ကျနော်တို့ ခြေဖဝားအောက်မှာ သူ့ဝင်ရိုးပေါ်ကို ၂၃.၅ ဒီဂရီတိမ်းစောင်းပြီးလည်ပတ်နေတဲ့ ထုထည်ကြီးမား လှတဲ့ အပြာရောင်အရာဝတ္ထုကြီးတစ်ခုရှိလာ တာ နှစ်ပောင်း ၄.၅ဘီလီယံလောက်ကြာခဲ့ပါပြီ။ အပြောင်းအလဲများစွာ
အထုအထောင်း ဒဏ်ချက်များစွာနဲ့ နေမင်းကြီးကို တစ်နှစ်ပြည့်တိုင်း တစ်ပတ်ပြည့်အောင် ဝတ္တရားမပျက် ဆက်လက် လှည့်ပတ်နေတဲ့ 'ကမ္ဘာ' လို့ခေါ်တဲ့ လူသားတို့ ရဲ့နေရပ်ဇာတိ။ ပင်လယ်ကြီးတွေရှိတယ်၊ တောင်တန်းတွေ အစီအရီရှိတယ်၊ မိုးသားတိမ်တိုက်တွေနဲ့ အလှဆင်ထားတယ်၊ အရောင်အသွေးစုံလင်တဲ့ အပင်တွေနဲ့ အမျိုးအစားစုံလင်တဲ့ သတ္တဝါတွေ ရှင်သန်နေကြတယ်၊ ပြီးတော့ ကိုယ်ရံတော်လတစ်စင်းလည်း အခန့်သင့် ရှိနေတယ်။ အဲဒီ အံဘွယ်ဒြပ်ထုကြီးကို လွယ်လွယ်ပဲ သက်မဲ့လို့ ကျနော်တို့သတ်မှတ်ထားကြ တယ်မဟုတ် ပါလား။ တကယ်ပဲ သက်မဲ့တဲ့လား။ ဒီသတ်မှတ်ချက်ကိုပြန်စဉ်းစားစမ်းစစ်ကြည့်ဖို့ အချိန်များတန်လာ ခဲ့ပြီလား။ ရူးကြည့် မယ်လေ။ :)
တကယ်တော့ ကမ္ဘာကြီးဟာ သက်ရှိပါလို့ မချင့်မရဲ့ ကျနော်လက်တို့ပြောကြည့်ချင်မိတယ်။ ရူးချင်ယောင်ဆောင်တယ်လို့ ခဏလောက်သဘောထားပေးပေါ့။ ပထမဆုံးဘယ်လိုအရာမျိုးကို ကျနော်တို့ က သက်ရှိလို့သမုဂ်လေ့ရှိတာပါလိမ့်။ ရွေ့လျားနိုင်တဲ့ခြင်း၊ ဇိဝဖြစ်ပျက်စဉ်တွေရှိတဲ့ခြင်း၊ ရှင်သန်ကြီးထွား နိုင်တဲ့ခြင်း၊ ပတ်ဝန်းကျင်နဲ့ အပြန်အလှန်နှီးနွယ်နိုင်ခြင်း၊ ပတ်ဝန်းကျင်ကို တုံ့ပြန်နိုင်ခြင်း ၊ နောက်ဆုံး မျိုးပွားနိုင်ခြင်း စတဲ့အရေအသွေးတွေရှိတဲ့ အရာကို သက်ရှိလို့ ယေဘုယျသတ်မှတ်ကြတယ်ဆိုရင် 'ကမ္ဘာ' ဆိုတဲ့ ကျနော်တို့ရဲ့ နန်းတော်ကြီးမှာ အဲဒီလို အရေအသွေးတွေ တကယ်ကို အများအပြား ရှိနေတာပေါ့။
ကျနော်တို့သာလျှင် ညဖက် ပင်ပန်းလို့ အနားယူအိပ်စက်နေပေမယ့် ကမ္ဘာကြီးကတော့ ရပ်နေ တယ်ဆိုတာမရှိပါဘူး။ သူ့ဝင်ရိုးပေါ်မှာလည်း သူလှည်နေသလို နေကိုလည်း မနားမနေလှည့်ပတ်သွားလာ
နေတယ်ဆိုတာ ကျနော်တို့ငယ်ငယ်တည်းက မျက်စိမှိတ်ပြီး အလွတ်ရွတ်နေကြတဲ့ အမှန်တရား တစ်ခု မဟုတ်ပါလား။ ဇီဝဖြစ်ပျက်ခြင်းဆိုတာ သက်ရှိတွေနဲ့သာ တွဲပြီးသုံးလေ့ရှိတဲ့ အသုံးအနှုံးတစ်ခုဖြစ်ပြီး
သာမန်အားဖြင့် မွေးဖွားခြင်း တည်ရှိခြင်းနဲ့ သေဆုံးခြင်းတို့ဆီကို ဦးတည်မဲ့ ဇီဝဓာတ်ပြုမှုတွေရှိနေခြင်းလို့ သတ်မှတ်နိုင်ပါတယ်။ အနီးဆုံး ဥပမာတစ်ခုကိုပြရလျှင် ကာဗွန်ဆိုင်ကယ်ကို လက်ညိုးညွန်လိုက်ချင်
ပါတယ်။ အဲလိုဇီဝဖြစ်စဉ်တွေရပ်တန့်သွားမယ့်နေ့ ကမ္ဘာကြီးရဲ့စားအိမ်သောက်အိမ် နေလုံးကြီး
သေဆုံးသွားမယ့်နေ့ သတ္တဝါတွေမတည်ရှိနိုင်မယ့်နေ့ဟာ ကမ္ဘာမြေကြီးရဲ့ ရှင်သန်ခြင်းအဓိပ္ပာယ်ပျောက်
သွားတဲ့နေ့ပါပဲ။
နေစကြာဝဠာအဖွဲ့အစည်းမှာပါနေတဲ့ ကမ္ဘာမြေမှာ သူ့ရဲ့ပတ်ဝန်းကျင်သက်ရောက်မှုတွေကို
တုန့်ပြန်နိုင်တဲ့ ခံတပ်တွေရှိပါတယ်။ ပထမဆုံးအနေနဲ့ နေမင်းကြီးကနေ တိုက်ရိုက်လာတဲ့ လျှပ်စစ်
သံလိုက်လှိုင်းတွေကို တန်ပြန်လမ်းလွဲပေးနိုင်တဲ့ ကမ္ဘာမြေထုရဲ့အတွင်းပိုင်းမှာအခြေတည်ထွက်ပေါ်နေတဲ့ သံလိုက်စွမ်းအင်လွှာ (Magnetoshopere) ရှိနေပါတယ်။ နောက် နေရောင်မှာပါတဲ့ ultraviolet rays တွေကို ကာကွယ်ဖို့အတွက်ကျတော့ အိုဇုန်းလွာတွေ မိုးသားထက်မှာ အခန့်သင့်ရှိနေပါတယ်။ ဒါ့အပြင်ကမ္ဘာရဲ့ဒြပ်ထုကြောင့်ရှိလာရတဲ့ ဒြပ်ထုဆွဲအား(Gravity)ဟာနေ၊လတို့အပြင်တခြား
ဝထ္တုကြီးတွေပေါ်မှာလည်းသက်ရောက်လျက်ရှိနေပါတယ်။
ဒီကမ္ဘာကြီး သက်ရှိနဲ့ မတူဆုံးအချက်ဆိုရင်တော့ မျိုးပွားနိုင်ခြင်းမရှိတာပါပဲ။ ကမ္ဘာနဲ့တူတဲ့ အလားတူကမ္ဘာတစ်ခုကို ကမ္ဘာကြီးက ဖန်တီးနိုင်စွမ်းမရှိခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ နို့..နေပါအုံး.. တကယ်လို့များ ကမ္ဘာမြေကနေ မွေးဖွားပေးလိုက်တဲ့ ကျနော်တို့လိုလူသားတွေ နေအဖွဲ့အစည်းအတွင်းမှာ
ရှိနဲ့ အခြားဂြိုလ်တွေမှာ အောင်မြင်စွာ အခြေချနေထိုင်နိုင်သွားပြီး ယနေ့ကမ္ဘာမှာလိုပဲ မြို့ပြတွေတည်
