေလည်း ငြင်းရတာတွေ သိချင်လာတာတွေရှိလာပါတယ်။ ဒီထက်အဆင့်ပိုလာတဲ့အခါကျတော့ ဘာသာရေးတွေကပါ လာတတ်တယ်။ သက်သတ်လွတ်စားတဲ့ဂိုဏ်းနဲ့ မစားတဲ့ဂိုဏ်းနဲ့ ဆိုပြီးတော့ အပြန်အလှန် အားပြိုင် မှုတွေဖြစ်လာပါတယ်။ သင်ကောဘယ်လို သဘောရပာသလဲ?တချို့အချက်အလက်တွေ နဲ့တကွ ကျွန်တော့်ရဲ့အမြင်တစ်ချို့ကိုပောင်းစပ်တင်ပြသွားမှာပာ။ပာဆင်နယ်အမြင်အရဆို ရင်တော့ စားတာနဲ့ မစားတာ သူမသာ ကိုယ်အသုဘ ပာပဲ။ အကျိုးအပြစ်တွေက ဒွန်တွဲလျက် ရှိနေတာပါပဲ။

၁) သက်သတ်လွတ်စားရခြင်း အကြောင်းရင်းနဲ့ အယူအဆများ
               သက်သတ်လွတ်စားနေတဲ့ လူတွေကို သေချာစစ်ကြည့်လိုက်ရင် ကိုယ့်အကြောင်းနဲ့ကို
ကိုယ့်ယုံကြည်မှုနဲ့ကိုယ် စားနေကြတာဖြစ်ပာတယ်။ အရှေ့တိုင်းသားအများစုကတော့ ဘာသားရေးနဲ့
ဆက်နွယ်ပြီးစားဖြစ်ကြတာ တွေ့ရပာတယ်။ အဓိက ကတော့သူ့အသက်ကို သတ္တဝာတို့ရဲ့အသက်ကို
ငှဲ့ညာလို့မစားရင်း ကြာတော့လည်း သက်သတ်လွတ်သမားကြီးဖြစ်လာတာပါပဲ။ တစ်ချို့ကျတော့လည်း
အသားစားရမကြိုက်လို့၊ တစ်ချို့ကျတော့ အသားနဲ့မတဲ့ဘူးဆိုရမယ်ထင်တယ် ငယ်ငယ်ရွယ်ရွယ်က
တည်းက အသားသားရင် ပြန်အန်တယ်။ အာဟာရဗေဒက ကျွန်တော့်ရဲ့ လက်ချာရာတစ်ယောက်က
တော့ ကျန်းမာရေးရှုထောင့်ကနေကြည့်ပြီးအသားမစားဘူး။ မျှမျှတတဖြစ်အောင် vitamin supplement တွေတော့ပုံမှန်သောက်တယ်။ တစ်ချို့ဒေသတွေမှာတော့လည်း အသားငားက ပောပော
ကြွယ်ကြွယ်မရှိတော့ မစားရဖြစ်ဘူး။ စသောစသော အကြောင်းရင်းတွေရှိကြတဲ့ထဲမှာမှ အငြင်းအခုန်
ဖြစ်ကြလေ့ရှိတာ ဘာသာရေးအယူအဆနဲ့ပတ်သက်နေကြတဲ့ အုပ်စုတွေဆိုတာ အားလုံးလည်း သိပြီး
သားဖြစ်မှာပါ။ အဲဒီမှာမှ ပိုပြီးအနုစိပ်တဲ့ အတွေးတွေပာနေပြန်ပါတယ်။ တချို့က ခြေလေးချောင်းသာ
ရှောင်တာ။ တချို့သက်သတ်လွတ်က ဥတို့ သွေးတို့ နို့တို့ မသောက်ဘူး။ တချို့က ကြက်သွန်လိုဟာကို အသက်ရှိတယ်ဆိုပြီးမစားဘူး။

၂) လူနဲ့ အစားအသောက်ရွေးချယ်မှု မူလသဘာဝ
              ကိုယ်ကြိုက်တာကိုယ် ရွေးချယ်စားသောက်တတ်၊ ပုံစံအမျိုးမျိုးလုပ်စားတတ်တာ လူတွေရဲ့
