အိုင်ဒီယာတစ်ခုမွေးဖွားခြင်း
ဟောဒီသံစုံတီးဝိုင်းကြီးကထွက်ပော်လာတဲ့ တီးလုံးသံကို ဒီနေ့တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာ နိုင်ငံအနှံ့ကလူတွေ နားထောင်နေမှာပာ။ ရေဒီယိုဟာ ဒီတီးလုံးသံကို ကမ္ဘာတဝန်းက နေရာတိုင်းကို ရောက်အောင်ပို့ဆောင်ပေးနိုင်စွမ်းရှိပာတယ်။
ဒီလိုလုပ်နိုင်ဖို့အတွက်လူတွေဘယ်လောက်ကြာအောင်စောင့်ခဲ့ကြရသလဲ? မှတ်တမ်းတွေအ ရတော့ ရေဒီယိုဆိုတဲ့ကိရိယာကို တီထွင် အသုံးပြုနိုင်ခဲ့တာ နှစ်တစ်ရာလောက်ရှိပာပြီ။ သို့တစေ ဒီထက်ထဲထဲဝင်ဝင်လေ့ လာကြည့်လိုက်ရင် ဟိုးလွန်ခဲ့တဲ့နှစ်ပောင်း ၂၅၀၀၊ တနည်းပြောရင် ဘီစီ ၆၀၀ လောက်ကစခဲ့ တယ် လို့မြင်နိုင်ပာတယ်။ တကယ်ကို မရေရာလှတဲ့ အတွေးလေးတစ်ခု ကပဲစခဲ့ တာပာ။ ဘီစီ ၆၀၀ ခန့်မှာ ဂရိ အတွေးအခော်ပညာရှင် "Thales of Miletus" က ပယင်းကိုပွတ်တိုက် လိုက်ခြင်းကြောင့် ဖြစ်ပော်လာတဲ့စွမ်းအားတစ်မျိုးဟာ ကောက်ရိုးမျှင်လေးတွေကို လာကပ်စေနိုင်တယ်ဆိုတာကို တွေ့၇ှိခဲ့ပာတယ်။
နောင်နှစ်ပောင်း ၂၂၀၀ အကြာမှာ "Elizabeth" ဘုရင်မကြီးရဲ့ သမားတော်လည်းဖြစ်တဲ့ 'SirWilliam Gilbert' က ဒီအတွေးကိုနဲနဲထပ်ချဲ့တွေးပြီး စမ်းသပ်မှုတွေလုပ်ပြီးတဲ့ အခာမှာ ဒီဖြစ်စဉ်ကို လျှပ်စစ်ဓာတ်'Electricity'လို့ကင်ပွန်းတပ်ခဲ့ပာတယ်။၆နှစ်အကြာမှာလျှပ်စစ်ဓာတ်ထုတ်လုပ်ပေးနိုင်တဲ့စက်ကိုဂျာမန်လူမျိုး 'Otto Van Guericke'က တီထွင် ပြုလုပ်ခဲ့ပာတယ်။
နောက်ထပ်နှစ်ပောင်း ၁၀၀ အကြာမှာတော့ 'Benjamin Franklin' ကလျှပ်စစ်ဓာတ် အဖိုနဲ့ အမ ကိုရှာတွေ့ခဲ့ပြီး မိုးကြိုးပစ်ခြင်းသည် လျှပ်စစ်ဖြစ်စဉ်သာဖြစ်ကြောင်းကို သက်သေပြခဲ့ပာတယ်။ ၁၈၂၀ ခုနှစ် မှာတော့ ဒိန်းမတ်လူမျိုး 'Oersted' က လျှပ်စစ်ဓာတ်သည် သံလိုက်ဓာတ်ကိုလည်း ပေးစွမ်းနိုင်ကြောင်းကို သက်သေပြပြန်ပာတယ်။ မရှေးမနှောင်းမှာပဲ 'Faraday' ဟာ စမ်းသပ်မှုတွေက တဆင့် လျှပ်စစ်မော်တာရဲ့ အခြေခံတဘောတရားကို ၇ှာဖွေတွေ့ရှိခဲ့ပာတယ်။
