Saturday, 26 November 2011

"လူနှင့် လူဖြစ်ရခြင်း၏နောက်ကွယ်တွင်"

         မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးဖွင့်ရာကစလိုက်တဲ့ တစ်နေ့တာဟာဒီလိုနဲ့ပဲမျက်လုံးနှစ်လုံးပြန်မှိတ်ဖို့
အချိန်ကိုရောက်လို့လာပာပြီ။စားမယ်သောက်မယ်လုပ်စရာရှိတာလေးတွေကိုလုပ်လိုက်မယ်။ကြိုးစားသင့်တန်
ကြိုးစားပျော်သင့်တန်ပျော်ငိုစရာရှိတာလည်းငို၊ဒီလိုနဲ့ပဲနှစ်တွေကုန်လာခဲ့ကြတာပာ။ နေသင့်တဲ့နှစ်တွေသက်
တမ်းတိုးလို့မရတော့ တဲ့အချိန်ထိအကောင်းဆုံးလို့ထင်ရတဲ့ အရာတွေအတွက်လုံးချာလိုက်ရင်းနဲ့ပဲ ဘဝကို ကုန်ခဲ့ကြတဲ့သတ္တဝာတို့မရေမတွက်နိုင်အောင်ပာပဲ။ဇာတ်လမ်းပောင်းမျိုးစုံကကြိုးပောင်းအသေင်္ချေနဲ့ ကျွန်တော် တို့နေတဲ့ဤကမ္ဘာမြေကြီးဟာအရောင်အသွေးစုံလင်လွန်းလှပာတယ်။ဒီလိုအရာအားလုံးကိုသိမြင်ခံစားခွင့်ရတဲ့ လူတစ်ယောက်ဖြစ်လာရတာကိုပဲ အတော်လေးကိုထူးခြားကံကောင်းနေပြီလို့ ခံယူမိပာတယ်။

         ဘဝရဲ့စာမျက်နှာတွေထူလာတာနဲ့အမျှမိနစ်စက္ကန့်တွေရဲ့တန်ဖိုးတွေကလည်းတရိပ်ရိပ်နဲ့ပိုကြီးလို့
လာပာတယ်။ဒာတွေအားလုံးဟာဘာများအထူးအဆန်းဖြစ်စရာရှိလို့တုန်းမောင်ရင်ရယ်လို့သူယောင်မယ်တစ်ပားက
နှခောင်းရှုံ့မေးလာခဲ့မယ်ဆိုရင်ဖြင့်ရိုးရိုးသားသားလေးပဲ၊ ဒီလူအတွက်တော့သဲသဲမဲမဲကို အရေးကြီးနေပာ တယ်လို့ရဲရဲဝင့်ဝင့်ပဲပြန်ဖြေလိုက်မိပာလိမ့်မယ်။ရှင်ကြီးဂောတမကအစ ဘယ်ကစတယ်မဆိုခဲ့တဲ့သတ္တဝာတို့ရဲ့
မူလဌာနကို ရှင်ကြီးတားတဲ့ကြားကပဲထဲထဲဝင်ဝင်လိုက်စပ်စုချင်နေခဲ့မိတဲ့မလည်ရှုပ်ပုထုဇဉ်တစ်ယောက် ရဲ့နိဒာန်းကတော့ 'လူဘာလို့ဖြစ်ရတယ်' 'ဗြဟ္မာကြွေလို့ဖြစ်ရတယ်'။ ဟင်..'ဘူပြောတာလဲမင်းကို' 'ငာ့မေကြီးပြောတာ'ဆိုတဲ့ဆွေးမြေ့နေတဲ့ သူငယ်ချင်းနှစ်ယောက်ကြားကပတ်ပျိုလေးကိုပဲ အကြောင်းရှာအပြစ်ဖို့မိတော့တယ်။