အကြီးမားဆုံးအားသာချက်ဖြစ်တယ်။ တဖက်ကပြန်ကြည့်ရင်လည်း ဒီလိုကြံတတ် ဖန်တတ်လုပ်စားတတ်
တာက ပြဿနာလာဖြစ်နေပြန်တယ်။ တရုတ်ပြည်မှာ အစားအသောက်သောင်းကျန်းကြတဲ့ ပုံလေးတွေ
အွန်လိုင်းမှာတွေ့ဖူးကြပာလိမ့်မယ်။ ထားတော့။
               သွားတွေရဲ့ဒီဇိုင်းကိုလေ့လားပြီး လူရဲ့သဘောသဘာဝအရပြန်ကြည့်တဲ့အခာ ပထမသိသာတာ က အစုံစားတတ်သတ္တဝာဖြစ်တယ်။ အသားစားစား အသီးအရွက်စားစားအသက်ရှင်သန်ဖို့အတွက်အဆင်
ပြေတယ်။ ပညာရှင်တစ်ချို့ကလည်းငြင်းတယ်။ လူတွေရဲ့သွားဒီဇိုင်းက အသီးအရွက်ကိုပိုစားဖို့ ဖန်တီး
ထားတဲ့ ပုံစံပါတဲ့။ အသားကောင်းကောင်းစားနိုင်ဖို့ အရေးကြီးတဲ့သွားတွေဖြစ်တဲ့ ကေနိုင်း (canine) လို့
ခော်တဲ့ စွယ်သွားလေးတွေက ပြောသလောက်မထင်ရှားတာ၊ နာမည်ခံကေနိုင်းတွေသာဖြစ်တယ်လို့ဆို
ပာတယ်။ လူရဲ့မူလဗီဇက အသီးအရွက်စားသတ္တဝာအဖြစ်စဖြစ်လာရင်းနဲ့မှ ရွေးချယ်မှုကြောင့်တဖြည်းဖြည်း
အသားကို စားလားကြတယ်ဆိုပာတယ်။ အရိုးဆုံး ဥပမာအဖြစ် လူတို့ရဲ့အနီးဆုံးဆွေမျိုး ချင်ပန်ဇီ၊ မျောက်
ဝံတွေဟာ အသီးအရွက်ကိုပဓာနထားစားသောက်ကြတဲ့ တိရိစ္ဆန်တွေအဖြစ် စာတမ်းပြုစုမှုတွေက သက်
သေထူနေပာတယ်။ အဲဒီကောင်တွေမှာဆိုရင်လည်း လူတွေထက်သိသိသာသာကြီးတဲ့ ကေနိုင်းတွေပာပာ
တယ်။ အစာရှာစားဖို့ထက် ရန်မူလာရင် ခုခံတိုက်ခိုက်မှုဖို့အတွက်သာပာရှိနေခြင်းလို့ ယူဆထားပာတယ်။
           တစ်ဖက်ကပြန်ကြည့်ရင်လည်း အသားစားတဲ့အကျင့်စတင်ခဲ့တာ၊ ပတ်ဝန်းကျင်မှာ အသီးအရွက်
ရှာပားခဲ့တဲ့အချိန်တွေမှာ အထူးသဖြင့် ပင်လယ်ခရု ကမာတွေကိုစားဖြစ်ခဲ့တာကို ဆင့်ကဲဖြစ်စဉ်ရဲ့ (evolution) ကြီးမားတဲ့ပြောင်းလဲမှုအဖြစ် ပညာရှင်တွေဆိုပာတယ်။ အကြောင်းကတော့ ယနေ့လိုကြံရည်
ဖန်ရည်ပြည့်ဝတဲ့ အများကြီးတွေးခော်မျှော်မြင်တတ်တဲ့ ဦးနှောက်ကြီးဖြစ်လာဖို့အတွက်ေ၇နေသတ္တဝာတွေ ကနေ အများဆုံးရတဲ့ omega-3 fatty acid ကိုစားသုံးမိခြင်းပါပဲ။ ပညာရှင်တွေရဲ့လေ့လာမှုအရ တစ်ချိန်
က အစာရေစာပြတ်လတ်လူ့နီပားဖြစ်ခဲ့တယ်လို့ယူဆတဲ့အချိန်ကာလတစ်ခုမှာ ကျွန်တော်တို့ရဲ့ဘိုးဘေး
