Monday, 30 January 2012

"ကျွန်တော်နဲ့ တစ်ခာတုန်းကဗေဒင်"

ကျွန်တော်တို့မြန်မာလူမျိုးတွေဟာ ဗေဒင်တွေ ယတြာတွေ နဲ့မစိမ်းလှတဲ့သူတွေဖြစ်ပါတယ်။ လူဆိုတဲ့သတ္တဝါကလည်း ကိုယ့်အကြောင်းရော သူတစ်ပါးအကြောင်းရော စပ်စပ်စုစု၊
မဖြစ်လာရသေးတာတွေကိုကြိုသိချင်အကောင်းအဆိုးတွေဆိုတာ
ဒွန်တွဲနေမှန်းသိရက်လည်းဗေဒင်ဆရာတွေကအဆိုး
တစ်ခုလောက် ပြောပြပြီးယတြာတွေချေခိုင်းလိုက်ရင် မလုပ်ပဲ
လည်းမနေရဲ။ တိုင်းပြည်အုပ်ချုပ်တဲ့သူတွေ ကိုယ်တိုင်ကအစ သည်လို
ကိစ္စလေးတွေရှိတာဆိုတော့ အင်း... ဘာပဲပြောပြော မြန်မာပြည်သားတစ်ယောက်အနေနဲ့ ဗေဒင်မေးတာ
လိုက်သွားဖူးတာ ဝင်မေးဖူးတာတော့ရှိခဲ့တာပဲ။ ဘယ်တုန်းကမှတော့ အယုံအကြည်မရှိခဲ့ပါဘူး သိပ္ပံခေတ်
မှာလူဖြစ်လာတာပဲ ဒာတွေက ယေဘုယျသဘောလောက်ကလွဲရင် အခြေအမြစ်မရှိဘူးဆိုတာသိနေတာပဲ။
ဘာပဲပြောပြောစိတ်ဝင်စားစရာ တစ်ချို့နဲ့ကြုံခဲ့တာကိုတော့ ရေးကြည့်ချင်ပါသေးရဲ့။
          
          ပြီးခဲ့တဲ့ ၃နှစ်လောက်တုန်းကထင်ပါတယ်။ ကျွန်တော် ရန်ကုန်ကနေ တောင်ကြီးကို ကျောင်းပိတ်
ရက်အလည်ပြန်တော့ ဘော်ဒာတစ်ယောက်အိမ်ကိုသွားလည်ခဲ့တယ်။ အဲဒီမှာ တစ်ခြားဘော်ဒါတွေနဲ့ပါ ဆုံဖြစ်တယ်။ ငယ်ကျွမ်းဆွေတွေဆိုတော့ ပြောမနာဆိုမနာတွေလည်းဖြစ်သလို တစ်ယောက်အ
ကြောင်းတစ်ယောက်ကတော့ ထဲထဲဝင်ဝင်ကို သိနေကြတဲ့ ကောင်တွေပဲ။ အဲဒီနေ့က သူ့အိမ်မှာ သူ့အသိ
ဗေဒင်ဆရာလိုလို အကြားအမြင်လိုလိုလူတစ်ယောက်ရောက်နေတယ်။ မင်းဝင်မေးကြည့်ပါလား
သိပ်မှန်တယ်တဲ့။ ပြီးတော့အဲပုဂ္ဂိုလ်က အရွန်းအနောက်တွေကိုမှန်အောင်ဟောတယ်တဲ့။ လူပျိုကိစ္စဘာ
ညာပေါ့။ အဲဒီအခာကျမှပဲ ကျွန်တော်ဘော်ဒါတွေ ဒီမှာ ပွဲဖြစ်နေတာကိုရိပ်မိတော့တယ်။ ဒီလိုကျတော့
အထူးအဆန်းပါလားဆိုပြီး နဲနဲတော့ စိတ်ဝင်စားသွားတယ်။ ပိုက်ဆံလည်းပေးရတာမှမဟုတ်တာ ဆိုပြီးအိမ်ပော်ကို တက်သွားတာပော့။
           
            အသက်နည်းနည်းကြီးလိမ့်မယ်လို့ ကျွန်တော်ထင်ထားတာ တကယ့်တကယ့်မှာတော့ ကျွန်တော့်
ထက်ကြီးလှလည်း ၃၊ ၄ နှစ်လောက်ပဲ။ နည်းနည်းတော့နွဲ့တယ်ထင်ပာရဲ့။ ကျွန်တော်ကလည်း ဘော်ဒာတွေ
လွတ်လိုက်တာဖြစ်ကြောင်း ကျွန်တော့်နာမည်ဘယ်သူဘယ်ဝါဆိုပီးစကားနဲနဲပြောဖြစ်တယ်။ သူက
အတော်လေးလည်းဖော်ရွေတယ် နောက်လည်းနောက်တယ်.. နဂိုကတည်းကမှ ဗေဒင်ဆရာတွေကို
လူလိမ်တွေလို့ကို တံဆိပ်တပ်ထားတဲ့ ကျွန်တော်ကတော့ သူ့ကိုရက်ရက်စက်စက်အကဲခပ်နေတာပေါ့။
ကဲ..ဟုတ်ပီ မွေးနေ့မွေးရက်ပြောဆိုတော့ ကျွန်တော်ကလည်းပြောလိုက်တာပေါ့...သူ့ရှေ့မှာရှိတဲ့ စာရွက် လေးမှာ ဂဏန်းတွေချရေးမျဉ်းတွေတားပြီး သူတွက်ချက်နေတာပော့။ ဘာလိုသေးတုန်းဆိုတော့
ရပီ မွေးသက္ကရောဇ်ပဲတဲ့။ အဲလိုနဲ့ ဗေဒင်တို့ရဲ့ထုံစံအတိုင်း ကျွန်တော်ကဘာဖွားညာဖွားပေါ့..အဲကစတယ်။
           
           ကျွန်တော်တိတ်တိတ်လေးနေတယ် မသင်္ကာတဲ့မျက်လုံးလေးနဲ့ပဲကြည့်နေတယ်။ စကားများများ
ပြောမိရင် မျက်လုံးတွေမငြိမ်ရင် သူ့အတွက် အစအနလေးတွေရသွားမှာဆိုးလို့။ အများစုသောဗေဒင်
ဆရာတွေက စက်သေနတ်ပစ်သလို ယေဘုယျအကြောင်းအရာတွေကနေစလိုက်ပြီး မေးသူရဲ့တုန့်ပြန်
မှုကိုဖမ်းပြီး ဆက်ဖောတာပဲမဟုတ်ဘူးလား။ သူတစ်ယောက်ပဲပြောနေတာ ကျွန်တော်ကတော့ မှန်မှန်
မှားမှား တည်တည်ငြိမ်ငြိမ်လေးပဲ အင်း အင်း လို့လိုက်ပြောပေးနေတယ်။ သူကလည်းမေးရှာပါတယ်
သူပြောတာဟုတ်တယ်မလား ဘာညာပော့။ ဘာတွေသိချင်သေးလည်းဆိုတာမျိုး... ဒာမှသူဆက်အလုပ်လုပ်
လို့ရမှာကို.. တိုတိုတုပ်တုပ်ပါပဲ ကျွန်တော်လည်း ပညာရေး အချစ်ရေး ဒီလောက်ပဲပြန်ဖြေတယ်။ ဖြစ်နိုင်ရင်
ကျွန်တော့်ရင်ထဲမှာသူပြောတာ အကုန်လွဲစေချင်တာ ဒာမှပြီးလို့ လဖ္ဘက်ရည်ဆိုင်ရောက်လို့ရှိရင် ဘော်ဒာတွေ
ကို မင်းတို့ပြောတဲ့ပုဂ္ဂိုလ်က အလကားပါကွာလို့ ဟားနိုင်မှာ။
           
             ထုံးစံအတိုင်းပါပဲ အားလုံးချုံကြည့်ရင်သူပြောတာတွေ၊ အထူးသဖြင့် ကျွန်တော့်အတိတ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေမှာ မှန်တာတွေပါသလို မှားတာတွေလည်းပါတာပဲ။ အနာဂတ်ကို
ပြောတဲ့ကိစ္စတွေမှာတော့ ကျွန်တော်လုံးလုံးကို စိတ်မဝင်စားတာ။ ပစ္စုပ္ပန်နဲ့ အနာဂတ်ကတော့ ကျွန်တော့်
လက်ထဲမှာသာရှိတဲ့ ကိစ္စတွေလို့ကျွန်တော်ယုံကြည်တဲ့အတွက် သူပြောတာတွေယုံကြည်နေစရာဘာ
အကြောင်းမှ မရှိပာဘူး။ ဒာပေမယ့် ကျွန်တော်ထင်တယ် ကျွန်တော်ဘယ်လိုမှဟန်မဆောင်နိုင်ခဲ့တဲ့
တစ်နေရာရှိခဲ့တယ်။ တည်တည်ငြိမ်ငြမ်ရှိနေတဲ့မျက်နှာနဲ့ အမှားအတွက်လိုက်ရှာနေတဲ့မျက်လုံးတစ်စုံ
ရဲ့နေရာမှာ အပြုံးရိပ်တန်းသွားတဲ့မျက်နှာနဲ့ လင်းလက်သွားတဲ့မျက်လုံးတစ်စုံကို သူမြင်လိုက်ရမယ်
ထင်တယ်။
          
           ဖြစ်ပုံကဒီလို။ 'မင်းမနေ့ ရန်ကုန်ကနေပြန်လာတော့ အတွင်းခံနှစ်ထည်ပါလာတယ်တဲ့'.. အဲဒာအ
မှန်ပဲ။ 'နောက်ပီးတော့ အဲဒီနှစ်ထည်က ဘယ်အရောင်နဲ့ ဘယ်အရောင်တဲ့'.. ဟာ ဒါလည်းကွက်တိပါပဲလား
ပိုပီးလက်ဖျားခါသွားတာက 'ဘယ်အရောင်ကဘောင်းဘီမှာ အပေါက်ပါတယ်တဲ့ အဲဒါလေးလွတ်လိုက်တော့
ကျက်သရေမရှိဘူးတဲ့'... ဟိုက်ရှား ကျွန်တော်အတော်လေးကို ပျားတုပ်သွားတယ်... အမှန်ပဲ မနေ့က
တောင်ကြီးပြန်ရောက်တော့ ရေမိုးချိုးပြီး ဘောင်းဘီလျှော်တာ့မှ သေချာကြည့်မိတယ် ဝယ်ထားတာလဲ
ကြာပြီဆိုတာ သတိရပေမယ့် ဘယ်အချိန်ကပေါက်နေမှန်မသိလိုက်ဘူး.. အဲဒာနဲ့ ဗရက်နဲ့ဆွဲလိုက်တာ အ
ပေါက်က ပိုကျယ်သွားပာလေရော.. အဲဒာနဲ့ရေချိုးပြီးတော့ အမှိုက်တောင်းထဲ ဝဲလိုက်တယ်.. အခုဒီနေ့တော့
ဒီလူက ကွက်တိကြီးလာပြောနေတယ်။ :D ကျွန်တော်မပြုံးပဲ ဘယ်လိုနေနိုင်ပါ့မလဲ...