ထောင်သွားနိုင်ပြီဆိုရင်ရော။ ကမ္ဘာမှာရှိနေတဲ့မျိုးစေ့တွေ သတ္တဝါတွေကို ဂြိုလ်သစ်မှာလည်းသွားရောက်
ရှင်သန်စေခြင်းဟာ သွယ်ဝိုက်သောနည်းအားဖြင့် ကမ္ဘာလို ကမ္ဘာအသစ်တစ်ခုကို ဖန်ဆင်းနေခြင်းလို့ မဆိုနိုင်ဘူးလား။ ဒီလိုဆွဲတွေးလိုက်ရင် ကမ္ဘာကြီးဟာ ရှင်သန်နေတဲ့ အရာတစ်ခုလို့ တနည်းဆိုနိုင်လာပြီ မဟုတ်ပါလော။
တကယ်တော့ ကျနော်ရဲ့ ကမ္ဘာကို သက်ရှိလို့ဆိုတဲ့အမြင်မှာ လူတွေရဲ့ အခန်းကဏ္ဍက ချန်ထားလို့မရနိင်ပါဘူး။ ဒီနေရာမှာ လူနဲ့ကမ္ဘာကို သီခြားမမြင်ပဲ လူကို ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတစ်ခု
အဖြစ်မြင်ယောင်ကြည့်ခြင်းပဲဖြစ်ပါတယ်။ ဒီလိုမြင်ကြည့်ရင် လူမှုအဖွဲ့အစည်းတိုးတက်လာခြင်း နည်းပညာ
ကောင်းမွန်လာခြင်း အသိဥာဏ်ရှိလာခြင်းဟာ ကမ္ဘာကြီးကိုယ်တိုင်က အသိရှိလာခြင်း ရင့်ကျက်လာခြင်း
လို့မြင်လာမိတယ်။ အသက်အဝင်ဆုံး အခန်းနားဆုံး ဗိသုကာတွေနဲ့ လှချင်တိုင်း လှနေတဲ့ တိုက်တာ
အဆောက်အဦးကြီးတွေ စေတီပုထိုးတွေ ပိရမစ်ကြီးတွေ၊ ပြီးတော့ ရောင်စုံလင်းနေတဲ့ မြို့ပြညတွေဟာ ကျနော့် အတွေးထဲမှာတော့ ကမ္ဘာကြီးက သူ့ကိုယ်သူ ပြန်အလှဆင်နေခြင်းသာဖြစ်တယ်။ ထိုနည်း၎င်းပဲ စကြာဝဠာရဲ့အခြားတစ်နေရာမှာ ဘယ်သူတွေများရှိနေမလဲလို့ အရှာထွက်နေခြင်းဟာ ကမ္ဘာကြီး ကိုယ်တိုင်က အဖော်ရှာထွက်ခြင်း ရှာနိုင်တဲ့ အသိဥာဏ်တွေရှိလာခြင်းလို့ ပြန်ပြောင်း ပုံဖော်ကြည့်မိတယ်။
နောက်ဆုံးအနေနဲ့ ကမ္ဘာကြီးကို လူတစ်ယောက်နဲ့ ခိုင်းနှိုင်းရရင် ကမ္ဘာကြီးမှာလည်း ဦးနှောက်ရှိ လာခြင်း အထူးသဖြင့် 'အသိစိတ်' ရှိလာခြင်းလို့မြင်မိတယ်။ အဲဒီ ကမ္ဘာကြီးရဲ့အသိစိတ်ဆိုတာ သန်း၇ထောင်သော လူအစုအဝေးကြီးရဲ့ စုပေါင်းအသိဥာဏ် စုပေါင်းအသိစိတ်ကိုဆိုလိုပါတယ်။ ထိုနည်း၎င်းပါပဲ လူတစ်ယောက်ချင်းကိုကျတော့ ကမ္ဘာ့ဦးနှောက်ရဲ့ နူရုံး (neuron) တစ်ခုချင်းဆီကို ကိုယ်စားပြုနေတယ်လို့ ဆက်လက်စိတ်ကူးကြည့်မိတယ်။ ခုဆို ကမ္ဘာကြီးရဲ့ ဦးနှောက်ဖြစ်တဲ့ လူတွေမှာ ကမ္ဘာကြီးပြန်သတ်ဖို့ တနည်းဆိုရင် ကမ္ဘာကြီးကို suicide လုပ်ခွင့်ပေးနိုင်ဖို့ နူကလီယားလက်နက်တွေကို တီထွင်ပိုင်ဆိုင်လာကြပါပြီ။ ကမ္ဘာကြီးရဲ့ အဆုတ်ဖြစ်တဲ့ သစ်တောကြီးတွေကို မဆင်မခြင်ခုတ်ထစ်ကုန်
ကြပြီ။ ကမ္ဘာကြီးရဲ့ သွေးကြောကြီးတွေဖြစ်တဲ့ မြစ်ကြီး ချောင်းငယ်တွေထဲမှာ အဆိပ်သင့်တဲ့
အာဟာရတွေ စီးမျောနေစေခြဲ့ပီ။ Global Warming ဆိုတာကို ကျနော့်အနေနဲ့ ကမ္ဘာကြီး အဖျားတက်ခြင်း
လို့ကို ကွန့်ညွှန့်ဘာသာပြန်ပလိုက်ချင်မိတော့တယ်။ :)
တောင်တန်းတွေကို ပြုံးပြနေတတ်တဲ့သူတွေကို တွေ့မိရင် အရူးလို့ အလျှင်စလို ကောက်ချက်
မချမိပါစေနဲ့။ .....
7pm
Showing posts with label Science. Show all posts
Showing posts with label Science. Show all posts
Friday, 22 June 2012
Saturday, 4 February 2012
ကျွန်တော်ပြောပြချင်တဲ့ နိဗ္ဗာန် (၂)
ဒီနေ့အိမ်အပြင်မှာ နေလဲမထွက် ညို့မှိုင်းမှိုင်းနဲ့ ပတ်ဝန်းကျင်က အတော်ကို လူ့စိတ်လန်းစန်းမှုတွေမပေးနိုင်ဘူး။ ကြွေးကျန်ရှိတော့ ဆက်ရေးမယ်လို့အားခဲပြီး ဘလော့ထဲဝင်လာခဲ့တယ်။ရေးထားတာတွေလည်း ဘယ်သူမှထူးထူးခြားခြားလာဖတ် တာမတွေ့ရဘူး။:) ဟုတ်ပါတယ်လေ ကိုယ်ရေးချင်တာလေးတွေရေးဖို့ နေရာလေးတစ်ခုကို ကိုယ်ပဲ တိတ်တိတ်လေး ဖန်တီးထားတာပဲ။ ရင်းနှီးတဲ့ဘော်ဒါတွေတောင် ဒီကောင်စာရေးစာချီလုပ်နေတာ သိရင် ပြီတီတီနဲ့ ဖြစ်နေအုံးမှာ။ မျက်စိလည်လမ်းမှားပြီးရောက်လာတဲ့ သူတွေလောက်ပဲ 'လာလည်ပါတယ် ခင်ဗျ' တွေဘာတွေလုပ်သွားကြတယ်။ အင်းလေ ကိုယ်လည်းသူများဘလော့ထဲသွားရင် ဒီလိုပဲမဟုတ်ပေဘူးလား။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်သိတာ တွေးမိတာလေးတွေကိုလွတ်လွတ်လပ်လပ်နဲ့ အကောင်းဆုံးဆက်ရေး ဖို့တော့ ဖီလင်လေးရှိနေသေးတယ်။ ကဲစလိုက်ရအောင်...