Faraday နောက် 'Morse' 'Bell' တို့ဟာ ဒီအိုင်ဒီယာကို တယ်လီဂရပ် နဲ့ တယ်လီဖုန်းတို့လို
ဆက်သွယ်ရေးလမ်းကြောင်းတွေအဖြစ် အကောင်အထည်ဖော်ခဲ့ကြတယ်။ "Edison" ကတော့ ဒီအိုင်ဒီယာ
ကို ပိုပြီးတောက်ပြောင်စေခဲ့ပြီး ကမ္ဘာကြီးကို ထွန်းလင်းစေခဲ့ပာတယ်။ Marconi နဲ့ deForest တို့ကတော့ 'Morse' 'Bell' တို့ထက်သာလွန်တဲ့ ရေဒီယိုဆိုတဲ့အရာကို အုပ်မြစ်ချပေးခဲ့ပာတယ်။
တကယ်ပြောချင်တာက အခုမှစတာပာ။ ပြန်ကြည့်လိုက်ရင် နှစ်ပောင်း ၂၅၀၀ လောက်ကို ဒီ
လျှပ်စစ်ဆိုင်ရာ အကြံဥာဏ်ကြီးက ကြီးကြီးလာပာတယ်။ အမှန်တော့ ဒီလိုဖြစ်လာရခြင်းဟာ ချက်ကျ လက်ကျ စဉ်းစားတွေးခော်ခဲ့တဲ့ လူနဲစုလေးတစ်စုက (ဂရိ၊ အင်္ဂလိပ်၊ ဂျာမန်၊ ဒိန်းမတ်၊ အမေရိကန်နဲ့ အီတလီ) ပြုစုပျိုးထောင်ပြီး ရှင်သန်ကြီးထွားအောင်လုပ်ဆောင် ခဲ့လို့တာဖြစ်တယ်။ ဒီပုဂ္ဂိုလ်တွေဟာ တစ်ယောက်နဲ့ တစ်ယောက်မသိကြပေမယ့် တစ်ခေတ်ထဲလောက်မှာ အလုပ်လုပ်ခဲ့ကြတဲ့လူတွေများပာ တယ်။ လွန်ခဲ့တဲ့ ၆၀၀ ဘီစီလောက်က အသုံးမကျလောက်တဲ့ အိုင်ဒီယာသေးသေးလေးဟာ ကမ္ဘာကြီး၇ဲ့မျက်နှာစာနဲ့ လူတွေရဲ့ စလေ့စရိုက်တွေကိုပာပြောင်းလဲစေတဲ့အထိ တကယ်ကိုကြီးထွားလာခဲ့ ပာတယ်။
ဒီလိုမဖြစ်စလောက် အကောင်အထည်မမြင်ရတဲ့ အိုင်ဒီယာတွေရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကဒီမှာလာပာပြီ။သူတို့စဖြစ်ပြီဆိုတာနဲ့ဖျက်ဆီးလို့မရလောက်အောင်ပာပဲ။စစ်ပွဲတွေ၊ေ၇ာဂာကဒ်ဆိုးတွေ၊ ဖိနှိပ်ညင်းပန်းမှုတွေကြောင့် ဒီကောင်တွေ မြင်ကွင်းကနေ ခဏလောက်ပျောက်သွားနိုင်ပေမယ့်ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်မှာ ဒာမှမဟုတ် တခြားလူတစ်ယေက်ရဲ့ဦးနှောက်ထဲမှာအမြဲလိုလိုပြန်အသက်ဝင်လာပာတယ်၊ ရှင်သန်ကြီးထွားလာကြပာတယ်။ ပြီးတော့ ကျွန်တော် ခံစားကြည့်လို့မရပေမယ့် တချိန်ချိန်မှာတော့ တစ်စုံတစ်ယောက်က 'Schubert' မှာ ၇ှိခဲ့ဖူးတဲ့ စိတ်ခံစားချက်နဲ့ နီးနီးစပ်စပ်တူတဲ့ စိတ်အခြေအနေမျိုးဖြစ် လာပြီး မပြီးဆုံးလိုက်တဲ့ သံစုံတေးသွားလေးရဲ့နောက်ဆုံးအပိုဒ်ကို ချရေးသွားပာ လိမ့်မယ်။