             သူဒီလိုပြောနိုင်တဲ့ အကြောင်းရင်းကို ကျွန်တော်ပိုစိတ်ဝင်စားမိတယ်။ ကျွန်တော်သူ့ကို ပေးလိုက်ရတာ မွေးသက္ကရောဇ်တစ်ခုထဲပါ။ သူဘယ်လိုလုပ်ပြီး ဒီတစ်ကွက်ကို ဒက်ထိပြောနိုင်လဲ ကျွန်တော်မစဉ်းစားတတ်ဘူး။ ခရီးသွားရင်ဒီလိုယူသွားတတ်ကျတာတော့အများစုပဲထင်ပါတယ်။
ဒီလိုဆို ဘယ်နှစ်ထည် ဘယ်အရောင်ဆိုတာအလွန်တိုက်ဆိုင်စွာ မှန်သွားမယ်ဆိုရင်တောင် ပောက်နေတဲ့ကိစ္စကျတော့ အတော်လေးကိုပြောရခက်သွားပြီ။ ဒီတစ်ကွက်တော့ သူ့ကို ခရက်ဒစ်ပေးလိုက်မိတာ အမှန်ပဲ။ ကျွန်တော်အမျိုးမျိုးစဉ်းစားတယ် မနေ့ညက လဖ္ဘက်ရည်ဆိုင်ထိုင်တော့ ဘော်ဒာတွေကိုများ ယောင်          ယမ်းပြီးပြောလိုက်မိလား။ ဒါလည်းမပြော လိုက်မိတာသေချာတယ်။ ဘယ်လောက်ရင်းနှီးကျွမ်းဝင်တယ်ပြောပြော ဒီကိစ္စကိုအထူးတလည်ထုတ်ပြောရလောက်အောင်
မရှိပာဘူး။ ဘောင်းဘီပေါက်တဲ့ ကိစ္စထူးဆန်းတဲ့အကြောင်းမှမဟုတ်တာ။ သူဘယ်လိုသိနေ နိုင်တာလဲ... နောက်ရက်နဲနဲကြာတော့ ဘီယာဆိုင်ထိုင်ဖြစ်တဲ့ခါ ကျွန်တော့်ဘော်ဒါက အဲ ဘဲကိုပါခေါ်လာတယ်။ ကျွန်တော်အဲဒီမှာ သူ့ကို မေးကြည့်တော့ ပြုံးတုန်းတုန်းလုပ်
နေတာကလွဲလို့ ဘာမှပြန်မဖြေဘူး။ ကျွန်တော်ကံကြမ္မာကများ ဒီအချိန် ဒီအခါမှာ အဲလိုဘောင်းဘီ
ပေါက်ရမယ်လို့ ပါလာလို့လား။ အဲလို တွေးမိတဲ့ ကိုယ့်ကိုယ်ကို ငပေါကြီးလို့ပဲ ထင်မိတယ်....

                                                                                                                       7pm

Sunday, 22 January 2012

"လူနှင့် သက်သတ်လွတ်ပြဿနာ "

ပြဿနာလို့ခေါင်းစဉ်တပ်လိုက်ပေမယ့် အမှုမဲ့အမှတ်မဲ့နေလိုက်တဲ့လူတစ်ယောက်အတွက်တော့ အသားစား
ခြင်းမစားခြင်းဟာ ဘာရယ်တော့လည်း မဟုတ်ပာဘူး။ ကျန်းမာရေးအရဆွေးနွေးမှုတွေရှိလာတယ် အယူမဆပိုင်းတွေနဲ့ ညှိစွန်းမှုရှိလာတယ်ဆိုတဲ့အခာကျတော့ တစ်ခာတစ်လေလည်း ငြင်းရတာတွေ သိချင်လာတာတွေရှိလာပါတယ်။ ဒီထက်အဆင့်ပိုလာတဲ့အခါကျတော့ ဘာသာရေးတွေကပါ လာတတ်တယ်။ သက်သတ်လွတ်စားတဲ့ဂိုဏ်းနဲ့ မစားတဲ့ဂိုဏ်းနဲ့ ဆိုပြီးတော့ အပြန်အလှန် အားပြိုင် မှုတွေဖြစ်လာပါတယ်။ သင်ကောဘယ်လို သဘောရပာသလဲ?တချို့အချက်အလက်တွေ နဲ့တကွ ကျွန်တော့်ရဲ့အမြင်တစ်ချို့ကိုပောင်းစပ်တင်ပြသွားမှာပာ။ပာဆင်နယ်အမြင်အရဆို ရင်တော့ စားတာနဲ့ မစားတာ သူမသာ ကိုယ်အသုဘ ပာပဲ။ အကျိုးအပြစ်တွေက ဒွန်တွဲလျက် ရှိနေတာပါပဲ။

၁) သက်သတ်လွတ်စားရခြင်း အကြောင်းရင်းနဲ့ အယူအဆများ
               သက်သတ်လွတ်စားနေတဲ့ လူတွေကို သေချာစစ်ကြည့်လိုက်ရင် ကိုယ့်အကြောင်းနဲ့ကို
ကိုယ့်ယုံကြည်မှုနဲ့ကိုယ် စားနေကြတာဖြစ်ပာတယ်။ အရှေ့တိုင်းသားအများစုကတော့ ဘာသားရေးနဲ့
ဆက်နွယ်ပြီးစားဖြစ်ကြတာ တွေ့ရပာတယ်။ အဓိက ကတော့သူ့အသက်ကို သတ္တဝာတို့ရဲ့အသက်ကို
ငှဲ့ညာလို့မစားရင်း ကြာတော့လည်း သက်သတ်လွတ်သမားကြီးဖြစ်လာတာပါပဲ။ တစ်ချို့ကျတော့လည်း
အသားစားရမကြိုက်လို့၊ တစ်ချို့ကျတော့ အသားနဲ့မတဲ့ဘူးဆိုရမယ်ထင်တယ် ငယ်ငယ်ရွယ်ရွယ်က
တည်းက အသားသားရင် ပြန်အန်တယ်။ အာဟာရဗေဒက ကျွန်တော့်ရဲ့ လက်ချာရာတစ်ယောက်က
တော့ ကျန်းမာရေးရှုထောင့်ကနေကြည့်ပြီးအသားမစားဘူး။ မျှမျှတတဖြစ်အောင် vitamin supplement တွေတော့ပုံမှန်သောက်တယ်။ တစ်ချို့ဒေသတွေမှာတော့လည်း အသားငားက ပောပော
ကြွယ်ကြွယ်မရှိတော့ မစားရဖြစ်ဘူး။ စသောစသော အကြောင်းရင်းတွေရှိကြတဲ့ထဲမှာမှ အငြင်းအခုန်
ဖြစ်ကြလေ့ရှိတာ ဘာသာရေးအယူအဆနဲ့ပတ်သက်နေကြတဲ့ အုပ်စုတွေဆိုတာ အားလုံးလည်း သိပြီး
သားဖြစ်မှာပါ။ အဲဒီမှာမှ ပိုပြီးအနုစိပ်တဲ့ အတွေးတွေပာနေပြန်ပါတယ်။ တချို့က ခြေလေးချောင်းသာ
ရှောင်တာ။ တချို့သက်သတ်လွတ်က ဥတို့ သွေးတို့ နို့တို့ မသောက်ဘူး။ တချို့က ကြက်သွန်လိုဟာကို အသက်ရှိတယ်ဆိုပြီးမစားဘူး။