ဗုဒ္ဓဟာတချိန်တုန်းက စိတ်ရဲ့သဘောသဘာဝကို အမှန်အတိုင်းမြင်အောင် ထုတ်ဖော်ပြောပြပေးနိုင်တဲ့ ပုဂ္ဂိုလ်ထူးကြီးလို့ပဲ ကျွန်တော်ခံယူထားတယ်။ လူမှုကောင်းကျိုး စီးပွားတွေအတွက် အကောင်းဆုံးလမ်းပြပေးနိုင်တဲ့ ဒဿနကောင်းတွေကိုချန်ရစ်ခဲ့နိုင်တဲ့ အဆင့်မြင့်လူသားတစ်ယောက် မေတ္တာရှင်တစ်ပါးလို့လည်း သတ်မှတ်ထားတယ် (ကျွန်တော့်ရဲ့ ပါဆင်နယ် အမြင်သာဖြစ်သဖြင့် လွပ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်)။ ပြီးတော့ဗုဒ္ဓဟာအလေးနက်ဆုံးတွေးခေါ် ရှင်တစ်ယောက် လောကရဲ့အမှန်တရားတွေကို ရှာဖွေတွေ့ရှိခဲ့တဲ့ အသိဥာဏ် ဝေဖန်ပိုင်းခြားနိုင်တဲ့ဥာဏ် အလွန်မြင့်မားတဲ့ လူတစ်ယောက်ဖြစ်တယ်။ ဒါတွေကိုဘယ်လိုကြည့်ပြီးသတ်မှတ်သလဲဆိုရင် သူချန် ထားပေးခဲ့တဲ့ သူ့တစ်သက်ကြိုးစားအားထုတ်မှုတွေရဲ့ ရလဒ်ဖြစ်တဲ့ စစ်မှန်နက်နဲပြီး လက်တွေ့ လည်းကျတဲ့ ဘယ်သူမဆိုလိုက်လံ အားထုတ်နိုင်တဲ့ တရားဓမ္မတွေကြောင့်ပဲဖြစ်တယ်။ တန်ခိုးတွေ သဘာဝလွန် ကိစ္စတွေဆိုတာ ကိုတော့တစိတ်ကျွန်တော်ယုံကြည်ဖို့ ခက်နေဆဲပါ။
တကယ်တော့ဗုဒ္ဓရဲ့လမ်းစဉ်ဟာ ကျင့်ကြံအားထုတ်ခြင်း လေ့ကျင့်ခြင်းသာ အဆက်မပြတ်
ဆန်းစစ်ဝေဖန်နေခြင်းတို့သာဖြစ်တယ်။ ဘာကို စမ်းစစ်ဝေဖန်မှာလဲ ဘာကိုလေ့ကျင့်ပျိုးထောင်ပေးမှာ
လဲ။ ဦးနှောက်ကိုပါ။ တောထဲမှာ တရားသွားအားထုတ်ခဲ့တဲ့ အမှန်ကိုရှာဖွေခဲ့တဲ့ သိဒ္ဓတ္တမင်းသားဟာ
အောင်မြင်သွားတဲ့အချိန်မှာ ဘဝအပေါ်ကိုမြင်တဲ့အမြင်လုံးဝထူးခြားပြောင်းလဲသွားခဲ့ပာပြီ။ အစွဲအလန်း
တွေကင်းပြီး စိတ်ကိုအသန့်ရှင်းအအေးမြဆုံး အခြေအနေကိုထားနိုင်ခဲ့ပါပြီ။ ဘယ်သူဘယ်ဝါမှ မရရှိဖူး
သေးတဲ့ ပျော်ရွှင်ခြင်းမျိုး စိတ်ငြိမ်နေခြင်းမျိုး သန့်ရှင်းစင်ကြယ်နေခြင်းမျိုးဆိုတဲ့ ဂုဏ်သတ္တိမျိုးကို
အမှန်ပင်သိမြင်ရရှိခဲ့ပါပြီ။ ကျွန်တော်မပြောပြတတ်တဲ့ တစ်ခြားဂုဏ်သတ္တိတွေ အများအပြားရှိနေပါအုံး
မယ်။ အဲတော့ အနှစ်ချုပ်ရင် နိဗ္ဗာန်ဆိုသောအရာသည် အထွတ်အထိပ်ဖြစ်ဆုံး အကောင်းဆုံးသော
'အတွေ့အကြုံ၊ ဘဝအမြင်' သာလျှင်ဖြစ်တယ်လို့ ကျွန်တော်ယူဆပါတယ်။
အဲလိုပြောတော့ သိပ်လွယ်လွယ်ရနိုင်တယ်မထင်ပာလေနဲ့။ အစွဲတွေ အစွဲတွေဖြုတ်ဖို့ဆိုတာ
လေ့ကျင့်မှု အဆင့်ဆင့် ရင့်ကျက်မှု အဆင့်ဆင့်နဲ့ တဖြည်းဖြည်းခြင်းဆင်ခြင်မြင်သိနိုင်မှာဖြစ်တယ်လို့
ယုံကြည်ပါတယ်။ ဥာဏ်မှီဖို့ ပျော့လွယ်ပျောင်းလွယ်တဲ့ သဘောထားရှိဖို့ မမှိတ်မသုန်ကြိုးစားအားထုတ်
နေမှုစသော အရည်အချင်းတွေကမှတဆင့် သူသူငါငါမြင်နေတဲ့ မှားနေတဲ့ လောကအမြင်ကို အခြေခံထား
တဲ့ဦးနှောက်ဟာ အမြင်သစ် အရည်အသွေးသစ်တွေနဲ့ မရရှိမခံစားဖူးသေးတဲ့ ချမ်းသာကိုရနိုင်မှာဖြစ်တယ်။
အဲတော့ ကျွန်တော့်အမြင်မှာ နိဗ္ဗာန်သည်သေပြီးလျှင် ခံစားနေရဲ့မယ့် သိနိုင်မယ့်အခြေအနေတစ်ခုမဟုတ်
သက်ရှိနေနေတုန်းမှာသာ မြင်သိခံစားနိုင်ပြီး ဦးနှောက်ကို အခြေခံတယ်လို့ဆိုတာသေချာသလောက်ပာပဲ။
အဘိဓမ္မာမဖတ်ဖူးတဲ့ ကျွန်တော်ဟာ စိတ်ကို ဘယ်လိုအပိုင်းပိုင်းခွဲပြီးတော့ ချဉ်းကပ်သွားတယ်
ဆိုတဲ့ အဏုစိတ်ကို အခုခါမှာ မပြောပြနိုင် မစန်းစစ်ကြည့်နိုင်ပါဘူး။ သိပ္ပံဘက်ကတော့ ကျွန်တော်ချဉ်းကပ်
ကြည့်နိုင်ပါမယ်ထင်ပါတယ်။ ပထမဆုံးလိုအပ်တာ ဦးနှောက်အကြောင်းကို နည်းနည်းပါးပါးသိဖို့ပါပဲ။ စိတ်ရဲ့တည်ရာဟာ ဦးနှောက်ပဲဆိုတာကို ဆေးပညာအရရော စိတ်ပညာဗေဒကရော အများစုလက်
ခံပါတယ်။ ဥပမာတွေ နဲနဲပြောရရင် စိတ်ကိုပြောင်းလဲစေနိုင်တဲ့ဆေးတွေဆိုတာ ဦးနှောက်နဲ့ အာရုံကြော
မှာသွားပြီး ပဋိဇီဝဓာတ်ပြုခြင်းတွေဖြစ်တာပါပဲ။ ပျော်ဆေး မြူးဆေးဆိုတာတွေ ...ဒီထက်ရှင်းတာတစ်ခု
ထပ်ပြောပြရရင် အရက်သောက်တာ။ တချို့လူတွေအရက်သောက်ပြီးရင် ပျော်တယ်။ တချို့ငိုတယ်
ကြေကွဲတယ် တစ်ချို့စကားများလာတယ် ကြမ်းချင်ရမ်းချင်လာတယ်။ ဒာဟာ ကျွန်တော်ဆို့ရဲ့ ဦးနှောက်
တွေမှာ နှစ်ရှည်လှများခိုအောင်းနေတဲ့ အတိတ်က ဒဏ်ရာတွေပြန်ပေါ်လာတာဖြစ်နိုင်သလို
သာမန်ချိန်မှာ သိလို့ ဖြစ်စေ မသိလို့ဖြစ်စေ ထိန်းချုပ်ထားတဲ့အရာတွေ လွတ်ကျလာတာမျိုးတွေ
ဖြစ်တယ်။
စိတ်အပြောင်းအလဲတစ်ခုဟာ ဦးနှောက်ထဲမှာရှိတဲ့ ဦးနှောက်ဆဲလ် (neurons) တွေ အချိတ်
အဆက်လုပ်ကြတာ အချင်းချင်းစကားပြောကြတာ ပါပဲ။ စိတ်ကူးတစ်ခုဟာ ကွန်ယက်ချိတ်ဆက်မှု