တွေလို့ဆိုနိုင်မယ့် လူတွေဟာ ပင်လယ်ခရု ကမာတွေကို အမြောက်အများစားသုံးခဲ့ကြတာကို ရှေးဟောင်း
ဂူတွေမှာတွေ့ရတယ်ဆိုပာတယ်။ ဒီ omega-3 အချက်ကိုထောက်ခံနေတဲ့ အခြားအကြောင်းရင်းတစ်ချက်
က ယနေ့လူတွေနဲ့ အီဗလူရှင်နရီပြိုင်ဘက်တွေလို့ဆိုနိုင်မယ့် နီယန်ဒာတာ (Neanderthal) တွေရဲ့ဂူတွေမှာ
တော့ ရေနေသတ္တဝါတွေကိုစားသုံးတဲ့ အထောက်တွေမတွေ့ရပါဘူး။ နီယတ်ဒာတာတွေရဲ့ဓလေ့စရိုက်အရ
လည်း ကျွန်တော်တို့ရဲ့ဘိုးဘွား Homo Sapiens တွေလောက် ရေကြည်ရာ ရွေ့လျားသွားလာမှုမရှိတာကို
တွေ့ရပာတယ်။ နီယန်ဒါတာတွေဟာ လွန်ခဲ့တဲ့နှစ် ၃၀၀၀၀ လောက်ကမှုမျိုးသုန်းပျောက်ကွယ်သွားခဲ့ကြပာ
တယ်။
        အထက်ကအဆိုတွေဟာ အများကြီးကိုလည်း ယုတ္တိရှိတယ် ယုံကြည်ရတယ်လို့ထင်ပာတယ်။ ဒီအတိုင်း အသားသက်သက်စားတာဟာ အဆင့်မြင့်ဦးနှောက်ဖြစ်လာနိုင်မယ်ဆိုရင် ခွေး၊ကျား၊
ခြင်္သေ့တွေ လူတွေကိုခိုင်းစားနေတာကြာလောက်ပာပြီ။ :) အဲတော့လူဟာမူလအရအသီးအရွက် အဓိကစားတဲ့ သတ္တဝါဖြစ်နေပေမယ့် လိုအပ်လာရင်ဖြစ်ဖြစ် အရသာကိုရွေးချယ်မှုအရပဲဖြစ်ဖြစ် အသားစား
ဖြစ်ခဲ့တာဟာ ပိုပီးဦးနှောက်ကောင်းတဲ့လူတွေဖြစ်ဖို့ဖန်လာတာပါပဲ။ အဲဒီပိုပြီးတွေးတတ်လာတဲ့ ဦးနှောက်
ကပဲ စာနာတတ်လာခဲ့ ကိုယ်ချင်းစာတဲ့အတွေးတွေဝင်လာတဲ့အခာ အသားစားတာ အထူးသဖြင့် သူ့အသက်
ကိုသတ်စားတာ တော်ပာ့မလားဆိုတာမျိုးတွေဖြစ်လာတော့တာပဲ။

၃) အယူအဆအားပြိုင်မှု
             ပိုပြီးတွေးခော်တတ် ခံစားတတ်တဲ့ ဦးနှောက်တွေဖြစ်လာတဲ့အခာ ဒဿနတွေက ဝင်လာပာပြီ။ ဒီအပိုင်းမှာတော့ ကျွန်တော်ရဲ့အမြင်ကိုပဲပြောပြချင်ပာတယ်။ အပော်ကအထောက်အထားတွေကို ကြည့်ရင်
ကျွန်တော်ဘယ်ဘက်ကို ယိမ်းမယ်ဆိုတာကိုခန့်မန်းလို့ရနိုင်လောက်မယ်ထင်ပါတယ်။ အယူအဆပိုင်းကိုပဲ
ပြောမှာမို့ ခံစားချက်နဲ့အတွေ့အကြုံကိုဦးစားပေးသွားမှာပာ။ အသားမစားတာခြင်းအတူတူဆိုရင် ဘယ်လို
ရည်ရွယ်ချက်နဲ့မစားတာလဲ ဆိုတာပိုပြီးစိတ်ဝင်စားပာတယ်။ အယူမသည်းပဲ သတ္တဝာကို တကယ်ကိုယ် ချင်းစာလို့ သနားလို့မစားတာဆိုရင် အလွန်ကြိုဆိုပာတယ် အဲဒီစိတ်ဓာတ်ကို။ အယူသည်းလွန်းပြီးအရှောင်