၂) လူနဲ့ အစားအသောက်ရွေးချယ်မှု မူလသဘာဝ
              ကိုယ်ကြိုက်တာကိုယ် ရွေးချယ်စားသောက်တတ်၊ ပုံစံအမျိုးမျိုးလုပ်စားတတ်တာ လူတွေရဲ့
အကြီးမားဆုံးအားသာချက်ဖြစ်တယ်။ တဖက်ကပြန်ကြည့်ရင်လည်း ဒီလိုကြံတတ် ဖန်တတ်လုပ်စားတတ်
တာက ပြဿနာလာဖြစ်နေပြန်တယ်။ တရုတ်ပြည်မှာ အစားအသောက်သောင်းကျန်းကြတဲ့ ပုံလေးတွေ
အွန်လိုင်းမှာတွေ့ဖူးကြပာလိမ့်မယ်။ ထားတော့။
               သွားတွေရဲ့ဒီဇိုင်းကိုလေ့လားပြီး လူရဲ့သဘောသဘာဝအရပြန်ကြည့်တဲ့အခာ ပထမသိသာတာ က အစုံစားတတ်သတ္တဝာဖြစ်တယ်။ အသားစားစား အသီးအရွက်စားစားအသက်ရှင်သန်ဖို့အတွက်အဆင်
ပြေတယ်။ ပညာရှင်တစ်ချို့ကလည်းငြင်းတယ်။ လူတွေရဲ့သွားဒီဇိုင်းက အသီးအရွက်ကိုပိုစားဖို့ ဖန်တီး
ထားတဲ့ ပုံစံပါတဲ့။ အသားကောင်းကောင်းစားနိုင်ဖို့ အရေးကြီးတဲ့သွားတွေဖြစ်တဲ့ ကေနိုင်း (canine) လို့
ခော်တဲ့ စွယ်သွားလေးတွေက ပြောသလောက်မထင်ရှားတာ၊ နာမည်ခံကေနိုင်းတွေသာဖြစ်တယ်လို့ဆို
ပာတယ်။ လူရဲ့မူလဗီဇက အသီးအရွက်စားသတ္တဝာအဖြစ်စဖြစ်လာရင်းနဲ့မှ ရွေးချယ်မှုကြောင့်တဖြည်းဖြည်း
အသားကို စားလားကြတယ်ဆိုပာတယ်။ အရိုးဆုံး ဥပမာအဖြစ် လူတို့ရဲ့အနီးဆုံးဆွေမျိုး ချင်ပန်ဇီ၊ မျောက်
ဝံတွေဟာ အသီးအရွက်ကိုပဓာနထားစားသောက်ကြတဲ့ တိရိစ္ဆန်တွေအဖြစ် စာတမ်းပြုစုမှုတွေက သက်
သေထူနေပာတယ်။ အဲဒီကောင်တွေမှာဆိုရင်လည်း လူတွေထက်သိသိသာသာကြီးတဲ့ ကေနိုင်းတွေပာပာ
တယ်။ အစာရှာစားဖို့ထက် ရန်မူလာရင် ခုခံတိုက်ခိုက်မှုဖို့အတွက်သာပာရှိနေခြင်းလို့ ယူဆထားပာတယ်။
           တစ်ဖက်ကပြန်ကြည့်ရင်လည်း အသားစားတဲ့အကျင့်စတင်ခဲ့တာ၊ ပတ်ဝန်းကျင်မှာ အသီးအရွက်
ရှာပားခဲ့တဲ့အချိန်တွေမှာ အထူးသဖြင့် ပင်လယ်ခရု ကမာတွေကိုစားဖြစ်ခဲ့တာကို ဆင့်ကဲဖြစ်စဉ်ရဲ့ (evolution) ကြီးမားတဲ့ပြောင်းလဲမှုအဖြစ် ပညာရှင်တွေဆိုပာတယ်။ အကြောင်းကတော့ ယနေ့လိုကြံရည်
ဖန်ရည်ပြည့်ဝတဲ့ အများကြီးတွေးခော်မျှော်မြင်တတ်တဲ့ ဦးနှောက်ကြီးဖြစ်လာဖို့အတွက်ေ၇နေသတ္တဝာတွေ ကနေ အများဆုံးရတဲ့ omega-3 fatty acid ကိုစားသုံးမိခြင်းပါပဲ။ ပညာရှင်တွေရဲ့လေ့လာမှုအရ တစ်ချိန်
က အစာရေစာပြတ်လတ်လူ့နီပားဖြစ်ခဲ့တယ်လို့ယူဆတဲ့အချိန်ကာလတစ်ခုမှာ ကျွန်တော်တို့ရဲ့ဘိုးဘေး
တွေလို့ဆိုနိုင်မယ့် လူတွေဟာ ပင်လယ်ခရု ကမာတွေကို အမြောက်အများစားသုံးခဲ့ကြတာကို ရှေးဟောင်း
ဂူတွေမှာတွေ့ရတယ်ဆိုပာတယ်။ ဒီ omega-3 အချက်ကိုထောက်ခံနေတဲ့ အခြားအကြောင်းရင်းတစ်ချက်
က ယနေ့လူတွေနဲ့ အီဗလူရှင်နရီပြိုင်ဘက်တွေလို့ဆိုနိုင်မယ့် နီယန်ဒာတာ (Neanderthal) တွေရဲ့ဂူတွေမှာ
တော့ ရေနေသတ္တဝါတွေကိုစားသုံးတဲ့ အထောက်တွေမတွေ့ရပါဘူး။ နီယတ်ဒာတာတွေရဲ့ဓလေ့စရိုက်အရ
လည်း ကျွန်တော်တို့ရဲ့ဘိုးဘွား Homo Sapiens တွေလောက် ရေကြည်ရာ ရွေ့လျားသွားလာမှုမရှိတာကို
တွေ့ရပာတယ်။ နီယန်ဒါတာတွေဟာ လွန်ခဲ့တဲ့နှစ် ၃၀၀၀၀ လောက်ကမှုမျိုးသုန်းပျောက်ကွယ်သွားခဲ့ကြပာ
တယ်။
        အထက်ကအဆိုတွေဟာ အများကြီးကိုလည်း ယုတ္တိရှိတယ် ယုံကြည်ရတယ်လို့ထင်ပာတယ်။ ဒီအတိုင်း အသားသက်သက်စားတာဟာ အဆင့်မြင့်ဦးနှောက်ဖြစ်လာနိုင်မယ်ဆိုရင် ခွေး၊ကျား၊
ခြင်္သေ့တွေ လူတွေကိုခိုင်းစားနေတာကြာလောက်ပာပြီ။ :) အဲတော့လူဟာမူလအရအသီးအရွက် အဓိကစားတဲ့ သတ္တဝါဖြစ်နေပေမယ့် လိုအပ်လာရင်ဖြစ်ဖြစ် အရသာကိုရွေးချယ်မှုအရပဲဖြစ်ဖြစ် အသားစား
ဖြစ်ခဲ့တာဟာ ပိုပီးဦးနှောက်ကောင်းတဲ့လူတွေဖြစ်ဖို့ဖန်လာတာပါပဲ။ အဲဒီပိုပြီးတွေးတတ်လာတဲ့ ဦးနှောက်
ကပဲ စာနာတတ်လာခဲ့ ကိုယ်ချင်းစာတဲ့အတွေးတွေဝင်လာတဲ့အခာ အသားစားတာ အထူးသဖြင့် သူ့အသက်
ကိုသတ်စားတာ တော်ပာ့မလားဆိုတာမျိုးတွေဖြစ်လာတော့တာပဲ။

၃) အယူအဆအားပြိုင်မှု
             ပိုပြီးတွေးခော်တတ် ခံစားတတ်တဲ့ ဦးနှောက်တွေဖြစ်လာတဲ့အခာ ဒဿနတွေက ဝင်လာပာပြီ။ ဒီအပိုင်းမှာတော့ ကျွန်တော်ရဲ့အမြင်ကိုပဲပြောပြချင်ပာတယ်။ အပော်ကအထောက်အထားတွေကို ကြည့်ရင်
ကျွန်တော်ဘယ်ဘက်ကို ယိမ်းမယ်ဆိုတာကိုခန့်မန်းလို့ရနိုင်လောက်မယ်ထင်ပါတယ်။ အယူအဆပိုင်းကိုပဲ
ပြောမှာမို့ ခံစားချက်နဲ့အတွေ့အကြုံကိုဦးစားပေးသွားမှာပာ။ အသားမစားတာခြင်းအတူတူဆိုရင် ဘယ်လို
ရည်ရွယ်ချက်နဲ့မစားတာလဲ ဆိုတာပိုပြီးစိတ်ဝင်စားပာတယ်။ အယူမသည်းပဲ သတ္တဝာကို တကယ်ကိုယ် ချင်းစာလို့ သနားလို့မစားတာဆိုရင် အလွန်ကြိုဆိုပာတယ် အဲဒီစိတ်ဓာတ်ကို။ အယူသည်းလွန်းပြီးအရှောင်
လွန်ရင် ဘာသာရေးမှိုင်းအောက်ကဆိုရင်တော့ သဘောမတွေ့လှပာဘူး။
              ဒီနေရာမှာသူ့အသက်သတ်ခြင်းဆိုတာပာလာပာပြီ။ ကံကံရဲ့ အကျိုးဆိုတာတွေဝင်လာပာပြီ။
လူမှုရေးအရရော ဘာသာရေးအရပာ သူ့အသက်သတ်ခြင်းကိုအားမပေးတာကိုတွေ့ရပာတယ်။ ကျွန်တော်
အတွက်တော့ 'တမင်သတ်တဲ့အသား မြင်သား ကြားသား'ဆိုတာကြီးက နည်းနည်းတော့ကန့်လန့်တိုက်နေ
တဲ့အနေအထားမှာရှိနေတယ်။ ဒီအချက်ကိုကျွန်တော်ပြောရင် ဗုဒ္ဓဘာသာအများစုနဲ့ကျွန်တော် တိုင်ပတ်
နိုင်တယ်ထင်တယ်။ ရှိစေတော့။ ရိုးရိုးသားသားပဲ ဖွင့်ချပာရစေ။ ကျွန်တော်ကတော့ အဲလိုအကြောင်းပြ
ချက်နဲ့ သက်သတ်လွတ်စားတဲ့လူကို အနိုင်ယူပြောဆိုတာဟာ ဥပဒေကိုလက်တစ်လုံးခြားလုပ်တာလို့ပဲ
မြင်တယ်။ တွေးတတ်တဲ့လူတိုင်း ဒီဟင်းခွက်ထဲက အသားဟာ စားသုံးသူတွေစားနိုင်ဖို့ သတ်ထားတဲ့သူ
တွေသတ်ထားပေးရတာ သိနေကြပါတယ်။ ဒာဟာ တမင်သတ်ထားတဲ့ အသားမှန်သိတယ် မမြင်ရ မကြားရ
ဆိုပေမယ့် တွေးကြည့်ပြေးကြည့်တာထက်တောင်ပိုမှန်ဆိုတာမျိုးပာ။ အပြစ်ကျတော့ သတ်တဲ့လူခံဆိုတော့၊
ဒီလူက ကောင်းကောင်းစားပာစေတော့ဆိုပြီး လုံးဝအနှစ်နာခံသတ်ပေးလိုက်ရတယ်။ တရားခြင်းဆိုတာအ
ဘယ်မှာ လို့ပြောရမလို။ သတ်တဲ့လူရှိလို့ စားတာလား စားတဲ့လူရှိလို့သတ်တာလား။ ကျွန်တော်ကတော့
ဒုတိယ အချက်ကြောင့် မွေးမြူရေးလုပ်ငန်းကြီးတွေ သားသတ်ရုံတွေပော်လာတာလို့ထင်တာပဲ။ အဲတော့
သားသုံးသားဆင်ခြေနဲ့ဆိုရင် မလုံလောက်ဘူးလို့တွေးမိတာပါပဲ။
             အသားမစားလို့ ကုသိုလ်ရမယ် ပိုပြီးမြင့်မြတ်တယ်ဆိုတာကိုလည်း နည်းနည်းတော့ ဘဝင်မကျ
ပြန်ဘူး။ တကယ်ကိုယ်ခြင်းစာစိတ်နဲ့ မစားတာကို စိတ်ကောင်းရှိတဲ့လူလို့ ခရက်ဒစ်ပေးလိုက်ချင်ပေမယ့်
မြင့်မြတ်ပာပေတကားလို့တော့ မဆိုပာရစေနဲ့။ (စိတ်ကောင်းနဲ့ စိတ်ယုတ် အထူးအဖြင့် guilt ဆိုတာ ဓာတ်ခွဲ ကြည့်ရင် တကယ်တော့ ဘာမှမဟုတ်တဲ့ အကြောင်းရေးပာအုံးမယ်) တစ်ချိန်က ငာတို့အဘိုးအဘေးတွေ အသားမစားမိခဲ့ရင်မောင်မင်းဒီလိုတောင်တွေးတတ် စာနာတတ်မှာ မဟုတ်ဘူးလို့ ကလိထိုးလိုက်ပာရစေ။
           