တစ်ခုဖြစ်နိုင်သလို ကွန်ယက်တွေအများကြီးပောင်းပြီးမှ ထွက်လာတဲ့ ရလဒ်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဦးနှောက်တစ်ခုမှာ Neurons ပေါင်း ၁၀၀ ဘီလီယံရှိပြီး neuron တစ်ခုချင်းဆီမှာ အခြား neurons
တွေနဲ့ ချိတ်ဆက်ထားမှု (synapses) ၁၀၀၀ ကနေ ၁၀၀၀၀ ထိရှိနိုင်ပြီး သချာင်္အရဆိုရင် ဦးနှောက်တစ်ခု
လုံးမှာ ကွန်ယက်ချိတ်ဆက်ထားနိုင်တဲ့ လမ်းကြောင်းပေါင်းဟာ ၁၀နောက်မှာ သုညအလုံးေ၇ ၁သန်းထိ
ရှိနိုင်ပါတယ်။ ပညာရှင်တွေအဆိုအရ စကြဝဠာကြီးတစ်ခုလုံးမှာရှိတဲ့ အမှုန် (particles) ပမာဏစုစုပေါင်း
ဟာ ၁၀နောက်မှာ သုညအလုံးရေ ၈၀ လို့ဆိုပါတယ်။ ဒီလိုဆို ၃ပောင်လောက်သာလေးတဲ့ ဒီဦးနှောက် မှာစီဆင်းဖြစ်ပေါ်နိုင်တဲ့ လမ်းကြောင်းပေါင်းဟာ စကြာဝဠာမှာရှိတဲ့ အမှုန်အရေအတွက်အားလုံးထက်
အဆပေါင်းများစွာပိုများနေပါသေးတယ်။ ပြီးတော့ ဒီလျှပ်စီးလမ်းကြောင်းတွေဟာ စက္ကန့်နဲ့အမျှ အသက်
ရှိနေတရွေ့ မရပ်မနားဖြစ်ပျက် စီးဆင်းနေတာဖြစ်တဲ့အတွက် စိတ်ကူးပောင်း ခံစားချက်ပောင်း အတွေးပေါင်း
များစွားဟာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာပြီး အစိုးမရနိုင်အောင်ဖြစ်ရပါတယ်။
သိစိတ်တစ်ခုဖြစ်လာဖို့ တိကျတဲ့လျှပ်စစ်စီးကြောင်းတွေဖြစ်လာဖို့ကို သိပြီးသားတွေဖြစ်တဲ့အတိုင်း
ဒွာရခြောက်ပေါက်မှာ အခြေခံပါတယ်။ သကြားစားပြီးချိုတယ်ဆိုတာသိလိုက်ရတဲ့စိတ်၊ မိန်းမလှလေး
လမ်းလျှောက်သွားတာကို မြင်ပြီး တက်မက်သွားတဲ့စိတ်၊ တေလာဆွစ်ရဲ့အသံလေးကိုကြားပြီး ရင်ခုန်
သွားတဲ့စိတ်၊ ဖွေးဖွေးဆွတ်ထားတဲ့ရေမွေးနံ့လေးရလိုက်ပြီး သာယာသွားတဲ့စိတ်၊ အခုစာရိုက်နေတဲ့
လက်ချောင်လေးတွေ ကီးဘုတ်ခလုတ်ကို ထိတာသိလိုက်တဲ့စိတ်၊ မနက်တုန်းက စားထားတဲ့ ဒန်ပေါက်
ကိုပြန်တွေးပြီး ဖြစ်လာတဲ့ ထပ်စားချင်တဲ့စိတ် ဒာတွေအားလုံးဟာ လျှပ်စီးဖြစ်စဉ်တွေလို့ မြင်ကြည့်နိုင်ပါ
တယ်။ တကယ်လည်းကိုယ်ဘာမှ လိုက်မထိန်းချုပ်နိုင်ပါဘူး။ သူ့ဟာသူဖြစ်နေတဲ့ကိစ္စလေးတွေကို
ကိုယ်ကသိခွင့်ရလိုက်တာပဲရှိတယ်။
စိတ်ကို သိစိတ်နဲ့ မသိစိတ်ဆိုပြီး ခွဲခြားနိုင်သလို မသိစိတ်ဟာလည်း ဦးနှောက်စက်ရုံမှာပဲ
ကုန်ထုတ်လုပ်ပါတယ်။ မသိစိတ်ရဲ့နယ်မြေအပိုင်းအခြားဟာ သိစိတ်ထက်အများကြီး ကြီးမားကျယ်
ပြန့်ပါတယ်။ သိစိတ်တိုင်းဟာ မသိစိတ်မှာ အရင် အခြေခံပြီးမှ သိစိတ်ဖြစ်လာကြတာပါ။ မသိစိတ်
ဘာလည်းလို့ဆိုရင် အလိုလို ဖြစ်ပျက်နေတဲ့ ဦးနှောက်လျှပ်စီးကြောင်းတွေပါပဲ။ အပော်မှာဆိုခဲ့
သလို မရေမတွက်နိုင်အောင် အဆက်မပြတ်နိုင်အောင် ဖြစ်နေတဲ့ စီးကြောင်းတွေပါပဲ။ ဒီစီးကြောင်း
တွေတစ်ခာဖြစ်တိုင်း ကျွန်တော်တို့တစ်ခါလိုက်သိနေရရင် ရူးသွားမှာသေချာပါတယ်။ ဦးနှောက်
ကုန်ထုတ်လုပ်ရုံက စမှတ်ကျပါတယ်။ အရှင်းပြောရင်လိုအပ်တာပဲ ပေးသိပါတယ်။ ခုဒီစာကို ဖတ်နေတဲ့
အချိန်မှာ ကိုယ့်အဘိုးအကြောင်းမစဉ်းစားမိသလိုပေါ့။ ဆိုင်လည်းမဆိုင် လောလောဆယ်လည်းမလိုတဲ့ဟာ
တွေကို ဦးနှောက်က ကျွန်တော်တို့ကို ပေးမသိပါဘူး။
သိစိတ်နဲ့ မသိစိတ်ဟာ ပင်လယ်ထဲက ကျွန်းလေးတစ်ခုနဲ့တူပါတယ်။ ကျွန်လေးကတော့ သိစိတ်ပော့ ပင်လယ်ကြီးကတော့ မသိစိတ်တို့တည်ရှိရာပော့။ လှိုင်းလေးလာရိုက်တိုင်း သိခွင့်ရတတ်ပေမယ့် လှိုင်းလာမရိုက် ဘူး ငြိမ်နေတယ်ဆိုရင် ဘာမှသိပ်ထူးထူးခြားခြား မခံစားရသလိုပော့။ ညဘက်အိပ်တဲ့ အချိန်ကျတော့ ကျွန်းလေးက ရေမြုပ်နေပြီး ဘာအသိစိတ်မှ အဖြစ်ဘူး.။ မသိစိတ် ကတော့ရှိနေတာပဲ ဦးနှောက်ကတော့ တစ်နေ့တာ အဖြစ်အပျက်တွေကို သေချာပြန်ပြီး အစီစဉ်ကျနအောင် လိုအပ်သလို သူ့အလုပ်သူလုပ်နေတာပါပဲ။ တစွန်းတစ အိပ်မက်လိုလို သိလိုက်ရပေမယ့် နှစ်ခြိုက်အိပ်ပျော် သွားရင်ဘာမှကို သိခွင့်မရလိုက်တော့ဘူး။ ဘယ်မှာတုန်း 'ငါ'.... ကျွန်တော်ကတော့ တစ်ခါသေဘူးတယ်။
ငယ်ငယ်က ဆိုင်ကယ်အက်စီဒင့်ဖြစ်တော့ မေ့ဆေးနဲ့ အော်ပရေးရှင်းလုပ်တုန်းကပါ။ အိပ်တာနဲ့မတူပါဘူး။
ဆေးထိုးပြီး သိပ်မကြာဘူး။ ဘာမှကို မသိတော့တာ။ ပြန်နိုးလာမှ ဆေးရုံက အခန်းထဲပြန်ရောက်နေမှန်းသိ
လိုက်တာ။ မေ့နေတုန်းကာလတစ်ခု လုံးဝပျောက်သွားတယ်။ အသိဥာဏ်မှာ မြူတစ်မှုံတောင်ပြန်မဖော်
နိုင်ဘူး။ ဘယ်ရောက်သွားလဲ 'ငါ'... တကယ်မှ မရှိတာ ...
