“နေရင်း သေခြင်း”
နာရီသာရှိ၍ အချိန်ကိုမသိခဲ့လျှင်
အိမ်မက်သာရှိ၍ မိုးလင်းတိုင်းလွင့်ပျောက်ခဲ့လျှင်
ခြေလှမ်းတွေသာရှိ၍ ရွေ့လျားမှုမဲ့နေခဲ့လျှင်
အပျှော်သာရှိ၍ ပီတိတို့အားနည်းနေခဲ့လျှင်
အချစ်သာရှိ၍ မေတ္တာဓာတ်ချို့တဲ့နေခဲ့လျှင်
ဉာဏသာရှိ၍ မာနတို့လွမ်းခြုံနေခဲ့လျှင်
ဓနသာရှိ၍ စာဂကိုလစ်လျူရှုထားခဲ့လျှင်
အသိပညာသာရှိ၍ အသုံးချဖို့သတိမေ့နေခဲ့လျှင်
အသက်သာရှိ၍ ရှင်သန်ဖို့ပျက်ကွက်ခဲ့လျှင်
နေသာနေ၍ သေနေလေသည်.....
7PM
ကောင်းလှချည်လား ကွယ်ရို့။
ReplyDelete'' အပျှော်သာရှိ၍ ပီတိတို့အားနည်းနေခဲ့လျှင်
အချစ်သာရှိ၍ မေတ္တာဓာတ်ချို့တဲ့နေခဲ့လျှင်
ဉာဏသာရှိ၍ မာနတို့လွမ်းခြုံနေခဲ့လျှင်
ဓနသာရှိ၍ စာဂကိုလစ်လျူရှုထားခဲ့လျှင်"
အဲဒါလေးတွေ ပိုကြိုက်တယ်။
လာအားပေးတာ ကျေးဇူးနော်... ဒီတလော ၀မ်းနည်းစရာမ၇ှိပေမယ့် မပျော်ဘူးလို့ feel ဖြစ်နေတယ်ဗျာ.. အဲဒာကြောင့် ချ ရေးလိုက် တာပာ..
ReplyDeleteလူသားအားလုံးကို မေ့နေတာတွေ အသိပေးတဲ့
ReplyDeleteတန်ဖိုးရှိကဗျာကောင်းလေးပါ
အဲဂလိုလူမျိုးတွေအများကြိးတွေ့ဘူးတယ်ဗျို့ကျွန်တော်အပါအ၀င်ပဲ
ReplyDelete