၎) ကျန်းမာရေးရှုထောင့်က သက်သတ်လွတ်

             တကယ်တော့ သက်သတ်လွတ်စားတာကို အကြီးအကျယ်နှစ်ရှည်လများ လုပ်ထားတဲ့ စာတမ်း
တွေနည်းတယ်လို့ဆိုပာတယ်။ ကောင်းကွက်တွေအများအပြားရှိသလို ဆိုးကွက်တွေလည်းရှိနေပာတယ်။
ယေဘုယျအားဖြင့်တော့ အသီးအရွက်စုံစုံနဲ့ ပမာဏမနည်းမများစားနိုင်တဲ့ ဗက်ဂျီးတစ်ယောက်ဟာ ကျန်းမာရေးပိုကောင်းတယ်၊ သွေးတိုး နှလုံးရောဂာအဖြစ်နည်းမယ်၊ ဆီးချိုရှိခဲ့ရင် ပိုကောင်းကောင်းထိန်း
နိုင်မယ်၊ ကင်ဆာတွေကာကွယ်နိုင်မယ် ၊ အစာခြေဖျက်မှုတွေပိုကောင်းမယ်၊ ခန္ဓာကိုယ်အလေးချိန်ကို
ထိန်းနိုင်မယ် စတဲ့အကျိုးတွေရနိုင်ပာတယ်။ အသားမစားလိုက်ရတော့ ချို့တဲ့သွားနိုင်တဲ့ဓာတ်တချို့ကတော့
omega-3 fatty acid, vitamin B12, iron, calcium (နို့်ထွက်ပစ္စည်းတွေပာရှောင်ရင်) စတာတွေဖြစ်ပါ
တယ်။ သက်သတ်လွတ်သမားတွေမှာ (အယူမသည်းရင်) supplements တွေသောက်သုံးရင်ပိုကောင်းပာ
တယ်။ အသားစားပဂ္ဂိုလ်တွေအတွက်ကတော့ ဂျာနယ်တကာ ပညာပေးစာစောင်တွေမှာတွေ့နေကျ ဖော်
ပြနေကျအတိုင်းလေးပဲ 'ကြက်၊ဝက်၊ဆိတ်၊ အမဲ တွေကနေထွက်တဲ့ အဆီအအိမ့်တွေကိုလျော့စားပာ' လို့။
သက်သတ်လွတ်စားစား အသားပဲစားစား အသက်ကိုဥာဏ်စောင့်တာတော့ သေချာတယ်။ :)

         ဒီလောက်ဆိုနဲနဲတော့ အတွေးပွားလို့ရပြီထင်ပာ့..... Thanks for reading! :)

                                                   .............................
ပြောဖို့မေ့နေတာ ကျွန်တော်အကုန်စားပာတယ်။ :) အဲ.. အသား မစားရလည်းဘာမှတော့မဖြစ်ပာဘူး။
လက်ယာပော်မူတည်ပြီးပမာဏကွာသွားတာပာပဲ။ တစ်ချို့သတ်သတ်လွတ်ချက်တဲ့အိမ်မှာ သွားစားခဲ့ဖူး
တုန်းကေ၇လည်တီးတာ။ ဟဲဟဲ ...ကျွန်တော့်အတွက်ကတော့ လက်ရာကအဓိကပါပဲ။ :) အိမ်ရှင်မ
ကောင်းတော့လိုမယ်ဗျ.... :)

                                                                                                                    7PM

 
 



           

Monday, 19 December 2011

"အတိတ် ပစ္စုပ္ပန်နဲ့ အနာဂတ်"

        ကိုယ်တိုင်မမြင်နိုင်ပေမယ့် မှတ်တမ်းတွေအရသိရတဲ့ပဝေသဏီက ဘိုးဘွားတွေရဲ့ဘဝ၊လက်ရှိတွေ့
ကြုံနေရတဲ့မျက်စိရှေ့ကဘဝနဲ့ နောက်နောင်ကျွန်တော်လိုက်မမြင်လိုက်မခံစားနိုင်မဲ့ဘဝတွေအကြောင်းကိုမှေးစက်
မပျော်တဲ့ညတစ်ညမှာ စိတ်ကူးတွေနဲ့ခိုင်းနှိုင်းကြည့်မိပြန်တယ်။မနက်မိုးလင်းလို့လက်ကျန်စားစရာလေးတွေ
စားပြီးတောကြီးမျက်မည်းထဲမှာကိုတွတ်ပီလိုမရေမရာအမဲရှာလိုက်၊သဘာဝကပေးတဲ့မိုးလုံလေလုံဆွစ်ဟုမ်းဂူလေးထဲ
ကိုပြန်လာပြီးစားလို့ရတဲ့အပိုင်းကိုကင်စား၊ဝတ်စရာရမဲ့သားရဲသားရေကိုနေလှမ်းလိုက်၊ ရေကြည်ရာမြက်နုရာ
ဟိုနားရွှေ့နေဒီနားရွှေ့နေလိုက်၊တခာတလေလည်းကျားခြသေ့င်္လိုက်တော့နွားပြေးဝက်ပြေး ပြေးလိုက်နဲ့၊မီးကို
ရှာတွေ့ပြီးမှနဲနဲလောက်ပိုအရသာရှိလာမဲ့အစားအသောက်လေးတွေစားသောက်ခဲ့ရတဲ့ အော်..ဟိုးရှေးရှေးကနေ့ရက်
တွေ။ပန်းလေးတစ်ပွင့်ကိုလက်ကမကိုင်နိုင်ရှာလို့မရည်ရွယ်ပဲဆံနွယ်တွေကြားမှာထိုးထားမိတဲ့မိန်းကလေးတစ်
ယောက်ကိုမြင်လိုက်ရတာ အဲဒီကာလကပုရိသတွေအတွက်ထူးခြားတဲ့ရင်ခုန်သံတစ်ခုနှိုးထလာစေနိုင်ပာ့
မလား။နူးညံ့တဲ့အကြင်နာအကြည့်ဆိုတာမျိုးကိုအဲဒီအချိန်တုန်းကဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲဆိုတာကို....


           ပစ္စုပ္ပန်ကိုတည့်တည့်ကြည့်ဖို့မျက်လုံးအစုံကိုဖွင့်လိုက်တော့ပထမဆုံးမြင်လိုက်ရတာအက်ဒီဆင်ကမ
ကထပြုခဲ့တဲ့အဖြူရောင်မီးလုံးလေး။ မလှမ်းမကမ်းကအခန်းထောင့်မှာရှပ်ဒောင်းလုပ်ပါတော့လို့ငြီးငြူနေတဲ့
ဘီလ်ဂိတ်ရဲ့ပြူတင်းပောက်ကိုအမှီတဟဲပြုရင်းအသက်ဆက်နေရတဲ့နုတ်ဘုတ်ဆိုတဲ့မလောက်လေးမလောက်စား
အရွယ်ကိရိယာလေး။ဒာကိုလူသားတွေရဲ့ဖန်တီးမှုတွေထဲကအကောင်းဆုံးသောအရာတစ်ခုလို့တချို့တွေက
လည်းတီးတိုးလေးသမုဂ်နေပြန်တယ်။အင်တာနက်နဲ့ဒီအရုပ်လေးပောင်းပေးလိုက်တဲ့အခာမှာတော့ဂျင်နီရဲ့မီးခွက်
လေးကိုရလိုက်တယ်လို့ထင်ရလောက်အောင်ပြီးပြည့်စုံနေသယောင်။စားစရာမှာလို့ရတယ်၊ဝတ်စရာဝယ်လို့ရ
တယ်၊အိမ်ဝယ်ကားဝယ်လို့ရတယ်၊သီးချင်းလေးတွေနဲ့လွမ်းလို့ရတယ်၊ရုပ်ရှင်ကြည့်ရင်းငိုချင်ငိုလို့ရသေးတယ်
နောက်ဆုံးကြံတတ်ရင်အာရကီလေးပာရှာလို့ရတယ်။မယုံရင်'မခ်ဇူကာဘတ်' ကိုမေးကြည့်ပိုက်ဆံရှာရလွယ်
သလားလို့။ :)
           
            ဒာတွေအကင်းပဲရှိသေးတယ်။အနော်ရထာတို့ဘိုးတော်ဘုရားတို့ဘုန်းကြီးပာတယ်ဆို၊ နာပိုလီယံတို့
အလက်ဇန္ဒားတကရိတ်တို့ကမ္ဘာကြီးကိုသိမ်းဖို့လောက်ထိထူးချွန်ပာတယ်ဆို၊ ဒီပုဂ္ဂိုလ်တွေ မာစီးဒီးတို့၊ လေ
ယာဉ်တို့မစီးဖူးလိုက်ပာဘူး။ ထပ်ရှည်ကြည့်ရရင်ဒီလူတွေအတွက်သိပ်လှခဲ့ပာတယ်ဆိုတဲ့စာတစ်သံပေတစ်သံ နဲ့ဖွဲ့နွဲ့ခိုင်းခဲ့တဲ့ဥယျာဉ်တွေဆိုတာ ဒီနေ့'ကန်တော်ကြီး' တို့'စိမ်းလန်းဆိုပြေ'တို့လောက်လှချင်မှလှမှာပော့..:) ကဒ်ဘေးတွေအာဏာရှင်တွေရဲ့လူမဆန်မှုတွေကိုခဏလောက်ဘေးဖယ်ပြီး အကောင်းဖက်ကပဲကြည့် မယ်ဆိုရင်ဒီခေတ်မှာလူဖြစ်ရတာအလွန်ကံကောင်းလို့ကိုယ်ကိုကိုယ်မှန်ထဲကြည့်ရင်းမရမကချီးမွမ်းနေလိုက်သေး။ :P  ထိုနည်း၎င်းပာပဲလကမ္ဘာပော်မှာခုံစွခုံစွနဲ့ခြေချသွားလာခဲ့တဲ့အမ်းစရောင်းလောက်အဲဒီဖီလင်ကိုကျွန်တော်
တို့တွေအားလုံးနီးပားမခံစားဖူးသေးပာဘူး။
           