ဆက်လက်ရေးရပါအုံးမည်...
7PM

Thursday, 2 February 2012
ကျွန်တော် ပြောပြချင်တဲ့ နိဗ္ဗာန် (၁)
စောစောထဖြစ်တယ်။ လုပ်စရာတွေလည်း အထွေအထူးမရှိတော့စာတစ်ပုဒ်လောက်ရေးမယ်လို့
အကြံပေါ်တာနဲ့ ဘလော့ထဲလာခဲ့တယ်။ ၅မိနစ်လောက်ခေါင်းစဉ်လေးတစ်ခုစဉ်စားမိပြီး ချီတုံချတုံဖြစ်နေ
တယ်။ဟုတ်ပါတယ် ခောင်းစဉ်ကအကြီးကြီးမို့ပါ။အဲတော့ သေချာဂရုစိုက်ရေးရတော့မှာဆိုတော့ ကော်ဖီလေး
တစ်ခွက်နဲ့ ဂီသွင်းရသေးတယ်။ :)
နိဗ္ဗာန်တဲ့။ ဘာပါလိမ့်နိဗ္ဗာန်။တစ်သက်လုံးကြားကြားလာတာပဲကြာလှပြီ။ခုထိကို ငြင်းကြဆွေးနွေး
ကြနဲ့ သာမန်ဦးဇင်းတွေတောင် လူတွေနားလည်နိုင်အောင် မပြောပြနိုင်ဘူး။ အကြောင်းကတော့နိဗ္ဗာန် ကိုရှင်းရှင်းလင်းလင်းမြင်ယောင်ကြည့်နိုင်ဖို့အတွက် အကောင်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ မရှိခြင်း ပါပဲ။ နေရာတစ်ခုလိုလို အားလုံးပြီးဆုံးချုပ်ငြိမ်းခြင်းလိုလို ဘာမှမရှိခြင်းလိုလို အရာရာပြီးပြည့်စုံခြင်းလိုလို
ဆိုနေကြပေမယ့် သိကျရေရာမှုမရှိလှပါဘူး။ ကျွန်တော်ကတော့ အတွေးသမားဆိုတော့ တောင်းတာ
တောင်းတနေကြတာ ဘုန်းကြီးကျောင်းသွားတိုင်း ဘုန်းကြီးတွေဆုပေးနေကြတာ ဘာမှန်းလဲမသိဘဲ
လက်ခံနေရသလိုဖြစ်နေတယ်။ အဲ တော့ တွေးကြည့်လိုက် မမြင်နိုင်နိုင်လိုက်နဲ့ဘဲ တစ်သက်လုံးတိုင်ပတ်
နေတယ်။
မင်းက နိဗ္ဗာန်အကြောင်းရေးတော့မယ်ဆိုတော့ ဆရာကြီးလား။ နိဗ္ဗာန်ရပြီမို့လို့လားလို့ ရစ်ချင်
ကြပါလိမ့်မယ်။ အဲတော့ ဆရာကြီးလဲမဟုတ်သလို နိဗ္ဗာန်ရဖို့ဆိုတာ ဝေလာဝေးပော့။ ဒာပေမယ့် ကျွန်တော်
ထဲထဲဝင်ဝင်စိတ်ဝင်စားမိတဲ့ အရာကိုလိုက်ရှာနေတာ တစွန်းတစတော့ရပြီလို့ ဆိုချင်ပါတယ်။ ဖတ်ပြီးလက်
မခံနိုင်သေးရင်တော့ ဝေဖန်မှုတွေကို ဆီးကြိုနေပါတယ်။ :) သေချာတာတစ်ခုကတော့ ကျွန်တော်နိဗ္ဗာန်ရဲ့
အငွေ့အသက်လေးရဖို့ နေရာဆုံကနေချဉ်းကပ်ကြည့်နေတာပါပဲ။ ပြီးတော့ သာမန်လူတွေနားလည်နိုင်တဲ့
စကားလုံးတွေနဲ့ (ကျွန်တော်ကိုယ်တိုင်လည်း ပါဠိမသိပါ ဂါထာတစ်ပုဒ်တောင်ဖြောင့်ဖြောင့်မရ) သိပ္ပံဖက်
ကနေ ရှင်းအောင်ပြောနိုင်အောင်ကျွန်တော်ကြိုးစားပါမယ့်။
အဓိကအကြောင်းအရာကို မပြောခင် ကျွန်တော်နဲ့ ဗုဒ္ဓဘာသာဘယ်လိုရေစက်ပါလာသလဲ
ဆိုတာကို အကျဉ်းလေးရေးချင်ပါတယ်။ ပထမဆုံးတော့ မိရိုးဖလာကြောင့်ပေါ့။ ကျွန်တော့်မိခင်က ဘာသာတရားအတော်ကို ကိုင်းရှိုင်းပါတယ်။ သားကြီးဖြစ်တဲ့ ကျွန်တော်ကိုလည်း လိမ္မာအောင် ဘာသာ
ရေးဘောင်ထဲမှာ ခပ်ထားတယ်။ သူကိုယ်တိုင်လည်း ဘုရားထိဓားကြည့်ဆိုတာမျိုးဆိုတော့ သိတတ်စ
အရွယ်လောက်ကစပြီးတော့ ဘုရားစင်ဖက်ခြေစင်းထားတယ် အတုတ်ခံရပြီသာမှတ်။ ငယ်ငယ်တုန်းက
မှတ်မိသလောက်ဆိုရင် ၃၊ ၄တန်းလောက်ဖြစ်မယ်ထင်တယ်။ မိသားစုထမင်းဝိုင်းမှာ ထမင်းလေးစားရင်း
စပ်စုမိတာလေးတွေပြန်သတိရတယ် (ပြန်လိုချင်တယ်ဗျာ :( )။ ခက်တာက အမေကလည်း ဘုန်းကြီးတွေ
ပြောတာလောက်ပဲသိတော့ တချို့အချက်တွေကမှားနေသလို တချို့မေးခွန်းတွေကိုလည်း သူမဖြေတတ်
ဘူး။ နည်းနည်းလောက်ပြန်တူးဆွရရင် -
'သားတို့ ဘာလို့လူဖြစ်တာလဲ အမေ'
'အရင်ဘဝက ကောင်းတာတွေ လုပ်ခဲ့လို့ပေါ့'
'လူဘယ်က စဖြစ်လာတာလဲအမေ'
'ဘုရားက အဲလိုမေးခွန်းကို မဖြေခဲ့ဖူး သား' 'အဓိက ကတော့ သာသနာရှိနေတုန်း နိဗ္ဗာန်ကျွတ်တမ်းဝင်
အောင်လုပ်ဖို့ပဲ အရေးကြီးတယ်' 'နောက်ပွင့်မယ့် အရိမိတ္တယျ ဘုရားလက်ထက်မှ မကျွတ်သေးရင်
ကျွတ်တမ်းဝင်ဖို့ မလွယ်တော့ဘူး'
'ဟာ ..တခြားဘုရားတွေရှိသေးတာလား'
'ရှိတာပေါ့ သားရယ်.. အခု အမေတို့ ကိုးကွယ်နေတဲ့ ဂေါတမဘုရားရှင်ရှေ့မှာ ဘုရားသုံးဆူပွင့်ခဲ့ပြီးပြီ'
'အော် သားတို့ အဲဒီအချိန်တွေတုန်းက ဘာလို့ မကျွတ်တာခဲ့တာလဲ မသိဘူးနော်'
'ပာရမီ အရေအချင်းမပြည့်မီလို့ပေါ့ သားရယ် ဆိုးမိုက်ခဲ့တာတွေလည်း ရှိမှာပေါ့' 'အဲဒာကြောင့်သားကို
လိမ္မာဖို့ ဘုရားတရားမိဘ သိဖို့ ပြောနေရတာပေါ့'
'အဲဒီ နိဗ္ဗာန်ကျွတ်တမ်း တရားဆိုတာဘယ်လိုမျိုးလဲအမေ'
'အရာရာချုပ်ငြိမ်းသွားတာပေါ့ လူထပ်မဖြစ်တော့ဘူးပေါ့ အေးချမ်းသွားတဲ့နေရာပေါ့' 'ဒါ့ပေမယ့်သား နိဗ္ဗာန်ရောက်ဖို့ဆိုတာ သိပ်ကိုခက်ခဲတယ်... တော်ရုံကြိုးစားမှုမျိုးနဲ့ မရဘူး သား'