လွန်ရင် ဘာသာရေးမှိုင်းအောက်ကဆိုရင်တော့ သဘောမတွေ့လှပာဘူး။
              ဒီနေရာမှာသူ့အသက်သတ်ခြင်းဆိုတာပာလာပာပြီ။ ကံကံရဲ့ အကျိုးဆိုတာတွေဝင်လာပာပြီ။
လူမှုရေးအရရော ဘာသာရေးအရပာ သူ့အသက်သတ်ခြင်းကိုအားမပေးတာကိုတွေ့ရပာတယ်။ ကျွန်တော်
အတွက်တော့ 'တမင်သတ်တဲ့အသား မြင်သား ကြားသား'ဆိုတာကြီးက နည်းနည်းတော့ကန့်လန့်တိုက်နေ
တဲ့အနေအထားမှာရှိနေတယ်။ ဒီအချက်ကိုကျွန်တော်ပြောရင် ဗုဒ္ဓဘာသာအများစုနဲ့ကျွန်တော် တိုင်ပတ်
နိုင်တယ်ထင်တယ်။ ရှိစေတော့။ ရိုးရိုးသားသားပဲ ဖွင့်ချပာရစေ။ ကျွန်တော်ကတော့ အဲလိုအကြောင်းပြ
ချက်နဲ့ သက်သတ်လွတ်စားတဲ့လူကို အနိုင်ယူပြောဆိုတာဟာ ဥပဒေကိုလက်တစ်လုံးခြားလုပ်တာလို့ပဲ
မြင်တယ်။ တွေးတတ်တဲ့လူတိုင်း ဒီဟင်းခွက်ထဲက အသားဟာ စားသုံးသူတွေစားနိုင်ဖို့ သတ်ထားတဲ့သူ
တွေသတ်ထားပေးရတာ သိနေကြပါတယ်။ ဒာဟာ တမင်သတ်ထားတဲ့ အသားမှန်သိတယ် မမြင်ရ မကြားရ
ဆိုပေမယ့် တွေးကြည့်ပြေးကြည့်တာထက်တောင်ပိုမှန်ဆိုတာမျိုးပာ။ အပြစ်ကျတော့ သတ်တဲ့လူခံဆိုတော့၊
ဒီလူက ကောင်းကောင်းစားပာစေတော့ဆိုပြီး လုံးဝအနှစ်နာခံသတ်ပေးလိုက်ရတယ်။ တရားခြင်းဆိုတာအ
ဘယ်မှာ လို့ပြောရမလို။ သတ်တဲ့လူရှိလို့ စားတာလား စားတဲ့လူရှိလို့သတ်တာလား။ ကျွန်တော်ကတော့
ဒုတိယ အချက်ကြောင့် မွေးမြူရေးလုပ်ငန်းကြီးတွေ သားသတ်ရုံတွေပော်လာတာလို့ထင်တာပဲ။ အဲတော့
သားသုံးသားဆင်ခြေနဲ့ဆိုရင် မလုံလောက်ဘူးလို့တွေးမိတာပါပဲ။
             အသားမစားလို့ ကုသိုလ်ရမယ် ပိုပြီးမြင့်မြတ်တယ်ဆိုတာကိုလည်း နည်းနည်းတော့ ဘဝင်မကျ
ပြန်ဘူး။ တကယ်ကိုယ်ခြင်းစာစိတ်နဲ့ မစားတာကို စိတ်ကောင်းရှိတဲ့လူလို့ ခရက်ဒစ်ပေးလိုက်ချင်ပေမယ့်
မြင့်မြတ်ပာပေတကားလို့တော့ မဆိုပာရစေနဲ့။ (စိတ်ကောင်းနဲ့ စိတ်ယုတ် အထူးအဖြင့် guilt ဆိုတာ ဓာတ်ခွဲ ကြည့်ရင် တကယ်တော့ ဘာမှမဟုတ်တဲ့ အကြောင်းရေးပာအုံးမယ်) တစ်ချိန်က ငာတို့အဘိုးအဘေးတွေ အသားမစားမိခဲ့ရင်မောင်မင်းဒီလိုတောင်တွေးတတ် စာနာတတ်မှာ မဟုတ်ဘူးလို့ ကလိထိုးလိုက်ပာရစေ။
           