            ပိုပီးစိတ်ဝင်စားမိတာကအနာဂတ်သားသားမီးမီးတွေရဲ့ဘဝနေ့ရက်လေးတွေပာ။အဘိုးရေမြေး
လေးဒီနေ့လကမ္ဘာပော်ကိုသူငယ်ချင်းတွေနဲ့ဘောလုံးသွားကန်မလို့ ဘာမှာအုံးမလဲလို့ဆိုရင်ဆိုနေမှာပော့။
ကမ္ဘာ့ဖလားဖိုင်နယ်ကိုမားစ်ဂြိုလ်ပော်ကအထူးတည်ဆောက်ထားတဲ့နောက်ဆုံးပော်ကွင်းမှာကျင်းပမှာပာဆို
ရင်လက်မှတ်တစ်စောင်လောက်တော့လိုချင်မိဗျာ။အိမ်ပြန်လာရင်အကောင်းဆုံးဟင်းလျာတွေနဲ့ကြိုဆိုနေ
တဲ့ဒုတိယအိမ်ရှင်မ လေဒီရိုဘော့ကို မမွေးခင်ကတည်းကဂျနက်တစ်နည်းပညာနဲ့သဘာဝအတိုင်းလှအောင်
လုပ်ထားတဲ့လူသားချစ်ဇနီးလေးရဲ့ဘေးမှာတွေ့ချင်တွေ့ရမှာပော့။ :) နင်းနှိပ်ပေးဖို့၊သောက်တိုမယ်ရခိုင်းဖို့
ကိုယ့်အတွက်တော့ လေဒီရိုဘော့ရှိသလို ကြင်နာဇနီးလေးအတွက်တော့ မစ္စတာရိုဘော့လေးရှိရမှာပော့
နော်။ ဒာမှမဟုတ်လည်းကမ္ဘာပော်မှာတော့လူတွေသာနေပြီး ရိုဘော့တွေကိုတော့တခြားဂြိုလ်ကသယံဇာတ
တွေကိုသွားယူ အချောသတ်ပြီးမှ အသုံးလိုမှဒီကိုပို့လာခိုင်းလို့လည်းရပာသေးတယ်။
             
           လူတွေတစ်နေ့ကြရင် Wall E ဆိုတဲ့ဇာတ်ကားထဲကလိုများဖြစ်လာမလား။ Star War ထဲကလို
တခြားဂြိုလ်သားတွေနဲ့ အာကာသတိုက်ပွဲတွေနွဲနေရမလား။ ဒီနေရာမှာစဉ်းစားမိတာကတခြားဂြိုလ်မှာ
လူလိုဥာဏ်များတဲ့သတ္တဝာရှိမရှိဆိုတာပါပဲ။ ကျွန်တော်ကတော့စကြဝဠာရဲ့တစ်နေရာရာမှာတော့ရှိနေမယ်
ထင်မိတာပဲ။ ကမ္ဘာနဲ့အလားသဏ္ဏာန်တူတဲ့ဂြိုလ်တွေကိုကနေ့မှာတောင်တွေ့လာရပြီမဟုတ်ပာလော။'တယ်
လီပော့' ဆိုတာတကယ်ဖြစ်လာနိုင်တဲ့နေ့ကြရင်ဂြိုလ်တွေတစ်ခုပြီးတစ်ခု ပတ်မွေတာပော့နော်။
        
          နောက်ဆုံးစဉ်းစားမိတာကတော့နောင်ခေတ်လူတွေသက်တမ်းဘယ်လောက်ထိနေကြရမလဲဆိုတာ
ပာပဲ။ Regenerative medicine ရဲ့အစွမ်းဘယ်လောက်ရှိမလဲဆိုတာမြင်ကြရပာလိမ့်မယ်။ Cloning ဒီထက်အောင်မြင်ပြီး တရားဝင်ခွင့်ပြုလိုက်တဲ့တစ်နေ့ကြရင် ကိုယ်အတွက်လိုအပ်မယ့်ကိုယ်လက် အဂာင်္တွေကို ကိုယ့်ရဲ့ငယ်ရွယ်တဲ့ကိုယ်ပွားလေးကနေလိုသလိုထုတ်ယူအစားထိုးနိုင်တဲ့အထိဖြစ်လာမလား။
Morality & Ethics ပိုင်းကိုတော့ခဏမေ့ထားကြတာပော့။ အထူးသဖြင့် ကျွန်တော်တို့ကို 'ကျွန်တော်' လို့သိခွင့်ပေးထားတဲ့ ဒီဦးနှောက်ကြီးကိုဘယ်လိုငယ်ရွယ်အောင်ပြန်လုပ်မလဲဆိုတာအခက်ခဲဆုံးဖြစ် မယ်ထင်မိတယ်ဗျ။ ဟို clone ရဲ့ဦးနှောက်ကိုဒီလက်ရှိ body မှာလာတွဲလိုက်ရင် ကျွန်တော်သေတာနဲ့သိပ်မထူးဘူး။ ဒီဦးနှောက်ကို ဟို clone ရဲ့ body မှာသွားတွဲလည်း ဒီဦးနှောက်အို ကဘယ်လောက်ပိုခံမလဲမသေချာပာဘူး။သိပ်အကြာကြီးနေရရင်ရောလောကကြီးကပြင်းစရာကြီးများဖြစ်လာမလား။ လူမဆန်တဲ့လူတွေအလွန်အသက်ရှည်သွားရင်ဒီကမ္ဘာကြီးတော့မတွေးဝံ့စရာပဲ။:) မသေဆေးရှာခဲ့တဲ့ရှေးက ဘုရင်တွေဥာဏ်မရှိဘူး... မတော်လို့သေချင်နေပာပြီ ဘယ်လိုမှမသေနိုင်ရင်ဘယ်လိုလုပ်မလဲ။ အဲဒီဒုက္ခက လောကမှာအဆိုးဆုံးဒုက္ခဖြစ်သွားနိုင်တယ်။ :D
             ဦးနှောက်တောင်နဲနဲရှုံ့သွားပြီးလားမသိဘူး... အခုတော့ ခဏတာသေခြင်းနဲ့ ၇နာရီလောက်သေ လိုက်ပါအုံးမယ်ဗျို့.. :)
                                                                                                               7pm

Saturday, 26 November 2011

"လူနှင့် လူဖြစ်ရခြင်း၏နောက်ကွယ်တွင်"

         မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးဖွင့်ရာကစလိုက်တဲ့ တစ်နေ့တာဟာဒီလိုနဲ့ပဲမျက်လုံးနှစ်လုံးပြန်မှိတ်ဖို့
အချိန်ကိုရောက်လို့လာပာပြီ။စားမယ်သောက်မယ်လုပ်စရာရှိတာလေးတွေကိုလုပ်လိုက်မယ်။ကြိုးစားသင့်တန်
ကြိုးစားပျော်သင့်တန်ပျော်ငိုစရာရှိတာလည်းငို၊ဒီလိုနဲ့ပဲနှစ်တွေကုန်လာခဲ့ကြတာပာ။ နေသင့်တဲ့နှစ်တွေသက်
တမ်းတိုးလို့မရတော့ တဲ့အချိန်ထိအကောင်းဆုံးလို့ထင်ရတဲ့ အရာတွေအတွက်လုံးချာလိုက်ရင်းနဲ့ပဲ ဘဝကို ကုန်ခဲ့ကြတဲ့သတ္တဝာတို့မရေမတွက်နိုင်အောင်ပာပဲ။ဇာတ်လမ်းပောင်းမျိုးစုံကကြိုးပောင်းအသေင်္ချေနဲ့ ကျွန်တော် တို့နေတဲ့ဤကမ္ဘာမြေကြီးဟာအရောင်အသွေးစုံလင်လွန်းလှပာတယ်။ဒီလိုအရာအားလုံးကိုသိမြင်ခံစားခွင့်ရတဲ့ လူတစ်ယောက်ဖြစ်လာရတာကိုပဲ အတော်လေးကိုထူးခြားကံကောင်းနေပြီလို့ ခံယူမိပာတယ်။

         ဘဝရဲ့စာမျက်နှာတွေထူလာတာနဲ့အမျှမိနစ်စက္ကန့်တွေရဲ့တန်ဖိုးတွေကလည်းတရိပ်ရိပ်နဲ့ပိုကြီးလို့
လာပာတယ်။ဒာတွေအားလုံးဟာဘာများအထူးအဆန်းဖြစ်စရာရှိလို့တုန်းမောင်ရင်ရယ်လို့သူယောင်မယ်တစ်ပားက
နှခောင်းရှုံ့မေးလာခဲ့မယ်ဆိုရင်ဖြင့်ရိုးရိုးသားသားလေးပဲ၊ ဒီလူအတွက်တော့သဲသဲမဲမဲကို အရေးကြီးနေပာ တယ်လို့ရဲရဲဝင့်ဝင့်ပဲပြန်ဖြေလိုက်မိပာလိမ့်မယ်။ရှင်ကြီးဂောတမကအစ ဘယ်ကစတယ်မဆိုခဲ့တဲ့သတ္တဝာတို့ရဲ့
မူလဌာနကို ရှင်ကြီးတားတဲ့ကြားကပဲထဲထဲဝင်ဝင်လိုက်စပ်စုချင်နေခဲ့မိတဲ့မလည်ရှုပ်ပုထုဇဉ်တစ်ယောက် ရဲ့နိဒာန်းကတော့ 'လူဘာလို့ဖြစ်ရတယ်' 'ဗြဟ္မာကြွေလို့ဖြစ်ရတယ်'။ ဟင်..'ဘူပြောတာလဲမင်းကို' 'ငာ့မေကြီးပြောတာ'ဆိုတဲ့ဆွေးမြေ့နေတဲ့ သူငယ်ချင်းနှစ်ယောက်ကြားကပတ်ပျိုလေးကိုပဲ အကြောင်းရှာအပြစ်ဖို့မိတော့တယ်။