အမေပြောချင်တာ နေရာ တစ်ခုလို့ကျွန်တော်မြင်ယောင်ကြည့်မိတယ်။ အဲလိုပဲ မရရင်ခက်ပြီ
လို့တဆက်ထဲ စိတ်ပူမိတယ်။ ဘယ်လိုနေရာမျိုးလဲ ဆိုတာကိုလည်း သိပ်သိချင်ခဲ့မိတယ်။ နောက်တော့
လဲဒီလိုပဲ ကျောင်းတွေတက် ဟိုလုပ်ဒီလုပ်နဲ့ မေ့မေ့ပျောက်ပျောက်ရှိသွားရော။ ဆော့တာစားတာနဲ့အိပ်တာ
နဲ့ ပဲကြီးပြင်းလာခဲ့တယ်။ လပြည့်လကွယ် ဘုန်းကြီးကျောင်းလေးသွားလိုက် ဘုန်းကြီးပေးတဲ့နိဗ္ဗာန်ကိုပဲ
ယူပြီးပြန်လာလိုက်နဲ့။ သိပ်ကိုနက်နဲခက်ခဲတဲ့အရာတစ်ခု ကိုယ်မလှမ်းနိုင်သေးတဲ့နေရာတစ်ခုလို့ပဲ
ယူဆလာခဲ့တယ်။ ဘုန်းကြီးကျောင်းသွားရင် နံရံမှာချိတ်ထားတဲ့ ဇာတ်တော်ပန်းချီတွေကတော့ အတော်ကို
စိတ်ဝင်တစားသွားသွားကြည့်ဖြစ်တယ်။ အေးချမ်းမှုတစ်ခုရရပြီ ပြန်လာတယ်လို့ ခံစားမိခဲ့တယ်။ ကိုယ်ကိုယ်ကိုတော့ ငါဟာဗုဒ္ဓဘာသာဝင်တစ်ယောက်လို့ စိတ်ထဲမှာ ကြိတ်ဂုဏ်ယူနေတတ်ခဲ့မိတယ်။
ကျောင်းမှာလဲ ဝတ်ရွတ်ဆို အမြဲလိုလိုပါဖြစ်တယ်။ တကယ်တော့ ရွတ်တာရွတ်ခဲ့တာ အဓိပ္ပာယ်တွေကို
သိပ်လည်းမသိခဲ့ မမေးမြန်းမိခဲ့ပါဘူး။
တက္ကသိုလ်ကျောင်းသားဘဝကတော့ အမေနဲ့လည်းဝေးသွား လပြည့်လကွယ်နဲ့လည်းဝေးသွားပြီး
လဖ္ဘက်ရည်ဆိုင် ဘီယာဆိုင်နဲ့ပိုနီးသွားခဲ့တယ်။ :) အမှန်တော့ ကိုးတန်းဆယ်တန်းမှာလောက် ကတည်း
က သိပ္ပံကို အထူးသဖြင့် သချာင်္နဲ့ ဖီးဆစ်ကို စိတ်ဝင်တစားရှိခဲ့ ကတည်းက ကျွန်တော်ကြားသိထားတဲ့
ဇာတ်တော်တွေ ဘုရားဟောဆိုတာတွေဟာ အားလုံးမှန်ပါ့မလားဆိုပြီး သံသယဝင်လာတယ်။ ကြားထဲ
ကျောင်းပိတ်ချိန်တွေမှာ အထူးသဖြင့် သင်္ကြန်လည်ရတာကို မကြိုက်တဲ့ကျွန်တော် ၇ရက် ဒုလဘခံဖြစ်ခဲ့
တယ်။ အဲဒီမှာ စနစ်တကျ တရားထိုင်တာတွေကို နည်းနည်းပါးပါးလုပ်တတ်ခဲ့တယ်။ ဆရာတော်
တွေဟောတာကိုရှင်းတာတွေကို နားထောင်ဖြစ်ခဲ့တယ်။ သေချာတာကတော့ တရားထိုင်တာ နဲနဲ
ကြာလာရင် ညောင်းတာညာတာကိုကျော်လာပြီဆိုရင် ခောင်းထဲမှာရှင်းပြီးနေလို့ကောင်းလာတယ်။
ကျွန်တော်သိပါတယ် အဲ တာအစပဲရှိသေးတယ်ဆိုတာကို။ :) ဒီအချက်ကနောက်မှာ ကျွန်တော်ရေးမယ့်
အကြောင်းတွေမှာ ဘာလို့အဲလိုခံစားရတာလဲဆိုတာကိုပြောတဲ့ခာလိုမှာမို့ ကြိုလမ်းခင်းထားတာပါ။
ခက်တာက ပါဠိအဓိပ္ပာယ်တွေ။ အဲလိုစကားလုံးအဓိပ္ပာယ်မှတ်ရတာ ကျွန်တော်အလွန်ဖီးလ်
မလာ။ ဘုန်းကြီးကျောင်းမှာနေတုန်းတစ်ခုမသိရှိလို့ နီးစပ်ရာဘုန်းကြီးမေးရင် ပာဠိညပ်ပြီး ပြန်ပြန်ရှင်တယ်။
အရှင်ဘုရား ပာဠိမပါဘဲ မြန်မာလိုကြီးပဲ ဝင်းကနဲမြင်အောင်ရှင်းပြပါဘုရားဆိုရင် သူတို့တိုင်ပတ်ပြီပဲ။ အမှန်
တကယ်လဲ တချို့စိတ်ဖြစ်စဉ်နဲ့ပတ်သက်နေတာတွေကို ရှင်းဖို့ မြန်မာစကားလုံးရှားနေတာရိပ်စားမိပါတယ်။ တချို့ဘုန်းကြီးတွေလည်း ရီပလိုင်းပြန်တောင်မလားဘူး။ တကယ်တော့ သင်္ကြန်တွင်းဘုန်းကြီး
လာဝတ်တဲ့သူတွေအများအပြားဟာ ကုသိုလ်ရတယ်ဆိုလို့လာကြတာပါ။ တရားနဲ့ ပတ်သက်လို့ကတော့
သိပ်စပ်စပ်စုစုမရှိလှကြပါဘူး။ ပိုပြီးဝမ်းနဲစရာကောင်းတာတစ်ခုက ကျွန်တော်တန်ဖိုးထားတယ်ဆိုတဲ့
ဘာသာတရားရိပ်အောက်မှာ မနာလိုမှုတွေ၊ ချစားတဲ့ကိစ္စတွေကို တွေ့သိလိုက်ရတယ်။ ဘယ်ဆရာ
တော်က ဘယ်လို၊ ဘာကြောင့်ဒီနေရာရသွားတာ၊ ဟိုးနေ့ကလာလှူတဲ့ဟာတွေ ဒီဦးဇင်းပဲ အကုန်သိမ်း
သွားတာ ပြန်ထွက်မလားတော့ဘူးဆိုတာတွေ။ အော် အဲဒီမှာ သံဃာတွေကို ကိုးကွယ်ရင်လည်း ကြည့်ကိုး
ကွယ်ဖို့လိုလာပြီ၊ တွေ့တွေ့တိုင်းဦးချဖို့ သန့်ရှင်းစင်ကြယ်ရဲ့လားဆိုတဲ့မေးခွန်းတွေရှိလာတယ်။ မှန်တာ
ပြောတာဖို့ ပုတ်ခတ်တယ်မမှတ်ပါနဲ့။ ဒီထက်ဆိုးတဲ့ ကိစ္စတွေရှိတယ်ဆိုတာ စာဖတ်သူတွေလဲ နားစွန်းနား
ဖြားကြားမိမှပါ။
ရေးရင်းနဲ့ချော်ကုန်ပြီထင်တယ်။ သေချာတာကတော့ ဗုဒ္ဓလမ်းပြခဲ့တဲ့ ကျင့်စဉ်ပိုင်းတွေဟာ
သိပ်ကိုတန်ဖိုးရှိတယ်ဆိုတာ ကျွန်တော်သိလိုက်တယ်။ တိမ်မယောင်နဲ့လည်း အတော်နက်တယ်ဆိုတာကို
သဘောပေါက်ခဲ့တယ်။ သံသရာဆိုတာကို ဗုဒ္ဓတကယ်ဟောမဟော ကျွန်တော်မသေချာလှသလို လက်တွေ့မှာ မြင်နိုင်တဲ့ အထောက်အထားတွေလဲနည်းနေပါသေးတယ်။ ထေရဝါဒ မဟာယာန ဇင် စတဲ့