         တကယ်တကယ်တော့ဒီလိုမေးခွန်းလေးတွေကဘာနဲ့မှမတူအောင် ရိုးဆင်းလွန်းပေမယ့်လူ့သမိုင်းမှာ
ပြတ်သားတဲ့အဖြေတစ်ခုပေးလို့မရလောက်အောင်ခက်ခဲလွန်းနေတာမထူးဆန်းနေပေဘူးလားကိုယ်တော်တို့ရေ။
ပရောဟိတ်ကြီး ဒာဝင်ရဲ့သီအိုရီကြီးအရရော မဟာပောက်ကွဲမှုကြီးဆိုတဲ့ယုံကြည်မှုပရောဂနဲ့ပာပောင်းစပ်လိုက်
လေသောအခာ 'လူဘယ်ကလာ' 'မျောက်လိုဘဝကလာ' 'မျောက်လိုဘဝဘယ်ကလာ' 'ရေအိုင်ထဲကလာ' 'ရေအိုင်ထဲကဘဝဘယ်ကလာ' 'ပိုးမွှားသေးသေးလေးတွေကလာ' ဆိုတဲ့တေးသွားလေးရဲ့အစကို မြည်တမ်း
နိုင်ခဲ့ပာပြီ။ အိမ်ပြန်ချင်နေတဲ့ဆရာမကို သားတို့ဆက်ဆိုချင်သေးတယ်အတွန့်တက်တော့ ဆရာမကမာယာ
နဲ့ သားတို့ 'စကားနဲရင်ပတ္တမြားခဲ' ဆိုတာသိကြရဲ့လား.. ကဲ ဒီတော့ ဒီလိုတစ်ကြောင်းထဲမှတ်ဆိုပြီးအတန်း
အတန်းဖြုတ်လိုက်တယ်။ဘာတဲ့... 'သက်ရှိဘယ်ကလာ သက်မဲ့ဘဝကလာ' !
         'ငာ့အဖေရဲ့စကားချိုးကပိုမိုက်တယ်ကွ'..ဟုတ်လား ပေးမြည်းပာအုံး.. အေ..'လူအစ ဗစ်ဘန်းက'..
ပောက်ကွဲနေတဲ့မျက်နှာပြင်ကနေပြူထွက်လာတဲ့သူ့ဖေကြီးကိုပြေးမြင်နေမိတယ်။ ဒီသီအိုရီနှစ်ခုကိုသေချာ
သုံးသပ်လိုက်တဲ့အခာ သေချာခဲ့တာတစ်ခုကတော့လူရယ်လို့တဖြည်းဖြည်းနဲ့ဖြစ်လာဖို့နှစ်ပောင်း ၁၃ဘီလီယံ
လောက်ကြာခဲ့ပာတယ်။ နောက်တစ်ချက်ကတော့လူဖြစ်ပာစေတော့ဆိုပြီး ရည်ရွယ်ရှိရှိ ဗစ်ဘန်းကြီးပောက်ကွဲ
ပေးလိုက်တာမဟုတ်သလို လူတွေနေပာစေတော့ဆိုပြီးကမ္ဘာကြီးတည်ရှိလာရတာမဟုတ်ဘူးဆိုတာပာပဲ။ အလားတူပဲလူဖြစ်လာပြီးတဲ့အခာမှာလည်း ဟိုလူကဒာလုပ်ဖို့ ဒီလူကဒာလုပ်ဖို့ဆိုပြီးတံဆိပ်နှိပ်လွတ်လိုက်တာ
မျိုးမဖြစ်နိုင်ပာဘူး။ ဗလာစာရွက်အဖြူရောင်လေးတစ်ရွက်လိုပဲ ကိုယ်ကြိုက်ရာကိုချရေးဖို့အခွင့်အရေးပေး
လိုက်ခြင်းပာပဲ။ ကိုယ့်နားမှာအကောင်းစားစာရွက်နဲ့ အကောင်းစားဘောလ်ပင်ရှိမရှိကတော့ သဘာဝတရား
ကိုသာလာဘ်ထိုးထားရပာလိမ့်မယ်။ :)
      ထိုနည်း၎င်းပာပဲ အတ္တကိုအရင်းပြုလို့ 'ငာလူဖြစ်လာရတာ ဘာလုပ်ဖို့များပာလိမ့်လို့' 'ဘဝရဲ့
အကောင်း ဆုံးအဓိပ္ပာယ်က ဘာများပာလိမ့်' လို့ တချိန်ချိန်မှာကျွန်တော်တို့တွေး ခဲ့မိဖူးပာလိမ့်မယ်။ 
 တကယ်တော့ လူဖြစ်လာရခြင်းမှာ ထူးခြားတဲ့ရည်ရွယ်ချက်မရှိလှတဲ့အတွက် ကိုယ်လိုချင်တဲ့ ကိုယ်သတ်မှတ်ချင်တဲ့
ရည်ရွယ်ချက်လေးတွေသတ်မှတ်ပြီး မျှော်မှန်းရာဆီသွားရုံမှတပားအခြားမရှိခြေ။ အေးချမ်းချင်ရင်နိဗ္ဗာန်
ရှာ၊ သူဌေးဖြစ်ချင်ရင်ငွေနောက်လိုက်၊ မင်းသားဖြစ်ချင်ရင်အိုက်တင် ဖိုက်တင်ကျင့်ရုံပော့။ ကိုယ်နဲ့လိုက်
ဖက်ပြီးကိုယ်ပျော်ရွှင်စွာနိုင်မယ့်ဘဝသည်သာကိုယ့်အတွက်အကောင်းဆုံးဖြစ်ပာတယ်။ သံသရာကိုယုံကြည် သူတစ်ဦးအတွက်ကတော့ဒီဘဝမရနောက်ဘဝလို့ မျှော်လင့်နိုင်သေးပေမယ့် တစ်ဘဝသာရှိသည် 
ဟုခံယူ ထားမယ်ဆိုလျှင်တော့ထပ်ပြီးသတိပေးလိုက်ချင်တာက ဒီလိုဘဝလေးတစ်ခုရလာဖို့ 
နှစ်ပောင်း ၁၃ ဘီလီယံ ကြာတဲ့အတွက် ပို၍တန်ဖိုးထားအသုံးချနိုင်ပာစေလို့....

                                                                                                                     7PM
          
          
         
         

No comments:

Post a Comment