         တကယ်တကယ်တော့ဒီလိုမေးခွန်းလေးတွေကဘာနဲ့မှမတူအောင် ရိုးဆင်းလွန်းပေမယ့်လူ့သမိုင်းမှာ
ပြတ်သားတဲ့အဖြေတစ်ခုပေးလို့မရလောက်အောင်ခက်ခဲလွန်းနေတာမထူးဆန်းနေပေဘူးလားကိုယ်တော်တို့ရေ။
ပရောဟိတ်ကြီး ဒာဝင်ရဲ့သီအိုရီကြီးအရရော မဟာပောက်ကွဲမှုကြီးဆိုတဲ့ယုံကြည်မှုပရောဂနဲ့ပာပောင်းစပ်လိုက်
လေသောအခာ 'လူဘယ်ကလာ' 'မျောက်လိုဘဝကလာ' 'မျောက်လိုဘဝဘယ်ကလာ' 'ရေအိုင်ထဲကလာ' 'ရေအိုင်ထဲကဘဝဘယ်ကလာ' 'ပိုးမွှားသေးသေးလေးတွေကလာ' ဆိုတဲ့တေးသွားလေးရဲ့အစကို မြည်တမ်း
နိုင်ခဲ့ပာပြီ။ အိမ်ပြန်ချင်နေတဲ့ဆရာမကို သားတို့ဆက်ဆိုချင်သေးတယ်အတွန့်တက်တော့ ဆရာမကမာယာ
နဲ့ သားတို့ 'စကားနဲရင်ပတ္တမြားခဲ' ဆိုတာသိကြရဲ့လား.. ကဲ ဒီတော့ ဒီလိုတစ်ကြောင်းထဲမှတ်ဆိုပြီးအတန်း
အတန်းဖြုတ်လိုက်တယ်။ဘာတဲ့... 'သက်ရှိဘယ်ကလာ သက်မဲ့ဘဝကလာ' !
         'ငာ့အဖေရဲ့စကားချိုးကပိုမိုက်တယ်ကွ'..ဟုတ်လား ပေးမြည်းပာအုံး.. အေ..'လူအစ ဗစ်ဘန်းက'..
ပောက်ကွဲနေတဲ့မျက်နှာပြင်ကနေပြူထွက်လာတဲ့သူ့ဖေကြီးကိုပြေးမြင်နေမိတယ်။ ဒီသီအိုရီနှစ်ခုကိုသေချာ
သုံးသပ်လိုက်တဲ့အခာ သေချာခဲ့တာတစ်ခုကတော့လူရယ်လို့တဖြည်းဖြည်းနဲ့ဖြစ်လာဖို့နှစ်ပောင်း ၁၃ဘီလီယံ
လောက်ကြာခဲ့ပာတယ်။ နောက်တစ်ချက်ကတော့လူဖြစ်ပာစေတော့ဆိုပြီး ရည်ရွယ်ရှိရှိ ဗစ်ဘန်းကြီးပောက်ကွဲ
ပေးလိုက်တာမဟုတ်သလို လူတွေနေပာစေတော့ဆိုပြီးကမ္ဘာကြီးတည်ရှိလာရတာမဟုတ်ဘူးဆိုတာပာပဲ။ အလားတူပဲလူဖြစ်လာပြီးတဲ့အခာမှာလည်း ဟိုလူကဒာလုပ်ဖို့ ဒီလူကဒာလုပ်ဖို့ဆိုပြီးတံဆိပ်နှိပ်လွတ်လိုက်တာ
မျိုးမဖြစ်နိုင်ပာဘူး။ ဗလာစာရွက်အဖြူရောင်လေးတစ်ရွက်လိုပဲ ကိုယ်ကြိုက်ရာကိုချရေးဖို့အခွင့်အရေးပေး
လိုက်ခြင်းပာပဲ။ ကိုယ့်နားမှာအကောင်းစားစာရွက်နဲ့ အကောင်းစားဘောလ်ပင်ရှိမရှိကတော့ သဘာဝတရား
ကိုသာလာဘ်ထိုးထားရပာလိမ့်မယ်။ :)
      ထိုနည်း၎င်းပာပဲ အတ္တကိုအရင်းပြုလို့ 'ငာလူဖြစ်လာရတာ ဘာလုပ်ဖို့များပာလိမ့်လို့' 'ဘဝရဲ့
အကောင်း ဆုံးအဓိပ္ပာယ်က ဘာများပာလိမ့်' လို့ တချိန်ချိန်မှာကျွန်တော်တို့တွေး ခဲ့မိဖူးပာလိမ့်မယ်။ 
 တကယ်တော့ လူဖြစ်လာရခြင်းမှာ ထူးခြားတဲ့ရည်ရွယ်ချက်မရှိလှတဲ့အတွက် ကိုယ်လိုချင်တဲ့ ကိုယ်သတ်မှတ်ချင်တဲ့
ရည်ရွယ်ချက်လေးတွေသတ်မှတ်ပြီး မျှော်မှန်းရာဆီသွားရုံမှတပားအခြားမရှိခြေ။ အေးချမ်းချင်ရင်နိဗ္ဗာန်
ရှာ၊ သူဌေးဖြစ်ချင်ရင်ငွေနောက်လိုက်၊ မင်းသားဖြစ်ချင်ရင်အိုက်တင် ဖိုက်တင်ကျင့်ရုံပော့။ ကိုယ်နဲ့လိုက်
ဖက်ပြီးကိုယ်ပျော်ရွှင်စွာနိုင်မယ့်ဘဝသည်သာကိုယ့်အတွက်အကောင်းဆုံးဖြစ်ပာတယ်။ သံသရာကိုယုံကြည် သူတစ်ဦးအတွက်ကတော့ဒီဘဝမရနောက်ဘဝလို့ မျှော်လင့်နိုင်သေးပေမယ့် တစ်ဘဝသာရှိသည် 
ဟုခံယူ ထားမယ်ဆိုလျှင်တော့ထပ်ပြီးသတိပေးလိုက်ချင်တာက ဒီလိုဘဝလေးတစ်ခုရလာဖို့ 
နှစ်ပောင်း ၁၃ ဘီလီယံ ကြာတဲ့အတွက် ပို၍တန်ဖိုးထားအသုံးချနိုင်ပာစေလို့....

                                                                                                                     7PM
          
          
         
         

Thursday, 17 November 2011

"အိုင်းစတိုင်းလည်း မလွတ်လပ်ခဲ့ပာ"

            FBI ကနေထုတ်ပြန်လိုက်တဲ့ စာရွက်စာတန်းတွေအရသိရတာ ကတော့ အိုင်းစတိုင်းဟာ ၁၉၃၃ မှစ ၁၉၅၅ ခုနှစ်ထိ FBI ရဲ့ မျက်ခြေမပျက် လျှို့ဝှက်စောင့် ကြည့်ခြင်းခံခဲ့ရပာတယ်။ အိုင်းစတိုင်းဟာနာဇီဝာဒ ကို ကြောက်ရွံ့မုန်းတီးတဲ့ အတွက် ၁၉၃၃ ခုနှစ်မှာ ဂျာမနီကို စွန့်ခွာပြီး အမေရိကန် ကိုပြောင်းရွှေ့ နေထိုင်ခဲ့ပာတယ်။
           ယနေ့အခာမှာတော့ အများစုက အိုင်းစတိုင်းကို ကမ္ဘာ့ ဥာဏ်ကြီးရှင် အဖြစ် အမှတ်ရကြပာတယ်။ ဒာပေမယ့် သူဟာနိုင်ငံရေးမှာလည်း အနည်း အကျဉ်းပာဝင်လှုပ်ရှားမှုရှိခဲ့ပြီး အသစ်ပြန်လည်ဖွဲ့စည်းခဲ့တဲ့ အစ္စေ၇းနိုင်ငံရဲ့ သမ္မတအဖြစ်ကမ်းလှမ်းခံခဲ့ရပေမယ့် ငြင်းဆန်ခဲ့ပာတယ်။
         ဒီအတွက်ကြောင့်ပဲသူဟာအနည်းနဲ့အများတော့သံသယနဲ့ ဝေဖန်စောင့်ကြည့်ခံရခြင်းဖြစ်ပာတယ်။ FBIမှတ်တမ်းတွေအရJHoover ဆိုသူဟာအိုင်းစတိုင်းကိုသူလျှိုအဖြစ်ဖော်ထုတ်ကောင်းဖော်ထုတ်နိုင်ဖို့အတွက်သတင်း အချက်အလက်တွေကို သဲသဲမဲမဲ ရှာဖွေစုဆောင်းခဲ့ပာသေးတယ်။ သူ US မှာနေတဲ့ တလျှောက်လုံး FBI ကနေကြားဖြတ် ဖုန်းခိုးနားထောင်တာတွေ၊ စာတွေတရားမဝင် ဖောက်စစ်တာတွေ ပြုလုပ်ခံခဲ့ပာတယ်။ Hoover ဟာ သူ့ကို ဆိုဗီယက် သူလျှိုကွင်းဆက်နဲ့လည်း ပတ်သက်နိုင်တယ်လို့ယူဆခဲ့ပာတယ်။ ဘယ်လောက်ထိ ဆိုးခဲ့လဲဆိုရင် အိုင်းစတိုင်းရဲ့ အတွင်းေ၇းမှူးရဲ့ တူလေး နေတဲ့အိမ်ကို ဖုန်းခိုးနားထောင် တဲ့ထိဖြစ်ခဲ့တယ် လို့ဆိုပာတယ်။   

Source: http://news.bbc.co.uk/1/hi/sci/tech/2033324.stm   

Sunday, 13 November 2011

" ဒီနေ့ သိပ်ကံဆိုးနေလား "

သင့်အတွက်ဒီနေ့ဟာသိပ်ပြီးဆိုးရွားနေသလား။ဒာလေးတွေဖတ်ကြည့်နည်းနည်းတော့သက်သာသွားပာမယ်ထင်ပာတယ်။

၁)ကယ်လီဖိုးနီးယားမီးသတ်အဖွဲ့ဟာတောမီးလောင်ထားတဲ့နေရာမှာတစ်ခုအလောင်းတစ်လောင်းကိုတွေ့ရှိထားပာတယ်။စစ်ဆေးကြည့်လိုက်တော့ ယောင်္ကျားတစ်ယောက်ဖြစ်ပြီး ရေယက်တွေနဲ့ ရေငုပ်ဝတ်စုံအပြည့်နဲ့ဖြစ်ပာတယ်။ ရင်ခွဲစစ်ဆေးကြည့်လိုက်တော့သူဟာမီးလောင်ပြီးသေဆုံးရတာမဟုတ်ပဲ ပြင်းထန်တဲ့အတွင်းဒဏ်ရာတွေနဲ့ သေဆုံးတာဖြစ်ကြောင်းတွေ့ရပာတယ်။ 'သွား'မှတ်ချက်တွေကလည်းသက်သေထူနေပာတယ်။သက်ဆိုင်ရာကလည်းဝတ်စုံပြည့်ရေငုပ်သမားတစ်ယောက်က ဘာလို့ဒီလိုတောမီးထဲမှာလာသေနေရသလဲဆိုတာကို အပူတပြင်းစုံစမ်းပာတော့တယ်။ 
         နောက်ဆုံးသိရှိလိုက်ရတာကတော့ တောမီးလောင်တဲ့နေ့မှာသူဟာမိုင်၂၀လောက်အကွာမှာရှိတဲ့ကမ်းလွန်ပင်လယ်ပြင်မှာ ရေငုပ်နေခဲ့ပာတယ်။မီးသတ်သမားတွေဟာမီးအမြန်ငြိမ်းနိုင်ဖို့ရေဆွဲတဲ့ပုန်းကြီးတွေပာတဲ့ရဟတ်ယာဉ်တွေကိုအကူခော်ပြီးပင်လယ်ကရေတွေကိုခပ်၊ မီးရှိတဲ့နေရာမှာ လာသွန်စေပာတယ်။
     ဒီလောက်ဆိုမှန်းဆလို့ရလောက်ပြီထင်ပာတယ်။ စောနကပဲပင်လယ်ထဲမှာရေငုပ်လို့။သိပ်မကြာပာဘူးလေထဲပေ၃၀၀လောက်
ကရေပုံးကြီးမှာယက်ကန်ယက်ကန်နဲ့။ တချို့နေ့တွေမှာတော့အိမ်ကအိပ်ယာထဲမှာပဲကွေးနေတာကပိုကောင်းပာလိမ့်မယ်။