ဂိုဏ်းဂနတွေမှာ အမြင်ကွဲလွဲမှုတွေရှိနေပေမယ့် သစ္စာလေးပါးနဲ့ မဂ္ဂင်ရှစ်ပါးကတော့ အားလုံးအတူတူလက်
ခံထားတဲ့အပိုင်းဖြစ်တယ်ဆိုတာကိုတွေ့ရတယ်။ အဆုံးမှာကတော့ နိဗ္ဗာန်ရရှိရေး အသိဥာဏ်အလင်းပွင့်
ရေးဖို့ အရေးပဲဖြစ်တယ်။
မယုံမရှိပါနဲ့ တက္ကသိုလ်ကျောင်းပြီးတော့ ကျွန်တော့်အနာဂတ်ကို အစီအစဉ်ဆွဲခဲ့တဲ့ခာတွေတုန်း
က ဘုန်းကြီးအပြီး ဝတ်လိုက်ဖို့ပာလည်း ပါတယ်။ သံသယတွေအများကြီး မရှင်းလင်းနိုင်တဲ့ အရာတွေအ
များကြီးရှိနေတဲ့ အမိုးတစ်ခုအောက်ကို ဘဝနဲ့ရင်ပြီး ခြေဆုံပစ်ဝင်ဖို့မရဲခဲ့လို့တာ အဲဒီလမ်းကိုမရွေးခဲ့တာပါ။
တကယ်တော့ ဘဝဟာ စေ့စေ့တွေးကြည့်ရင် အနှစ်မဲ့လှတယ်လို့ ကျွန်တော်ခံစားမိခဲ့တယ်။ ဒီလိုပဲ
သံသရာဆိုတာ တကယ်ရှိလို့ ရှည်လျားနေအုံးမယ်ဆိုရင် နိဗ္ဗာန်ဟာတကယ်ပဲ အဆုံးတစ်ခုဆိုရင်
အဲဒီပန်းတိုင်ကို ကျွန်တော်တကယ်လိုချင်ပါတယ်။ ရအောင်လည်း ဥာဏ်မှီတယ်လို့ ယုံကြည်ခဲ့ပာတယ်။
ထူးထူးခြားခြား အနှောင်အဖွဲ့ဘာမှ မရှိသေးတော့ ဒီလမ်းကိုရွေးမယ်ဆိုလည်း သိပ်တော့ ပြဿနာမရှိလှ
ဘူး။ အမေကိုတောင် ခပ်နောက်နောက်ပြောလိုက်သေးတယ် အဲလိုဆို အမေဘယ်လိုခံစားရမလဲလို့။
'ကောင်းတာပေါ့ မင်းသဘောလို့' သာသူပြောနေပေခဲ့မယ့် မျက်ဝန်းထဲမှာတော့ နမြောသလိုခံစားနေရ
တယ်ဆိုတာ ခုတောင်ပြန်မြင်ယောင်လို့ရနေသေးတယ်။ 'မင်းအဖေအတွက်တော့ မျိုးဆက်လေး မကျန်
ခဲ့တော့ ဘူးပေါ့ကွာ' တဲ့ လုပ်လိုက်သေးတယ်။
စာရှည်အုံးမှာမြင်ယောင်နေတဲ့ အတွက် ဒီမှာပဲ ခဏလောက်နားပြီး နောက်မှ အပိုင်း ၂ ထပ်ရေး
ရင်ပိုကောင်းမယ်ထင်တယ်။ နဲနဲဆိုပြီး များများဖြစ်သွားတယ် :) အမြီးအနေနဲ့ ကျွန်တော်ဘယ်ရှုထောင့် ကနေပြောမှာလဲဆိုတာကို နဲနဲလောက်ပြောပြချင်ပာတယ်။ Neurobiology, Psychology, Evolution of Intelligence, Human Evolution, Cosmology & Mind Science စတဲ့ ဘာသာရပ်တွေဖက် ကနေ ပြောပြနိုင်ဖို့ကြိုးစားသွားမှာပါ။
7PM
Thanks for the visit and reading my posts!!! :)
Saturday, 12 November 2011
"အိုင်ဒီယာတစ်ခုမွေးဖွားခြင်း"
အိုင်ဒီယာတစ်ခုမွေးဖွားခြင်း
ဟောဒီသံစုံတီးဝိုင်းကြီးကထွက်ပော်လာတဲ့ တီးလုံးသံကို ဒီနေ့တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာ နိုင်ငံအနှံ့ကလူတွေ နားထောင်နေမှာပာ။ ရေဒီယိုဟာ ဒီတီးလုံးသံကို ကမ္ဘာတဝန်းက နေရာတိုင်းကို ရောက်အောင်ပို့ဆောင်ပေးနိုင်စွမ်းရှိပာတယ်။ ဒီလိုလုပ်နိုင်ဖို့အတွက်လူတွေဘယ်လောက်ကြာအောင်စောင့်ခဲ့ကြရသလဲ? မှတ်တမ်းတွေအ ရတော့ ရေဒီယိုဆိုတဲ့ကိရိယာကို တီထွင် အသုံးပြုနိုင်ခဲ့တာ နှစ်တစ်ရာလောက်ရှိပာပြီ။ သို့တစေ ဒီထက်ထဲထဲဝင်ဝင်လေ့ လာကြည့်လိုက်ရင် ဟိုးလွန်ခဲ့တဲ့နှစ်ပောင်း ၂၅၀၀၊ တနည်းပြောရင် ဘီစီ ၆၀၀ လောက်ကစခဲ့ တယ် လို့မြင်နိုင်ပာတယ်။ တကယ်ကို မရေရာလှတဲ့ အတွေးလေးတစ်ခု ကပဲစခဲ့ တာပာ။ ဘီစီ ၆၀၀ ခန့်မှာ ဂရိ အတွေးအခော်ပညာရှင် "Thales of Miletus" က ပယင်းကိုပွတ်တိုက် လိုက်ခြင်းကြောင့် ဖြစ်ပော်လာတဲ့စွမ်းအားတစ်မျိုးဟာ ကောက်ရိုးမျှင်လေးတွေကို လာကပ်စေနိုင်တယ်ဆိုတာကို တွေ့၇ှိခဲ့ပာတယ်။
နောင်နှစ်ပောင်း ၂၂၀၀ အကြာမှာ "Elizabeth" ဘုရင်မကြီးရဲ့ သမားတော်လည်းဖြစ်တဲ့ 'SirWilliam Gilbert' က ဒီအတွေးကိုနဲနဲထပ်ချဲ့တွေးပြီး စမ်းသပ်မှုတွေလုပ်ပြီးတဲ့ အခာမှာ ဒီဖြစ်စဉ်ကို လျှပ်စစ်ဓာတ်'Electricity'လို့ကင်ပွန်းတပ်ခဲ့ပာတယ်။၆နှစ်အကြာမှာလျှပ်စစ်ဓာတ်ထုတ်လုပ်ပေးနိုင်တဲ့စက်ကိုဂျာမန်လူမျိုး 'Otto Van Guericke'က တီထွင် ပြုလုပ်ခဲ့ပာတယ်။
နောက်ထပ်နှစ်ပောင်း ၁၀၀ အကြာမှာတော့ 'Benjamin Franklin' ကလျှပ်စစ်ဓာတ် အဖိုနဲ့ အမ ကိုရှာတွေ့ခဲ့ပြီး မိုးကြိုးပစ်ခြင်းသည် လျှပ်စစ်ဖြစ်စဉ်သာဖြစ်ကြောင်းကို သက်သေပြခဲ့ပာတယ်။ ၁၈၂၀ ခုနှစ် မှာတော့ ဒိန်းမတ်လူမျိုး 'Oersted' က လျှပ်စစ်ဓာတ်သည် သံလိုက်ဓာတ်ကိုလည်း ပေးစွမ်းနိုင်ကြောင်းကို သက်သေပြပြန်ပာတယ်။ မရှေးမနှောင်းမှာပဲ 'Faraday' ဟာ စမ်းသပ်မှုတွေက တဆင့် လျှပ်စစ်မော်တာရဲ့ အခြေခံတဘောတရားကို ၇ှာဖွေတွေ့ရှိခဲ့ပာတယ်။
