Sunday 15 May 2011

ဟာသလေးတစ်ခု

*နိုင်ငံရေးသမား*
လသားအရွယ် ကလေးငယ်လေးကို ကြီးလာလျှင် မည်သို့သောလူဖြစ်မည်နည်းဟု သူ့ဖခင်က စိတ်ဝင်တစားနှင့်စမ်းသပ်သည်။ အခန်းထဲတွင် ပုတီးတစ်ကုံး ရယ်၊မုန့်ပန်းကန်ရယ်၊ပိုက်ဆံရယ် ထားထားပြီး
ကလေးကို    လွှတ်ထည့် လိုက်သည်။ ကလေးကပုတီးကိုယူလျှင် ဘုန်းကြီးဖြစ်ရမည်။ မုန့်ပန်းကန်ယူစား လျှင်အစားသမားဖြစ်လာမည်။ပိုက်ဆံကိုယူလျှင်တော  စီးပွားရေးသမားဖြစ်လာမည်ဆိုကာ ဖခင်ကစောင့် ကြည့်နေသည်။ ကလေးက မုန့်ဆီအရင်သွားသည်။မုန့်ပန်းကန်ကိုပြောင်အောင်ဝါးသည်။ပြီးတော့ ပုတီးကိုလက်မှာဆွဲကာ   ပိုက်ဆံကို အိတ်ထဲကောက်ထည့်က လေးဖက်ထောက်ပြီးပြန်ထွက်လာ၏။
         သူ့ဖခင်က တအံ့တသြနှင့်ရေရွတ်သည်။
‘ ဟင် ဒီကောင် နိုင်ငံရေးသမားကြီးပါလား’

No comments:

Post a Comment