                                                      ငမန်းလိုက်ရင်တောင် ကံကောင်းရင်လွတ်အုံးမှာ

၂) သင့်အတွက်ဒီနေ့ဟာသိပ်ပြီးဆိုးရွားနေပာသေးသလား။
         ပော်တီကိုအောက်မှာလူတစ်ယောက်သူ့ရဲ့ဆိုင်ကယ်ပော်မှာအလုပ်ရှုပ်နေတယ်၊မိန်းမလုပ်သူကတော့အနီးမှာ၇ှိနေတယ့်မီးဖိုထဲမှာ။အင်ဂျင်ကိုစက်နိုးစမ်းနေတုန်းမတော်တဆဂီယာချာ်ပြီးဝင်ပာလေရော။လူကြီးကဆိုင်ကယ်လက်ကိုင်မှာတန်းလန်းကြီးချိတ်ပြီး ပော်တီကိုနားကမှန်တံခားကိုပြေးစောင့်ပာတော့တယ်။မှန်ကွဲသံတွေကိုကြားတော့မိန်းမကအပြေးအလွှားထွက်ကြည့်တဲ့အခာ ယောင်္ကျားမှာဒဏ်ရာတွေသွေးတွေနဲ့။အဲဒီမှာလူနာတင်ကားခော်အိမ်ရှိရာကုန်းမြင့်လေးကနေ လှေကားထစ်တွေအတိုင်းဆင်းသွားပြီး ရောက်လာတဲ့အရေးပော်ပြုစုရေးဝန်းထမ်းတွေကိုတွေ့ပြီး ယောင်္ကျားရှိတဲ့နေရာဆီကိုခော်လာခဲ့တယ်။သူမရဲ့ယောင်္ကျားကိုဝန်ထမ်းတွေကားပော်တင်သွားတဲ့အချိန်မှာသူမဆိုင်ကယ်ကိုတည့်ပြီးအပြင်ကိုထုတ်ထားလိုက်တယ်။ဖိတ်စင်သွားတဲ့ဓာတ်ဆီတွေကိုလည်းတစ်ရှူးနဲ့ခပ်မြန်မြန်ပဲသုတ်လိုက်ပြီးအိမ်သာထဲပစ်ထားလိုက်တယ်။
         ဆေးကုသပြီးပြန်လာတော့လူကြီးက ကြေမွနေတဲ့မှန်တံခားနဲ့ထိခိုက်သွားတဲ့သူ့ရဲ့ဆိုင်ကယ်လေးကိုလိုက်စစ်လိုက်သေးတယ်။ ပြီးတော့အိမ်သာထဲမှာကိစ္စလေးရှင်းရင်စီးကရက်လေးနဲ့သူ့ကိုယ်သူနှစ်သိမ့်နေလိုက်တယ်။ထတော့မယ်ဆိုပြီး ဆေးလိပ်ကိုပစ်ထည့်ဖင်လေးကြွလိုက်တဲ့အချိန်။
         ဝုန်းဒိုင်းနဲ့ ယောကျာင်္းရဲ့အော်သံကြားတော့ မီးဖိုချောင်ကနေပြေးလာကြည့်တဲ့အခာအိမ်သာကြမ်းပော်
မှာအောက်ပိုင်းဗလာ၊ဖင် ပောင်ခြံမှာမီးလောင်ဒဏ်ရာတွေနဲ့လဲနေတဲ့အိမ်ဦးနတ်သူ့မိန်းမကိုတွေ့လိုက်ရတယ်။
ဒါနဲ့ပဲ နောက်တစ်ခာ ဆေးရုံကားခော်ရပြန်တယ်။ စောနက ဝန်းထမ်းတွေပဲ ပြန်ရောက်လာတာပာပဲ။ လူနာကိုထမ်းစဉ်ပော်တင် လှေခားလေးအတိုင်းဆင်းလာတုန်းမယားဖြစ်သူကိုဘယ်လိုလုပ်ပြီးမီးလောင်သွားတဲ့
အကြောင်းမေးလိုက်တော့သူမက ဖြစ်ကြောင်းကုန်စင်ကိုရှင်းပြလိုက်တယ်။ဒီမှာတင်သူတို့ဟက်ဟက်ပက်ပက် ရယ်မောကြရင်း တစ်ယောက်ကသတိလွတ်ခြေချော်သွားပြီး လူနာခမျာ လက်ကျန်လှေကား ထစ်တွေအတိုင်း ဒလိမ့်ကောက်ပြုတ်ကျကာ လက်ကျိုးသွားခဲ့ပာတယ်။



၃) သင့်အတွက်ဒီနေ့ဟာသိပ်ပြီးဆိုးရွားနေတုန်းပဲလား။
        အလက်ဇဂားပြည်နယ်တဝိုက်အက်ဇွန်ဝဲလ်ဒပ်စ်ရေနံယိုစိမ့်မှုဘေးကနေပင်လယ်ဖျံတစ်ကောင်ကိုကယ်တင်ပြီး ပြန်လည်ပြုစုစောင့်ရှောက်ရတဲ့စ၇ိတ်ဟာဒော်လာ၈၀၀၀၀ လောက်ရှိပာတယ်။ဒီလိုအကုန်ကျခံကယ်တင်ထားတဲ့ပင်လယ်ဖျံနှစ်ကောင်ကိုသဘာဝပင်လယ်ပြင်ထဲကို ပြန်လွတ်ပေးတဲ့အခမ်းအနားမှာလာရောက်ကြည့်ရှုသူရဲ့လက်ခုပ်သြဘာသံတွေနဲ့ ပြည့်လို့နေပာတယ်။မိနစ်ပိုင်းလေးမှာပဲပင်လယ်ဝေလငါးကြီးတွေရောက်လာပြီးဖျံနှစ်ကောင်ကိုလာစားသွားတာကိုရှင်းရှင်းလင်းမြင်လိုက်ရပာတယ်။

၎) ဒီနေ့သိပ်ကံဆိုးတယ်ထင်နေသေးလား။
            အမျိုးသမီးတစ်ဦးဟာ အိမ်ပြန်အရောက်မှာ ခါးမှာဝာယာကြိုးလိုဟာမျိုးကို ပတ်ပြီး လျှပ်စစ်မီးဖိုနားမှာတွန့်လိမ်ကောက်ကွေးပြီးကနေတဲ့သူမယောင်္ကျားကိုမြင်တော့လန့်ပြီးအနီးနားမှာရှိနဲ့သစ်သားတုတ်ကို
ယူပြီးအားနဲ့ရိုက်ဖယ်လိုက်တာလက်မောင်းကြိုးကျိုးပာလေရော။ဒီမတိုင်ခင်ကတော့သူ့ယောင်္ကျားဟာWalkman လေးကိုနားထောင်နေတာပာ။

၅) ဒီနေ့သိပ်ကံဆိုးလွန်းတယ်ထင်နေသေးလား။
  တိရိစ္ဆာန်အခွင့်အရေးအတွက်ဆန္ဒပြသူနှစ်ယောက်ဟာဂျာမနီဘွန်းမြို့မှာရှိတဲ့သားသတ်၇ုံနားမှာနွားတွကိုရက်ရက်စက်စက်သတ်ဖြတ်မှုအတွက်ဆန္ဒပြနေကြပာတယ်။ရုတ်တရက်နွားလှောင်ရုံကအကာတွေပြိုကျပြီးနွားအကောင်၂၀၀၀ လောက်တရကြမ်းလွတ်လာကာဆန္ဒပြနေတဲ့ပုဂ္ဂိုလ်နှစ်ယောက်ကိုအညာအတာကင်းမဲ့စွာပဲအသက်ထွက်အောင် တက်နင်းသွားပာတော့တယ်။


၆)ဘာလဲ။ ဒီနေ့သိပ်ပြီး ကံနိမ့်တယ်လို့ထင်နေသေးလား။
          'ကေရာနာဂျက်' ဆိုတဲ့ အီရတ်အကြမ်းဖက်သမားတစ်ဦးဟာ ဗုံးတပ်ထားတဲ့ စာကို စာပို့ခမလောက်မငှနဲ့တွဲပြီး ပို့လိုက်မိပာတယ်။ အဲဒီစာဟာ 'ပေးပို့သူထံပြန်ပို့ရန်'ဆိုတဲ့တံဆိပ်လေးနဲ့သူ့ဆီကို ပြန်ရာက်လာခဲ့ ပာတယ်။ ဗုံးပာတာကိုမေ့ပြီး သူဖွင့်လိုက်တော့ တစစီပောက်ကွဲသွားပာတော့တယ်။  ကယ်..ခင်ဗျားတို့ ဒီပုဂ္ဂိုလ်တွေလောက် ကံမဆိုးသေးဘူးလို့ထင်ပာတယ်။ :) :)


ှSource: Different Pieces of Short Stories From Webs

Saturday, 12 November 2011

"အိုင်ဒီယာတစ်ခုမွေးဖွားခြင်း"