Faraday နောက် 'Morse' 'Bell' တို့ဟာ ဒီအိုင်ဒီယာကို တယ်လီဂရပ် နဲ့ တယ်လီဖုန်းတို့လို
ဆက်သွယ်ရေးလမ်းကြောင်းတွေအဖြစ် အကောင်အထည်ဖော်ခဲ့ကြတယ်။ "Edison" ကတော့ ဒီအိုင်ဒီယာ
ကို ပိုပြီးတောက်ပြောင်စေခဲ့ပြီး ကမ္ဘာကြီးကို ထွန်းလင်းစေခဲ့ပာတယ်။ Marconi နဲ့ deForest တို့ကတော့ 'Morse' 'Bell' တို့ထက်သာလွန်တဲ့ ရေဒီယိုဆိုတဲ့အရာကို အုပ်မြစ်ချပေးခဲ့ပာတယ်။
တကယ်ပြောချင်တာက အခုမှစတာပာ။ ပြန်ကြည့်လိုက်ရင် နှစ်ပောင်း ၂၅၀၀ လောက်ကို ဒီ
လျှပ်စစ်ဆိုင်ရာ အကြံဥာဏ်ကြီးက ကြီးကြီးလာပာတယ်။ အမှန်တော့ ဒီလိုဖြစ်လာရခြင်းဟာ ချက်ကျ လက်ကျ စဉ်းစားတွေးခော်ခဲ့တဲ့ လူနဲစုလေးတစ်စုက (ဂရိ၊ အင်္ဂလိပ်၊ ဂျာမန်၊ ဒိန်းမတ်၊ အမေရိကန်နဲ့ အီတလီ) ပြုစုပျိုးထောင်ပြီး ရှင်သန်ကြီးထွားအောင်လုပ်ဆောင် ခဲ့လို့တာဖြစ်တယ်။ ဒီပုဂ္ဂိုလ်တွေဟာ တစ်ယောက်နဲ့ တစ်ယောက်မသိကြပေမယ့် တစ်ခေတ်ထဲလောက်မှာ အလုပ်လုပ်ခဲ့ကြတဲ့လူတွေများပာ တယ်။ လွန်ခဲ့တဲ့ ၆၀၀ ဘီစီလောက်က အသုံးမကျလောက်တဲ့ အိုင်ဒီယာသေးသေးလေးဟာ ကမ္ဘာကြီး၇ဲ့မျက်နှာစာနဲ့ လူတွေရဲ့ စလေ့စရိုက်တွေကိုပာပြောင်းလဲစေတဲ့အထိ တကယ်ကိုကြီးထွားလာခဲ့ ပာတယ်။
ဒီလိုမဖြစ်စလောက် အကောင်အထည်မမြင်ရတဲ့ အိုင်ဒီယာတွေရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကဒီမှာလာပာပြီ။သူတို့စဖြစ်ပြီဆိုတာနဲ့ဖျက်ဆီးလို့မရလောက်အောင်ပာပဲ။စစ်ပွဲတွေ၊ေ၇ာဂာကဒ်ဆိုးတွေ၊ ဖိနှိပ်ညင်းပန်းမှုတွေကြောင့် ဒီကောင်တွေ မြင်ကွင်းကနေ ခဏလောက်ပျောက်သွားနိုင်ပေမယ့်ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်မှာ ဒာမှမဟုတ် တခြားလူတစ်ယေက်ရဲ့ဦးနှောက်ထဲမှာအမြဲလိုလိုပြန်အသက်ဝင်လာပာတယ်၊ ရှင်သန်ကြီးထွားလာကြပာတယ်။ ပြီးတော့ ကျွန်တော် ခံစားကြည့်လို့မရပေမယ့် တချိန်ချိန်မှာတော့ တစ်စုံတစ်ယောက်က 'Schubert' မှာ ၇ှိခဲ့ဖူးတဲ့ စိတ်ခံစားချက်နဲ့ နီးနီးစပ်စပ်တူတဲ့ စိတ်အခြေအနေမျိုးဖြစ် လာပြီး မပြီးဆုံးလိုက်တဲ့ သံစုံတေးသွားလေးရဲ့နောက်ဆုံးအပိုဒ်ကို ချရေးသွားပာ လိမ့်မယ်။
ကမ္ဘာကြီးရဲ့သမိုင်းမှာ လူထောင်ဂဏာန်းလောက်ကပဲ ဒီလိုအတွေးစကို ထွန်ယက်ပျိုးထောင် ခဲ့ကြသူတွေဖြစ်တယ်။ဒီလိုစဉ်းစားတွေးခော်တတ်တဲ့လူ၁၅၀၀လောက်သာမရှိခဲ့ရင်ကျွန်တော်တို့ ကျောက်ဂူတွေထဲမှာပဲ နေကောင်းနေကြအုံးမှာပာ။
ဒီလိုလူမျိုးတွေ နဲနေခဲ့တာ တို့ဘာများတတ်နိုင်မှာလဲလို့ ပြောကောင်းပြောနေမိမှာပာ။ ဒီလိုလူ မျိုးတစ်ခာတစ်ခာ ပော်လာအောင်စောင့်နေရုံပော့။ဒီလိုတော့ဘယ်ဟုတ်အုံးမလဲ။တခြားလူတွေကိုပညာတတ်အောင်သင်ပေးလို့ရသလိုမျိုး တွေးခော်တတ်သူတွေဖြစ်လာအောင်ပြုစုပျိုးထောင်ပေးလို့ရပာတယ်။ဘယ်သူမှတယောတီးတာကိုမလေ့ကျင့်တော့ဘူးဆိုရင်ကြီးကျယ်တဲ့တယောပညာ၇ှင်တွေဘယ်ရှိလာပာတော့မလဲ။ လေ့ကျင့်ခြင်းအားဖြင့် တွေးတတ်သူတွေ ဖြစ်လာနိုင်ပာတယ်။
နဂိုကတွေးတတ်ခဲ့တဲ့သူတွေလည်းသန်းပောင်းများစွာသောလူတွေနဲ့အတူပျင်းရိတဲ့စိတ်နဲ့ကျေ
နပ်တင်းတိမ်နေကြပာတယ်။ဒီလူတွေဟာလွယ်လွယ်တွေးတတ်ကြတဲ့သူတွေဖြစ်တယ်။သူတို့ကိုအိုင်ဒီယာတစ်ခုလောက် ချပြလိုက်ရင် မေးခွန်းလေးတွေ ပြန်မေးမယ့်အစားအလွယ်တကူပဲလက်ခံလိုက်တတ်ကြတယ်။ဒာဟာတကယ့်ကိုအန္တရာယ်ရှိပာတယ်။အထူးသဖြင့်လွဲမှားတဲ့အိုင်ဒီယာ ဖြစ်နေခဲ့မယ်ဆိုရင်ပော့။
သန်းပောင်းများစွာတဲ့လူတွေဟာလွဲမှားတဲ့အိုင်ဒီယာကြီးနဲ့သိမ်းသွင်းခံထားရတဲ့အတွက်ကျွန်တော်တို့ဟာဆိုးရွားတဲ့စစ်ပွဲကြီးတွေကိုနွဲနေကြရတာပာ။ဒီလိုလွဲမှားတဲ့တိုက်ပွဲတွေအတွက်အသုံးပြုနေရတဲ့စွမ်းအားတွေကိုတနေ့နေ့မှာကျွန်တော်တို့ဟာမှန်ကန်ပြီးအကျိုး၇ှိတဲ့အိုင်ဒီယာတွအတွက်ပဲအသုံးချနိုင်ဖို့ကျွန်တော်မျှော်လင့်နေတုန်းပာပဲ။
Original: Radio talk By Charles F. Kettering (1959)
P.S : ၁၉၅၉ လောက်ကဆိုတော့ computer, Internet, Mobile Phone & iProducts အကြောင်းတွေမပာဘူးပော့... Version ပြောင်းရေးရင်တော့ Steve Jobs ကြီးပာလိမ့်မယ်ထင်တယ်နော် :)
Subscribe to:
Posts (Atom)