ကမ္ဘာကြီးရဲ့သမိုင်းမှာ လူထောင်ဂဏာန်းလောက်ကပဲ ဒီလိုအတွေးစကို ထွန်ယက်ပျိုးထောင် ခဲ့ကြသူတွေဖြစ်တယ်။ဒီလိုစဉ်းစားတွေးခော်တတ်တဲ့လူ၁၅၀၀လောက်သာမရှိခဲ့ရင်ကျွန်တော်တို့ ကျောက်ဂူတွေထဲမှာပဲ နေကောင်းနေကြအုံးမှာပာ။
ဒီလိုလူမျိုးတွေ နဲနေခဲ့တာ တို့ဘာများတတ်နိုင်မှာလဲလို့ ပြောကောင်းပြောနေမိမှာပာ။ ဒီလိုလူ မျိုးတစ်ခာတစ်ခာ ပော်လာအောင်စောင့်နေရုံပော့။ဒီလိုတော့ဘယ်ဟုတ်အုံးမလဲ။တခြားလူတွေကိုပညာတတ်အောင်သင်ပေးလို့ရသလိုမျိုး တွေးခော်တတ်သူတွေဖြစ်လာအောင်ပြုစုပျိုးထောင်ပေးလို့ရပာတယ်။ဘယ်သူမှတယောတီးတာကိုမလေ့ကျင့်တော့ဘူးဆိုရင်ကြီးကျယ်တဲ့တယောပညာ၇ှင်တွေဘယ်ရှိလာပာတော့မလဲ။ လေ့ကျင့်ခြင်းအားဖြင့် တွေးတတ်သူတွေ ဖြစ်လာနိုင်ပာတယ်။
နဂိုကတွေးတတ်ခဲ့တဲ့သူတွေလည်းသန်းပောင်းများစွာသောလူတွေနဲ့အတူပျင်းရိတဲ့စိတ်နဲ့ကျေ
နပ်တင်းတိမ်နေကြပာတယ်။ဒီလူတွေဟာလွယ်လွယ်တွေးတတ်ကြတဲ့သူတွေဖြစ်တယ်။သူတို့ကိုအိုင်ဒီယာတစ်ခုလောက် ချပြလိုက်ရင် မေးခွန်းလေးတွေ ပြန်မေးမယ့်အစားအလွယ်တကူပဲလက်ခံလိုက်တတ်ကြတယ်။ဒာဟာတကယ့်ကိုအန္တရာယ်ရှိပာတယ်။အထူးသဖြင့်လွဲမှားတဲ့အိုင်ဒီယာ ဖြစ်နေခဲ့မယ်ဆိုရင်ပော့။
သန်းပောင်းများစွာတဲ့လူတွေဟာလွဲမှားတဲ့အိုင်ဒီယာကြီးနဲ့သိမ်းသွင်းခံထားရတဲ့အတွက်ကျွန်တော်တို့ဟာဆိုးရွားတဲ့စစ်ပွဲကြီးတွေကိုနွဲနေကြရတာပာ။ဒီလိုလွဲမှားတဲ့တိုက်ပွဲတွေအတွက်အသုံးပြုနေရတဲ့စွမ်းအားတွေကိုတနေ့နေ့မှာကျွန်တော်တို့ဟာမှန်ကန်ပြီးအကျိုး၇ှိတဲ့အိုင်ဒီယာတွအတွက်ပဲအသုံးချနိုင်ဖို့ကျွန်တော်မျှော်လင့်နေတုန်းပာပဲ။
Original: Radio talk By Charles F. Kettering (1959)
P.S : ၁၉၅၉ လောက်ကဆိုတော့ computer, Internet, Mobile Phone & iProducts အကြောင်းတွေမပာဘူးပော့... Version ပြောင်းရေးရင်တော့ Steve Jobs ကြီးပာလိမ့်မယ်ထင်တယ်နော် :)
ဖတ်ပြီးတော့ဘာပြောရမှန်းတောင်မသိတော့ဘူး
ReplyDeleteလိုက်မမှီလို့ပါ။