                                            အိုင်ဒီယာတစ်ခုမွေးဖွားခြင်း

            ဟောဒီသံစုံတီးဝိုင်းကြီးကထွက်ပော်လာတဲ့ တီးလုံးသံကို ဒီနေ့တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာ နိုင်ငံအနှံ့ကလူတွေ နားထောင်နေမှာပာ။ ရေဒီယိုဟာ ဒီတီးလုံးသံကို ကမ္ဘာတဝန်းက နေရာတိုင်းကို   ရောက်အောင်ပို့ဆောင်ပေးနိုင်စွမ်းရှိပာတယ်။
            ဒီလိုလုပ်နိုင်ဖို့အတွက်လူတွေဘယ်လောက်ကြာအောင်စောင့်ခဲ့ကြရသလဲ? မှတ်တမ်းတွေအ ရတော့ ရေဒီယိုဆိုတဲ့ကိရိယာကို တီထွင်  အသုံးပြုနိုင်ခဲ့တာ နှစ်တစ်ရာလောက်ရှိပာပြီ။ သို့တစေ ဒီထက်ထဲထဲဝင်ဝင်လေ့ လာကြည့်လိုက်ရင် ဟိုးလွန်ခဲ့တဲ့နှစ်ပောင်း ၂၅၀၀၊ တနည်းပြောရင် ဘီစီ ၆၀၀ လောက်ကစခဲ့ တယ် လို့မြင်နိုင်ပာတယ်။ တကယ်ကို မရေရာလှတဲ့ အတွေးလေးတစ်ခု ကပဲစခဲ့ တာပာ။ ဘီစီ ၆၀၀ ခန့်မှာ ဂရိ အတွေးအခော်ပညာရှင် "Thales of Miletus" က ပယင်းကိုပွတ်တိုက် လိုက်ခြင်းကြောင့် ဖြစ်ပော်လာတဲ့စွမ်းအားတစ်မျိုးဟာ ကောက်ရိုးမျှင်လေးတွေကို လာကပ်စေနိုင်တယ်ဆိုတာကို တွေ့၇ှိခဲ့ပာတယ်။
             နောင်နှစ်ပောင်း ၂၂၀၀ အကြာမှာ "Elizabeth" ဘုရင်မကြီးရဲ့ သမားတော်လည်းဖြစ်တဲ့ 'SirWilliam Gilbert' က ဒီအတွေးကိုနဲနဲထပ်ချဲ့တွေးပြီး စမ်းသပ်မှုတွေလုပ်ပြီးတဲ့ အခာမှာ ဒီဖြစ်စဉ်ကို လျှပ်စစ်ဓာတ်'Electricity'လို့ကင်ပွန်းတပ်ခဲ့ပာတယ်။၆နှစ်အကြာမှာလျှပ်စစ်ဓာတ်ထုတ်လုပ်ပေးနိုင်တဲ့စက်ကိုဂျာမန်လူမျိုး 'Otto Van Guericke'က တီထွင် ပြုလုပ်ခဲ့ပာတယ်။ 
             နောက်ထပ်နှစ်ပောင်း ၁၀၀ အကြာမှာတော့ 'Benjamin Franklin' ကလျှပ်စစ်ဓာတ် အဖိုနဲ့ အမ ကိုရှာတွေ့ခဲ့ပြီး မိုးကြိုးပစ်ခြင်းသည် လျှပ်စစ်ဖြစ်စဉ်သာဖြစ်ကြောင်းကို သက်သေပြခဲ့ပာတယ်။ ၁၈၂၀ ခုနှစ် မှာတော့ ဒိန်းမတ်လူမျိုး 'Oersted' က လျှပ်စစ်ဓာတ်သည် သံလိုက်ဓာတ်ကိုလည်း ပေးစွမ်းနိုင်ကြောင်းကို သက်သေပြပြန်ပာတယ်။ မရှေးမနှောင်းမှာပဲ 'Faraday' ဟာ စမ်းသပ်မှုတွေက တဆင့် လျှပ်စစ်မော်တာရဲ့ အခြေခံတဘောတရားကို ၇ှာဖွေတွေ့ရှိခဲ့ပာတယ်။
             Faraday နောက် 'Morse'   'Bell' တို့ဟာ ဒီအိုင်ဒီယာကို တယ်လီဂရပ် နဲ့ တယ်လီဖုန်းတို့လို
ဆက်သွယ်ရေးလမ်းကြောင်းတွေအဖြစ် အကောင်အထည်ဖော်ခဲ့ကြတယ်။ "Edison" ကတော့ ဒီအိုင်ဒီယာ
ကို ပိုပြီးတောက်ပြောင်စေခဲ့ပြီး ကမ္ဘာကြီးကို ထွန်းလင်းစေခဲ့ပာတယ်။ Marconi နဲ့ deForest တို့ကတော့ 'Morse' 'Bell' တို့ထက်သာလွန်တဲ့ ရေဒီယိုဆိုတဲ့အရာကို အုပ်မြစ်ချပေးခဲ့ပာတယ်။
             တကယ်ပြောချင်တာက အခုမှစတာပာ။ ပြန်ကြည့်လိုက်ရင် နှစ်ပောင်း ၂၅၀၀ လောက်ကို ဒီ
လျှပ်စစ်ဆိုင်ရာ အကြံဥာဏ်ကြီးက ကြီးကြီးလာပာတယ်။ အမှန်တော့ ဒီလိုဖြစ်လာရခြင်းဟာ ချက်ကျ လက်ကျ စဉ်းစားတွေးခော်ခဲ့တဲ့ လူနဲစုလေးတစ်စုက (ဂရိ၊ အင်္ဂလိပ်၊ ဂျာမန်၊ ဒိန်းမတ်၊ အမေရိကန်နဲ့ အီတလီ) ပြုစုပျိုးထောင်ပြီး ရှင်သန်ကြီးထွားအောင်လုပ်ဆောင် ခဲ့လို့တာဖြစ်တယ်။ ဒီပုဂ္ဂိုလ်တွေဟာ တစ်ယောက်နဲ့ တစ်ယောက်မသိကြပေမယ့် တစ်ခေတ်ထဲလောက်မှာ အလုပ်လုပ်ခဲ့ကြတဲ့လူတွေများပာ     တယ်။ လွန်ခဲ့တဲ့ ၆၀၀ ဘီစီလောက်က အသုံးမကျလောက်တဲ့ အိုင်ဒီယာသေးသေးလေးဟာ ကမ္ဘာကြီး၇ဲ့မျက်နှာစာနဲ့ လူတွေရဲ့ စလေ့စရိုက်တွေကိုပာပြောင်းလဲစေတဲ့အထိ တကယ်ကိုကြီးထွားလာခဲ့ ပာတယ်။
    ဒီလိုမဖြစ်စလောက် အကောင်အထည်မမြင်ရတဲ့ အိုင်ဒီယာတွေရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကဒီမှာလာပာပြီ။သူတို့စဖြစ်ပြီဆိုတာနဲ့ဖျက်ဆီးလို့မရလောက်အောင်ပာပဲ။စစ်ပွဲတွေ၊ေ၇ာဂာကဒ်ဆိုးတွေ၊ ဖိနှိပ်ညင်းပန်းမှုတွေကြောင့် ဒီကောင်တွေ မြင်ကွင်းကနေ ခဏလောက်ပျောက်သွားနိုင်ပေမယ့်ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်မှာ ဒာမှမဟုတ် တခြားလူတစ်ယေက်ရဲ့ဦးနှောက်ထဲမှာအမြဲလိုလိုပြန်အသက်ဝင်လာပာတယ်၊ ရှင်သန်ကြီးထွားလာကြပာတယ်။ ပြီးတော့ ကျွန်တော် ခံစားကြည့်လို့မရပေမယ့် တချိန်ချိန်မှာတော့ တစ်စုံတစ်ယောက်က 'Schubert' မှာ ၇ှိခဲ့ဖူးတဲ့ စိတ်ခံစားချက်နဲ့ နီးနီးစပ်စပ်တူတဲ့ စိတ်အခြေအနေမျိုးဖြစ် လာပြီး မပြီးဆုံးလိုက်တဲ့ သံစုံတေးသွားလေးရဲ့နောက်ဆုံးအပိုဒ်ကို ချရေးသွားပာ လိမ့်မယ်။
    ကမ္ဘာကြီးရဲ့သမိုင်းမှာ လူထောင်ဂဏာန်းလောက်ကပဲ ဒီလိုအတွေးစကို ထွန်ယက်ပျိုးထောင် ခဲ့ကြသူတွေဖြစ်တယ်။ဒီလိုစဉ်းစားတွေးခော်တတ်တဲ့လူ၁၅၀၀လောက်သာမရှိခဲ့ရင်ကျွန်တော်တို့ ကျောက်ဂူတွေထဲမှာပဲ နေကောင်းနေကြအုံးမှာပာ။
     ဒီလိုလူမျိုးတွေ နဲနေခဲ့တာ တို့ဘာများတတ်နိုင်မှာလဲလို့ ပြောကောင်းပြောနေမိမှာပာ။ ဒီလိုလူ မျိုးတစ်ခာတစ်ခာ ပော်လာအောင်စောင့်နေရုံပော့။ဒီလိုတော့ဘယ်ဟုတ်အုံးမလဲ။တခြားလူတွေကိုပညာတတ်အောင်သင်ပေးလို့ရသလိုမျိုး တွေးခော်တတ်သူတွေဖြစ်လာအောင်ပြုစုပျိုးထောင်ပေးလို့ရပာတယ်။ဘယ်သူမှတယောတီးတာကိုမလေ့ကျင့်တော့ဘူးဆိုရင်ကြီးကျယ်တဲ့တယောပညာ၇ှင်တွေဘယ်ရှိလာပာတော့မလဲ။ လေ့ကျင့်ခြင်းအားဖြင့် တွေးတတ်သူတွေ ဖြစ်လာနိုင်ပာတယ်။
            နဂိုကတွေးတတ်ခဲ့တဲ့သူတွေလည်းသန်းပောင်းများစွာသောလူတွေနဲ့အတူပျင်းရိတဲ့စိတ်နဲ့ကျေ
နပ်တင်းတိမ်နေကြပာတယ်။ဒီလူတွေဟာလွယ်လွယ်တွေးတတ်ကြတဲ့သူတွေဖြစ်တယ်။သူတို့ကိုအိုင်ဒီယာတစ်ခုလောက် ချပြလိုက်ရင် မေးခွန်းလေးတွေ ပြန်မေးမယ့်အစားအလွယ်တကူပဲလက်ခံလိုက်တတ်ကြတယ်။ဒာဟာတကယ့်ကိုအန္တရာယ်ရှိပာတယ်။အထူးသဖြင့်လွဲမှားတဲ့အိုင်ဒီယာ ဖြစ်နေခဲ့မယ်ဆိုရင်ပော့။
 သန်းပောင်းများစွာတဲ့လူတွေဟာလွဲမှားတဲ့အိုင်ဒီယာကြီးနဲ့သိမ်းသွင်းခံထားရတဲ့အတွက်ကျွန်တော်တို့ဟာဆိုးရွားတဲ့စစ်ပွဲကြီးတွေကိုနွဲနေကြရတာပာ။ဒီလိုလွဲမှားတဲ့တိုက်ပွဲတွေအတွက်အသုံးပြုနေရတဲ့စွမ်းအားတွေကိုတနေ့နေ့မှာကျွန်တော်တို့ဟာမှန်ကန်ပြီးအကျိုး၇ှိတဲ့အိုင်ဒီယာတွအတွက်ပဲအသုံးချနိုင်ဖို့ကျွန်တော်မျှော်လင့်နေတုန်းပာပဲ။        

                                                                                                                     
Original: Radio talk By Charles F. Kettering (1959)

P.S :  ၁၉၅၉ လောက်ကဆိုတော့ computer, Internet, Mobile Phone & iProducts အကြောင်းတွေမပာဘူးပော့... Version ပြောင်းရေးရင်တော့ Steve Jobs ကြီးပာလိမ့်မယ်ထင်တယ်နော် :)