၎) ကျန်းမာရေးရှုထောင့်က သက်သတ်လွတ်

             တကယ်တော့ သက်သတ်လွတ်စားတာကို အကြီးအကျယ်နှစ်ရှည်လများ လုပ်ထားတဲ့ စာတမ်း
တွေနည်းတယ်လို့ဆိုပာတယ်။ ကောင်းကွက်တွေအများအပြားရှိသလို ဆိုးကွက်တွေလည်းရှိနေပာတယ်။
ယေဘုယျအားဖြင့်တော့ အသီးအရွက်စုံစုံနဲ့ ပမာဏမနည်းမများစားနိုင်တဲ့ ဗက်ဂျီးတစ်ယောက်ဟာ ကျန်းမာရေးပိုကောင်းတယ်၊ သွေးတိုး နှလုံးရောဂာအဖြစ်နည်းမယ်၊ ဆီးချိုရှိခဲ့ရင် ပိုကောင်းကောင်းထိန်း
နိုင်မယ်၊ ကင်ဆာတွေကာကွယ်နိုင်မယ် ၊ အစာခြေဖျက်မှုတွေပိုကောင်းမယ်၊ ခန္ဓာကိုယ်အလေးချိန်ကို
ထိန်းနိုင်မယ် စတဲ့အကျိုးတွေရနိုင်ပာတယ်။ အသားမစားလိုက်ရတော့ ချို့တဲ့သွားနိုင်တဲ့ဓာတ်တချို့ကတော့
omega-3 fatty acid, vitamin B12, iron, calcium (နို့်ထွက်ပစ္စည်းတွေပာရှောင်ရင်) စတာတွေဖြစ်ပါ
တယ်။ သက်သတ်လွတ်သမားတွေမှာ (အယူမသည်းရင်) supplements တွေသောက်သုံးရင်ပိုကောင်းပာ
တယ်။ အသားစားပဂ္ဂိုလ်တွေအတွက်ကတော့ ဂျာနယ်တကာ ပညာပေးစာစောင်တွေမှာတွေ့နေကျ ဖော်
ပြနေကျအတိုင်းလေးပဲ 'ကြက်၊ဝက်၊ဆိတ်၊ အမဲ တွေကနေထွက်တဲ့ အဆီအအိမ့်တွေကိုလျော့စားပာ' လို့။
သက်သတ်လွတ်စားစား အသားပဲစားစား အသက်ကိုဥာဏ်စောင့်တာတော့ သေချာတယ်။ :)

         ဒီလောက်ဆိုနဲနဲတော့ အတွေးပွားလို့ရပြီထင်ပာ့..... Thanks for reading! :)

                                                   .............................
ပြောဖို့မေ့နေတာ ကျွန်တော်အကုန်စားပာတယ်။ :) အဲ.. အသား မစားရလည်းဘာမှတော့မဖြစ်ပာဘူး။
လက်ယာပော်မူတည်ပြီးပမာဏကွာသွားတာပာပဲ။ တစ်ချို့သတ်သတ်လွတ်ချက်တဲ့အိမ်မှာ သွားစားခဲ့ဖူး
တုန်းကေ၇လည်တီးတာ။ ဟဲဟဲ ...ကျွန်တော့်အတွက်ကတော့ လက်ရာကအဓိကပါပဲ။ :) အိမ်ရှင်မ
ကောင်းတော့လိုမယ်ဗျ.... :)

                                                                                                                    7PM